ရောဂါဖြစ်သူ သီးခြားခွဲထားခြင်း နှင့် ရောဂါစောင့်ကြည့်မှု ခွဲထားခြင်း တွက်ချက်မှု

This page is being reviewed for updates. The Washington State Department of Health has updated its guidance for what to do if you are sick with COVID-19 or were exposed to COVID-19. This page may have content that is inconsistent with the new guidance.

COVID-19 အတွက် ရောဂါဖြစ်သူ သီးခြားခွဲထားခြင်း နှင့် ရောဂါစောင့်ကြည့်မှု ခွဲထားခြင်း Washington State Department of Health (အင်္ဂလိပ်ဘာသာဖြင့်သာ)

သင့်အတွက် ရောဂါဖြစ်သူ သီးခြားခွဲထားခြင်း နှင့် ရောဂါစောင့်ကြည့်မှု ခွဲထားခြင်း ကြာချိန်ကို မည်သို့ တွက်ချက်နိုင်မည်နည်း ကို အောက်တွင် ကြည့်ပါ။ ရောဂါဖြစ်ပါက သီးခြားခွဲထားသည့်အချိန်အတွင်း ဘာလုပ်ရမလဲဟူသော ထပ်တိုးအချက်အလက်အတွက် ကျေးဇူးပြုပြီး COVID-19 ဖြစ်လျှင် ဘာလုပ်ရမလဲ(PDF) ကြည့်ပါ။ သင်သည် COVID-19 ရှိသူနှင့် နီးကပ်စွာ ထိတွေ့ဖူးသူဖြစ်ပါက ဘာလုပ်ရမည်နှင့်ပတ်သက်၍ ထပ်တိုး အချက်အလက်များအတွက် ကျေးဇူးပြု၍ COVID-19 ရှိသူနှင့် ထိတွေ့နိုင်ချေရှိလျှင် ဘာလုပ်ရမည်နည်း (PDF) ကို ကြည့်ပါ။

အကယ်၍ သင်သည် ကိုယ်ခံအားနည်းသူ သို့မဟုတ် COVID-19 ကြောင့် ပြင်းထန်စွာနာမကျန်းဖြစ်ပါက ဤတွက်ချက်မှုများသည် သင့်အခြေအနေနှင့်မသက်ဆိုင်နိုင်ပါ။ ထပ်တိုး အချက်အလက်များအတွက် ကျေးဇူးပြုပြီး COVID-19 ဖြစ်လျှင် ဘာလုပ်ရမလဲ(PDF) ကြည့်ပါ။

အကယ်၍ သင်သည် ဖြစ်နိုင်ချေများ အန္တရာယ်ရှိသော သတ်မှတ်နေရာတွင် နေပါက သို့မဟုတ် အလုပ်လုပ်ပါက ဤတွက်ချက်မှုများသည် သင့်အခြေအနေနှင့် သက်ဆိုင်မည်မဟုတ်ပါ။ အန္တရာယ်များသော နေရာများတွင်- ကျန်းမာရေး စောင့်ရှောက်မှု အဆောက်အအုံ၊ ပြုပြင်ရေး အဆောက်အအုံများ၊ ထိန်းသိမ်းရေး အဆောက်အအုံများ၊ အိုးမဲ့ အိမ်မဲ့နေသူ နေရာများများ၊ အိမ်အကူးအပြောင်း အိမ်ရာများ၊ (ဉပမာ - စီးပွားဖြစ် ပင်လယ်စာ သင်္ဘောများ၊ ကုန်တင် သင်္ဘော၊ အပျော်စီး သင်္ဘော)၊ ယာယီ အလုပ်သမား အိမ်ရာ သို့မဟုတ် လူစုလူဝေးများသော အလုပ်နေရာများ ၊ အလုပ်သဘောသဘာဝအရ ဝေးကွာနေ၍မရသောနေရာများ (ဥပမာ- ဂိုဒေါင်များ၊ စက်ရုံများ၊ အစားအစာထုပ်ပိုးခြင်းနှင့် အသားပြုပြင်ခြင်းဆိုင်ရာ စက်ရုံများ) သင် ရောဂါဖြစ်ပါက သီးခြားခွဲထားသည့်အချိန်အတွင်း အချက်အလက်များအတွက် COVID-19 ဖြစ်လျှင် ဘာလုပ်ရမလဲ(PDF) နှင့် ရောဂါစောင့်ကြည့်မှု ခွဲထားသည့် အချိန်အတွင်း အချက်အလက်များအတွက် COVID-19 ရှိသူနှင့် ထိတွေ့နိုင်ချေရှိလျှင် ဘာလုပ်ရမည်နည်း (PDF) ကို လေ့လာပါ။

