လူငယ်များကို ကာကွယ်ဆေးထိုးခြင်း

အကြောင်းအရာ နောက်ဆုံးမွမ်းမံမှု ဒီဇင်ဘာ 9 ရက် 2022

Decorative

ကာကွယ်ဆေး ဘေးကင်းလုံခြုံမှု နှင့် ထိရောက်မှု

သင့်ကလေးကို ကိုဗစ်-19 ကာကွယ်ဆေးထိုးပေးခြင်းအားဖြင့်-

  • ၎င်းတို့အား ကိုဗစ်-19 ပိုးကူးစက်ခံရခြင်းဘေးကို လျော့ချပေးနိုင်ပါသည်
  • ကိုဗစ်-19 ပိုးကူးစက်ခံရလျှင် အပြင်းအထန်နေထိုင်မကောင်းဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပါသည်
  • ကိုဗစ်-19 ကြောင့် ဆေးရုံတက်ရန် လိုအပ်နိုင်ခြေ ကို လျော့ချပေးနိုင်ပြီး သေဆုံးနိုင်ခြေကိုလည်း လျော့ချပေးနိုင်ပါသည်
  • ကိုဗစ်-19 မျိုးကွဲကူးစက်ခံရခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်
  • ကိုဗစ်-19 ကူးစက်ခံရခြင်းမှ ကာကွယ်ထားသောသူများ အသိုင်းအဝိုင်းအတွင်း ပိုများလာစေပါသည် - ယင်းသို့အားဖြင့် ရောဂါ ပျံ့နှံ့ရန် ပိုခက်လာစေပါသည်
  • အသိုင်းအဝိုင်းအတွင်း ကိုဗစ်-19 ကူးစက်ခြင်းကို ကူညီလျော့ချပေးပြီး လူချင်းတွေ့လေ့လာမှု နှင့် လှုပ်ရှားမှုများ အနှောက်အယှက်ဖြစ်ခြင်းကို လျော့ချပေးနိုင်ပါသည်
Decorative

ကာကွယ်ဆေး ခွင့်ပြုချက်

Pfizer ကာကွယ်ဆေးသည် အသက် 6 လမှ -11 နှစ်ရှိ ကလေးများအတွက် Emergency Use Authorization (EUA, အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်) ရရှိပြီးဖြစ်ကာ 12+ အတွက် အပြည့်အဝ ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါသည်။ Moderna ကာကွယ်ဆေးကို Emergency Use Authorization (EUA, အရေးပေါ်အသုံးပြုရန်ခွင့်ပြုချက်) အရ အသက် 6 လမှ အသက် 17 နှစ်အရွယ်အထိ ကလေးများအတွက် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ Novavax ကာကွယ်ဆေးကို Emergency Use Authorization (EUA, အရေးပေါ်အသုံးပြုမှုခွင့်ပြုချက်) အရ အသက် 12+ အရွယ်များအတွက် ရနိုင်ပါသည်။

EUA က Food and Drug Administration (FDA, အစားအသောက် နှင့် ဆေးဝါး စီမံခန့်ခွဲမှု) အား လိုင်စင်အပြည့်မရရှိမီ အရေးပေါ်အခြေအနေတစ်ခုအတောအတွင်း ကုန်ပစ္စည်းတစ်မျိုးကို ပြလုပ်ရန် ခွင့်ပြုနိုင်စေပါသည်။ အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက် ၏ ရည်ရွယ်ချက်မှာ ဒေတာများကို ကာလရှည်ကြာ ခွဲခြားစိတ်ဖြာမှု မတိုင်မီ အသက်ကယ် ကာကွယ်ဆေးများကို ပြည်သူများ ရရှိစေရန် ဖြစ်ပါသည်။ EUA အတွက်လည်း ဒေတာများကို တိကျသေချာစွာ သုံးသပ်ရန် လိုအပ်ပါသည် - အချိန်ကာလ အနည်းငယ်တိုသည်သာ ကွာပါသည်။

FDA က ခွင့်ပြုသည့် မည်သည့် EUA မဆို နောင်တွင် Centers for Disease Control and Prevention (CDC, ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေး စင်တာများ) ၏ Advisory Committee on Immunization Practices (ကာကွယ်ဆေးထိုးခြင်းအတွက် အကြံပေး ကော်မတီ) (အင်္ဂလိပ်လိုသာ) နှင့် Western States Scientific Safety Review Workgrou (အနောက်ပိုင်းပြည်နယ်များ သိပ္ပံနည်းကျ ဘေးကင်းလုံခြုံမှု သုံးသပ်ရေး အလုပ်အုပ်စု) ၏ ခွင့်ပြုချက်ကို ထပ်မံရယူရပါသည်။