ကျွန်ုပ်သည် COVID-19 ရောဂါ စမ်းသပ်တွေ့ရှိပြီး ရောဂါလက္ခဏာများ ရှိသည် သို့မဟုတ် ရှိခဲ့သည်- ကျွန်ုပ်၏ သီးခြားခွဲထားရန်အချိန် တွက်ချက်ပါ။

5 ရက်ကြာ သီးခြားခွဲထားခြင်း

5 ရက် သီးခြားခွဲထားသည် မှာ အောက်ပါအခြေအနေများအတွက် သင့်လျော်ပါသည် -

  • သင့်ရောဂါလက္ခဏာများ သက်သာလာပါက နှင့်
  • ဖျားနာခြင်း သို့မဟုတ် အဖျားလျော့စေသောဆေးကို အသုံးပြုပြီး 24 နာရီ ကျော်လွန်သွားပါက
  • သင်သည် အခြားလူများအနီးတွင် သင့်လျော်သောမျက်နှာဖုံးကို ဝတ်ဆင်နိုင်သည်။

အကယ်၍ ဤသတ်မှတ်ချက်များသည် သင်၏ သီးခြားခွဲထားနေသည့် နောက်ဆုံးရက်အပြည့်နှင့် ကိုက်ညီပါက-
သင်၏ သီးခြားခွဲထားနေမှုသည် တွင် ကုန်ဆုံးမည်နေ့မှာ

အခြားလူများအနီးတွင် နောက်ထပ် 5 ရက် ( နေ့အထိ) နှာခေါင်းစည်းတပ်ရန် ရမည်ဖြစ်ပြီး နှာခေါင်းစည်းမတပ်နိုင်သည့် လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။ သင်သည် အထိ ရောဂါဖြစ်နိုင်ခြေ အန္တရာယ်ရှိနိုင်ချေ များသော လူများအနီးတွင် ရှိနေခြင်းကို ရှောင်ကြဉ်သင့်သည်။ ခရီးသွားအချက်အလက်များအတွက် ခရီးသွားခြင်း | CDC (အင်္ဂလိပ်ဘာသာဖြင့်သာ)ကိုကြည့်ပါ။

အကယ်၍ သင့်တွင် အန်တီဂျင်စစ်ဆေးမှုကို ရယူနိုင်ပါက၊ သီးခြားခွဲနေထိုင်ခြင်း၏ 5 ရက်မြောက်နေ့တွင် စမ်းသပ်မှုပြုလုပ်ခြင်းဖြင့် အခြားသူများကို ကူးစက်နိုင်ခြေကို ပိုမိုလျှော့ချနိုင်ပါသည်။ သင့်စမ်းသပ်မှုမှာ ရောဂါမရှိတော့သည့် လက္ခဏာဖြစ်နေပါက သင်သည် သီးခြားခွဲနေထိုင်ခြင်းကို ရက်ပေါင်း 5 ရက်ပြီးချိန်တွင် အဆုံးသတ်နိုင်သော်လည်း အခြားလူများအနီးတွင် နောက်ထပ် 5 ရက်အထိ () အထိ မျက်နှာဖုံးတပ်ပါ။ သင်၏စစ်ဆေးမှုသည် ရောဂါဆက်ရှိနေပါက၊ သင်သည် အထိ ဆက်လက် သီးခြားနေသင့်သည်။

10 ရက်ကြာ သီးခြားခွဲထားခြင်း

အထက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် မကိုက်ညီပါက 10 ရက်ကြာ သီးခြားခွဲထားသင့်ပါသည်။

အကယ်၍ သင်သည် 10 ရက် သီးခြားခွဲနေပါက၊ သင်၏ အပြည့်အဝ သီးခြားခွဲထားရန် နောက်ဆုံးနေ့မှာ-
သင်၏ သီးခြားခွဲထားနေမှုသည် တွင် ကုန်ဆုံးမည်နေ့မှာ

တွင် သင့်ရောဂါလက္ခဏာများ မကောင်းမွန်လာပါက သို့မဟုတ် အဖျားဆက်လက်ရှိနေပါက သင်၏ရောဂါလက္ခဏာများကောင်းမွန်လာပြီး အဖျားလျော့ဆေးများ မသုံးဘဲ ၂၄ နာရီကြာ အဖျားမရှိသည့် အချိန်အထိစောင့်ပြီး သီးခြားခွဲနေခြင်းကို အဆုံးသတ်ရန် စောင့်ပါ။