မိဘ နှင့် အုပ်ထိန်းသူများ မေးလေ့မေးထရှိသော မေးခွန်းများ

ကျွန်ုပ်၏ ကလေး ကိုဗစ်-19 ကူးစက်ခံရမှာ ဘာလို့စိတ်ပူသင့်သလဲ။

ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ အမေရိကန်ပြည်ထောင်စုတွင် ကလေး 15 သန်းကျော်သည် COVID-19 ကူးစက်ခံထားရသည်။ COVID-19 မျိုးကွဲအသစ်များသည် မူလမျိုးကွဲများထက် လူငယ်များအတွက် ပိုမိုအန္တရာယ်ရှိပြီး ကူးစက်နိုင်ကာ လူငယ်ကြားတွင် COVID-19 ဆေးရုံတက်ရမှု အမြင့်မားဆုံးဖြစ်စေခဲ့သည်။

ကိုဗစ်-19 သည် လူကြီးများထက် ကလေးများတွင် ပိုပျော့သော်လည်း ကလေးများသည်လည်း အလွန်အမင်းနေမကောင်းဖြစ်နိုင်သေးပြီး ကိုယ်ခံအားနည်းသော သို့မဟုတ် အခြားနည်းကြောင့် ထိခိုက်လွယ်သော မိတ်ဆွေများ နှင့် မိသားစုများ ထံသို့လည်း ပျံ့နှံ့စေနိုင်ပါသည်။

ကိုဗစ်-19 ကူးစက်ခံရသော ကလေးများသည် “ရှည်ကြာသော ကိုဗစ်-19” သို့မဟုတ် ဉီးဏှောက်ထုံထိုင်းခြင်း၊ မောပန်းနွမ်းလျခြင်း၊ ခေါင်းမူးခြင်း နှင့် အသက်ရှူကြပ်ခြင်းများ ပါဝင်လေ့ရှိသော တောက်လျောက်ဖြစ်သည့် လက္ခဏာများ ဖြစ်နိုင်ပါသည်။ ကာကွယ်ဆေးထိုးခြင်းသည် ကလေးများကို ကျန်းမာစေရန် နှင့် ဘေးကင်းလုံခြုံစေရန် အကောင်းဆုံး နည်းလမ်း ဖြစ်ပါသည်။

ကိုဗစ်-19 ကူးစက်ခံရသော ကလေးများ သည် စနစ်ပေါင်းစုံ ရောင်ရမ်းသည့် ရောဂါလက္ခဏာစု (အမ်အိုင်အက်စ်-စီ) (အင်္ဂလိပ်လိုသာ) ဖြစ်နိုင်ခြေပိုများပါသည်။ (အင်္ဂလိပ်လိုသာ) အမ်အိုင်အက်စ်-စီ သည် နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ ဉီးဏှောက်၊ အရေပြား၊ မျက်စိ သို့မဟုတ် အစာအိမ်အူလမ်းကြောင်းအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းပေါင်းစုံ ရောင်ရမ်းလာသော အခြေအနေတစ်ခု ဖြစ်ပါသည်။ အဘယ့်ကြောင့် အမ်အိုင်အက်စ်-စီ ဖြစ်ရသလဲ မသိသေးသော်လည်း အမ်အိုင်အက်စ်-စီ ဖြစ်သော ကလေးအများစုတွင် ကိုဗစ်-19 ရှိနေသည် သို့မဟုတ် ကိုဗစ်-19 ရှိနေသောသူတစ်ယောက်အနားတွင် ရှိနေပါသည်။ အမ်အိုင်အက်စ်-စီ သည် အလွန်ပြင်းထန်းပြီး သေဆုံးနိုင်သော်လည်း ဤအခြေအနေရှိသည်ဟု ဖော်ထုတ်ခံရသော ကလေးအများစုမှာ ကျန်းမာရေးစောင့်ရှောက်မှုဖြင့် တိုးတက်လာလေ့ရှိပါသည်။