ကျွန်ုပ်သည် COVID-19 ရောဂါ စမ်းသပ်တွေ့ရှိသော်လည်း ရောဂါလက္ခဏာများ မရှိပါ - ကျွန်ုပ်၏ သီးခြားခွဲထားရန်အချိန် တွက်ချက်ပါ။

5 ရက်ကြာ သီးခြားခွဲထားခြင်း

5 ရက် သီးခြားခွဲထားသည် မှာ အောက်ပါအခြေအနေများအတွက် သင့်လျော်ပါသည် -

  • သင်သည် အခြားလူများအနီးတွင် သင့်လျော်သောမျက်နှာဖုံးကို ဝတ်ဆင်နိုင်သည်။

အကယ်၍ သင့်တွင် မည်သည့်ရောဂါလက္ခဏာမှ မခံစားဘဲ အခြားလူများအနီးတွင် သင့်လျော်သောမျက်နှာဖုံးကို ၀တ်ဆင်နိုင်ပါက၊ သင်၏သီးခြားခွဲထားနေမှု နောက်ဆုံးနေ့သည်-
သင်၏ သီးခြားခွဲထားနေမှုသည် တွင် ကုန်ဆုံးမည်နေ့မှာ

အခြားလူများအနီးတွင် နောက်ထပ် 5 ရက် ( နေ့အထိ) နှာခေါင်းစည်းတပ်ရန် ရမည်ဖြစ်ပြီး နှာခေါင်းစည်းမတပ်နိုင်သည့် လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။ သင်သည် အထိ ရောဂါဖြစ်နိုင်ခြေ အန္တရာယ်ရှိနိုင်ချေ များသော လူများအနီးတွင် ရှိနေခြင်းကို ရှောင်ကြဉ်သင့်သည်။ ခရီးသွားအချက်အလက်များအတွက် ခရီးသွားခြင်း | CDC (အင်္ဂလိပ်ဘာသာဖြင့်သာ)ကိုကြည့်ပါ။

အကယ်၍ သင့်တွင် အန်တီဂျင်စစ်ဆေးမှုကို ရယူနိုင်ပါက၊ သီးခြားခွဲနေထိုင်ခြင်း၏ 5 ရက်မြောက်နေ့တွင် စမ်းသပ်မှုပြုလုပ်ခြင်းဖြင့် အခြားသူများကို ကူးစက်နိုင်ခြေကို ပိုမိုလျှော့ချနိုင်ပါသည်။ သင့်စမ်းသပ်မှုမှာ ရောဂါမရှိတော့သည့် လက္ခဏာဖြစ်နေပါက သင်သည် သီးခြားခွဲနေထိုင်ခြင်းကို ရက်ပေါင်း 5 ရက်ပြီးချိန်တွင် အဆုံးသတ်နိုင်သော်လည်း အခြားလူများအနီးတွင် နောက်ထပ် 5 ရက်အထိ () အထိ မျက်နှာဖုံးတပ်ပါ။ သင်၏စစ်ဆေးမှုသည် ရောဂါဆက်ရှိနေပါက၊ သင်သည် အထိ ဆက်လက် သီးခြားနေသင့်သည်။

10 ရက်ကြာ သီးခြားခွဲထားခြင်း

အထက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် မကိုက်ညီပါက 10 ရက်ကြာ သီးခြားခွဲထားသင့်ပါသည်။

အကယ်၍ သင်သည် 10 ရက် သီးခြားခွဲနေပါက၊ သင်၏ အပြည့်အဝ သီးခြားခွဲထားရန် နောက်ဆုံးနေ့မှာ-
သင်၏ သီးခြားခွဲထားနေမှုသည် တွင် ကုန်ဆုံးမည်နေ့မှာ

ကျွန်ုပ်သည် COVID-19 နှင့် ထိတွေ့ဖူးသူ (အနီးကပ် ထိတွေ့သူအဖြစ် သတ်မှတ်ခံထားရသည်) - ကျွန်ုပ်၏ ရောဂါစောင့်ကြည့်မှု ခွဲထားသည့်အချိန် တွက်ချက်ပါ။

သင်သည် COVID-19 ကူးစက်ခံထားရသူ တစ်ဦးနှင့် နီးကပ်စွာ ထိတွေ့မှုရှိခဲ့သော်လည်း မည်သည့်ရောဂါလက္ခဏာမှ မတွေ့ရပါ။

သင်သည် COVID-19 ကာကွယ်ဆေးများနှင့်ပတ်သတ်ပြီး နောက်ဆုံးရသတင်းများ သိရှိနိုင်ရန် Centers for Disease Control(CDC, ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာများ)၏ လမ်းညွှန်ချက် (အင်္ဂလိပ်ဘာသာဖြင့်သာ) ကို စစ်ဆေးပါ။ အကယ်၍ သင်သည် COVID-19 ကာကွယ်ဆေးများပေါ်တွင် နောက်ဆုံးပေါ်အထိ မထိုးရသေးပါက အိမ်တွင်နေပြီး ရောဂါစောင့်ကြည့်ရန် ခွဲထားခြင်း ပြုလုပ်သင့်သည်။

5 ရက်ကြာ ရောဂါစောင့်ကြည့်ရန် ခွဲထားခြင်း

5 ရက်ကြာ ရောဂါစောင့်ကြည့်ရန် ခွဲထားခြင်းမှာ အောက်ပါ အခြေအနေတို့ဖြင့် ကိုက်ညီပါသည်။

  • သင်သည် COVID-19 ကာကွယ်ဆေးများကို နောက်ဆုံးပေါ်အထိ မထိုး ထားလျှင် နှင့်
  • သင်သည် အခြားလူများအနီးတွင် သင့်လျော်သောမျက်နှာဖုံးကို ဝတ်ဆင်နိုင်သည်။

သင်သည် အိမ်တွင်နေပြီး အနည်းဆုံး 5 ရက်ကြာ ရောဂါစောင့်ကြည့်ရန် ခွဲထားခြင်း လုပ်ထားသင့်သည်။ (ဤအတောအတွင်း သင်သည် ရောဂါရှိကြောင်း မပြနေသော်လည်း)။ ရောဂါစောင့်ကြည့်ရန် ခွဲထားရန် ရက်အပြည့် နောက်ဆုံးရက်မှာ-
သင်၏ ရောဂါစောင့်ကြည့်ရန် ခွဲထားခြင်းပြီးဆုံးသည့်နေ့

အခြားလူများအနီးတွင်ရှိသည့်အခါ သင့်တော်သောမျက်နှာဖုံး (အင်္ဂလိပ်ဘာသာဖြင့်သာ) ၀တ်ဆင်ပါ၊ မျက်နှာဖုံးမဝတ်နိုင်သည့် လှုပ်ရှားမှုများကို ရှောင်ကြဉ်ကာ ပြင်းထန်သောရောဂါဖြစ်နိုင်ခြေမြင့်မားသူများနှင့် နောက်ထပ် 5 ရက်ကြာအောင် အနီးအနားတွင် ရှိနေခြင်းမှ ရှောင်ကြဉ်ပါ။ )။ ခရီးသွားအချက်အလက်များအတွက် ခရီးသွားခြင်း | CDC (အင်္ဂလိပ်ဘာသာဖြင့်သာ) ကြည့်ပါ။

သင်တွင် ရောဂါလက္ခဏာမပြလျှင်ပင် စစ်ဆေးမှု ခံယူသင့်ပါသည်။ သင်သည် COVID-19 ရှိသူနှင့် နောက်ဆုံး အနီးကပ် ထိတွေ့ပြီးနောက် အနည်းဆုံး 5 ရက် () တွင် စမ်းသပ်မှု ရယူပါ။ သင်၏စစ်ဆေးမှုတွင် ရောဂါဖြစ်ကြောင်းတွေ့ရှိပါက၊ သင်သည် အိမ်တွင်နေပြီး အခြားသူများနှင့် သီးခြားခွဲနေသင့်ပါသည် (ခွဲနေခြင်းနှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များအတွက်၊ ကျေးဇူးပြု၍ COVID-19 အတွက် ရောဂါပိုးတွေ့ရှိပါက ဘာလုပ်ရမည်နည်း (PDF)) ကိုကြည့်ပါ။

10 ရက်ကြာ ရောဂါစောင့်ကြည့်ရန် ခွဲထားခြင်း

10 ရက်ကြာ ရောဂါစောင့်ကြည့်ရန် ခွဲထားခြင်းမှာ အောက်ပါ အခြေအနေတို့ဖြင့် ကိုက်ညီပါသည်။

  • သင်သည် COVID-19 ကာကွယ်ဆေးများကို နောက်ဆုံးပေါ်အထိ မထိုး ထားလျှင် နှင့်
  • သင်သည် အခြားလူများအနီးတွင် သင့်လျော်သောမျက်နှာဖုံးကို ဝတ်ဆင် မရနိုင်ခြင်း