ကာကွယ်ဆေးသည် မူကြို-12 တန်း တက်ရန်အတွက် လိုအပ်ပါသလား။

Washington State Board of Health (ဝါရှင်တန် ပြည်နယ် ကျန်းမာရေး ဘုတ်အဖွဲ့) သည် Department of Health (ကျန်းမာရေးဌာန) မဟုတ်ဘဲ Revised Code of Washigton (RCW, ဝါရှင်တန်၏ ပြန်ပြင်ဆင်ထားသော ကုဒ်ဥပဒေ 28A.210.140) အရ K-12 ကျောင်းများတွင် ကလေးများအတွက် ကာကွယ်ဆေးထိုးရန် လိုအပ်ချက်များ ဖန်တီးပိုင်ခွင့် ရှိသည်။ ယခုအချိန်တွင် COVID-19 ကာကွယ်ဆေးအတွက် ကျောင်း သို့မဟုတ် ကလေးထိန်း လိုအပ်ချက် မရှိပါ။

ကာကွယ်ဆေးအတွက် ကျွန်ုပ် ငွေပေးချေရမလား။

မလိုပါ။ သင့်ကလေးအား ကာကွယ်ဆေးကို အခမဲ့ ထိုးပေးမည် ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရသည် ကာကွယ်ဆေး အတွက် ကုန်ကျစရိတ်အပြည့်ကို ထုတ်ပေးပါသည်။

သင့်တွင် အစိုးရ သို့မဟုတ် ပုဂ္ဂလိက ကျန်းမာရေး အာမခံရှိလျှင် သင့်ကာကွယ်ဆေးထိုးပေးသူသည် ကာကွယ်ဆေးထိုးခကို သူတို့ထံမှ ပြန်လည်တောင်းယူရန် ဘေလ်ပေးပို့ပါလိမ့်မည်။ သင့်တွင် အာမခံမရှိလျှင် ပြည်ထောင်စုအစိုးရသည် သင့်ကာကွယ်ဆေးကိုထိုးပေးသည့် သူကို ငွေပေးချေသည့် အစီအစဉ်တစ်ခုကို ကမ်းလှမ်းပါလိမ့်မည်။

ကိုဗစ်-19 ကာကွယ်ဆေးထိုးခံအတွက် သင့်အိတ်ထဲမှ စိုက်ထုတ်ရမည့် ကုန်ကျစရိတ် မရှိသင့်သလို သင့်စောင့်ရှောက်သူထံမှ ဘေလ်တစ်စောင် လက်ခံရရှိစရာလည်း မရှိပါ။ ယင်းသည် ပုဂ္ဂလိက အာမခံရှိသူများ၊ Apple Health (Medicaid)၊ Medicare သို့မဟုတ် အာမခံမထားသူများအားလုံးပါ၀င်ပါသည်။

ကလေးများတွင် ကိုဗစ်-19 ကာကွယ်ဆေး၏ ဘေးထွက်အကျိုးများမှာ ဘာတွေလဲ။

ကလေးများ ကိုဗစ်-19 ကူးစက်ခံရလျှင်ဖြစ်သော အန္တရာယ်မှာ ကာကွယ်ဆေး၏ ဘေးထွက်အကျိုးများထက် အလွန်များပါသည်။

အခြားသော ကာကွယ်ဆေးများကဲ့သို့ပင် အဖြစ်အများဆုံး ဘေးထွက်အကျိုးမှာ လက်မောင်းနာခြင်း၊ မောပန်းနွမ်းလျခြင်း၊ ခေါင်းကိုက်ခြင်း နှင့် ကြွက်သားများနာကျင်ခြင်း တို့ ဖြစ်ပါသည်။ ယင်းကလ္ခဏာများသည် အလွန်ပျော့ပါသည်။

လူနာနှင့်စမ်းသပ်မှုများ (အင်္ဂလိပ်လိုသာ) တွင် ပထမအကြိမ်ဆေးထိုးချိန်ထက်စာလျှင် ဒုတိယအကြိမ်ဆေးထိုးပြီးချိန်တွင် ပိုများသောကလေးများက ဘေးထွက်အကျိုးများကို အစီရင်ခံရပါသည်။ ဘေးထွက်အကျိုးများသည် သာမန်အားဖြင့် အပျော့စားမှ အတန်အတင့်ထိရှိပြီး ကာကွယ်ဆေးထိုးပြီးနောက် နှစ်ရက်အတွင်း ဖြစ်လေ့ရှိကာ တစ်ရက် သို့မဟုတ် နှစ်ရက်အကြာတွင် အများစုမှာ ပျောက်သွားပါသည်။