သင်သည် အိမ်တွင်နေပြီး အနည်းဆုံး 10 ရက်ကြာ ရောဂါစောင့်ကြည့်ရန် ခွဲထားခြင်း လုပ်ထားသင့်သည်။ (ဤအတောအတွင်း သင်သည် ရောဂါရှိကြောင်း မပြနေသော်လည်း)။ ရောဂါစောင့်ကြည့်ရန် ခွဲထားရန် ရက်အပြည့် နောက်ဆုံးရက်မှာ-
သင်၏ ရောဂါစောင့်ကြည့်ရန် ခွဲထားခြင်းပြီးဆုံးသည့်နေ့

ဤရက်စွဲတွင် သင်သည် သင်၏ပုံမှန်လုပ်ငန်းများကို ပြန်လည်စတင်နိုင်သော်လည်း သင်၏အန္တရာယ်ကို လျှော့ချရန်အတွက် လုပ်ဆောင်ချက်အဆင့်များကို ဆက်လက်လုပ်ဆောင်သင့်သည် (ဥပမာ၊ COVID-19 ကာကွယ်ဆေးတွင် နောက်ဆုံးပေါ် (အင်္ဂလိပ်ဘာသာဖြင့်သာ) အထိ သိရှိထားရန်၊ အကြံပြုချက်များနှင့်/သို့မဟုတ် လိုအပ်ချက်များနှင့်အညီ နှာခေါင်းစည်းဝတ်ဆင်ခြင်း၊ လေဝင်လေထွက်မကောင်းသောနေရာများ ရှောင်ကြဉ်ပါ၊ လက်ကို မကြာခဏဆေးကြောပါ၊ ပိုမိုသိရှိရန်အတွက် သင့်ကိုယ်သင် နှင့် အခြားသူများကို ကာကွယ်နည်း | CDC (အင်္ဂလိပ်ဘာသာဖြင့်သာ) ကို ကြည့်ပါ။

ရောဂါစောင့်ကြည့်ရန် ခွဲထားရန်မလိုခြင်း

အကယ်၍ သင်သည် COVID-19 ကာကွယ်ဆေးများကို နောက်ဆုံးပေါ် (အင်္ဂလိပ်ဘာသာဖြင့်သာ) အထိ ထိုးထားပါက၊ သင်သည် ရောဂါလက္ခဏာမပြပါက အိမ်တွင်နေရန် မလိုအပ်ပါ။ သင်သည် နေ့အထိရောဂါလက္ခဏာများ မပေါ်သေးသည့်တိုင် အခြားသူများ၏ အနီးအနားတွင် သင့်လျှော်သော မျက်နှာဖုံးကို ဝတ်ဆင်ထားသင့်ပါသည်။ သင်သည် COVID-19 ရှိသူနှင့် နောက်ဆုံး အနီးကပ် ထိတွေ့ပြီးနောက် အနည်းဆုံး 5 ရက်( နေ့တွင် သို့မဟုတ် ထိုနေ့ပြီးနောက်နေ့). တွင် စမ်းသပ်မှု ရယူပါ။

အကယ်၍ သင်သည် လွန်ခဲ့သည့် ရက်ပေါင်း 90 အတွင်း COVID-19 ရှိခဲ့ပါက (ဗိုင်းရပ်စ်စမ်းသပ်မှု (အင်္ဂလိပ်ဘာသာဖြင့်သာ)), you do not need to stay at home unless you develop symptoms. ကို အသုံးပြု၍ ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပါက)၊ သင်သည် ရောဂါလက္ခဏာများ မပေါ်သေးလျှင် အိမ်တွင်နေရန် မလိုအပ်ပါ။ သင်သည် အထိ အခြားသူများအနီးအနားတွင် သင့်လျော်သောမျက်နှာဖုံးကို ၀တ်ဆင်ပြီး အာတီဂျင်စစ်ဆေးခြင်း (PCR စမ်းသပ်ခြင်းမဟုတ်) ကို COVID-19 ရှိသူနှင့် ထိတွေ့ပြီး အနည်းဆုံး 5 ရက်ကြာပြီးမှ စမ်းသပ်မှု ပြုလုပ်သင့်ပါသည်။ ( နေ့တွင် သို့မဟုတ် ထိုနေ့နောက်ပိုင်း)။

အကယ်၍ သင်သည် COVID-19 ကူးစက်ခံထားရသူ တစ်ဦးနှင့် အနီးကပ် ထိတွေ့မိပြီး ရောဂါလက္ခဏာများ ရှိနေပါက၊ ကျေးဇူးပြု၍ COVID-19 ရှိသူနှင့် ထိတွေ့နိုင်ချေ ရှိလျှင် ဘာလုပ်ရမည်နည်း (PDF) ကိုကြည့်ပါ။