mRNA ကာကွယ်ဆေးထဲတွင် ဘာတွေပါသလဲ။

mRNA ကာကွယ်ဆေးထဲမှ ပါဝင်ပစ္စည်းများမှာ ကာကွယ်ဆေးတစ်ခုအတွက် စံပါဝင်မှုများအတိုင်းနီးနီး ဖြစ်ပါသည်။ ကာကွယ်ဆေးတွင် အာနိသင်ရှိ ပစ္စည်း mRNA သည် အဆီ၊ ဆား နှင့် သကြားကဲ့သို့သော အာနိသင်ရှိ ပစ္စည်းကို အကာအကွယ်ပေးရန်၊ ခန္ဓာကိုယ်ထဲပိုမိုကောင်းမွန်စွာ အလုပ်လုပ်ရန် နှင့် ကာကွယ်ဆေးကို သိုလှောင်ချိန် နှင့် သယ်ယူပို့ဆောင်ချိန်အတွင်း ကာကွယ်ရန် ပစ္စည်းများပါဝင်ပါသည်။

mRNA ကာကွယ်ဆေးတွင် လူသားဆဲလ် (သန္ဓေသားဆဲလ်အပါအဝင်)များ၊ COVID-19 ဗိုင်းရပ်စ်၊ ရာဘာ၊ ကြာရှည်ခံဆေးများ သို့မဟုတ် ဝက်သားထွက်ပစ္စည်း သို့မဟုတ် ဂျယ်လတင်ကဲ့သို့သော တိရစ္ဆာန်ထွက်ပစ္စည်းများ မ ပါဝင်ပါ။ ကာကွယ်ဆေးများကို ဥများထဲတွင် ကြီးပြင်းစေခြင်းမဟုတ်သလို မည်သည့်ဥထွက်ပစ္စည်းမှလဲ မပါဝင်ပါ။

ပါဝင်ပစ္စည်းများအကြောင်းကို ဤ Children's Hospital of Philadelphia (ဖိလစ်ဒယ်လ်ဖီးရား ကလေးဆေးရုံကြီး) ၏ ဝက်ဘ်စာမျက်နှာပေါ်မှ မေးခွန်းအဖြေ (အင်္ဂလိပ်လိုသာ) ကို ကြည့်ပါ။

ကျွန်ုပ်ကလေးသည် မည်သည့် တံဆိပ် ကာကွယ်ဆေးကို ထိုးနှံနိုင်သလဲ။

လောလောဆယ်တွင် COVID-19 ကာကွယ်ဆေး အမှတ်တံဆိပ်များ ဖြစ်သည့်Pfizer-BioNTech (Pfizer) နှင့် Moderna ကို အသက် 6 နှစ်နှင့်အထက် ကလေးများအတွက် ခွင့်ပြုထားပါသည်။ Novavax ကာကွယ်ဆေးကို Emergency Use Authorization (EUA, အရေးပေါ်အသုံးပြုမှုခွင့်ပြုချက်) အရ အသက် 12+ အရွယ်များအတွက် ရနိုင်ပါသည်။

ကျွန်ုပ်၏ ကလေးသည် အားဖြည့်ဆေး လိုအပ်ပါသလား။

ဟုတ်ပါသည်။ အသက် 6 လနှင့်အထက် ရှိသူများအတွက် နောက်ဆုံးသတ်မှတ်ချက်နှင့် အညီဖြစ်စေရန် နောက်ဆုံးအကြိမ် ဆေးထိုးပြီးနောက် 2 လအကြာတွင် ပြင်ဆင်ထုတ်လုပ်ထားသည့် နှစ်မျိုးစပ် mRNA အားဖြည့်ကာကွယ်ဆေးကို တိုက်တွန်းထားပါသည်။ အသက် 6 လမှ 4 နှစ်အထိ ကလေးများအတွက် Pfizer COVID-19 ကာကွယ်တွင် ယခုအခါ တစ်မျိုးတည်းပါ Pfizer ဆေးနှစ်ကြိမ်စာနှင့် နှစ်မျိုးစပ် Pfizer ဆေးတစ်ကြိမ်စာ ပါဝင်မည် ဖြစ်ပါသည်။ 3 ကြိမ်ထိုးရမည့် Pfizer အဓိကဆေးအတွဲကို မထိုးရသေးသော သို့မဟုတ် ၎င်းတို့၏ အဓိကစီးရီးတွင် တတိယအကြိမ်ဆေးကို မထိုးရသေးသော အသက် 6 လမှ 4 နှစ်အရွယ်‌ ကလေးများသည် ယခုအခါ ပြင်ဆင်ထုတ်လုပ်ထားသည့် Pfizer စီးရီးကို ရရှိမည်ဖြစ်ပါသည်။ 3 ကြိမ်ထိုးရမည့် Pfizer အဓိကဆေးအတွဲကို ထိုးပြီးသည့် အသက် 6 လမှ 4 နှစ်အရွယ် ကလေးများသည် လက်ရှိအချိန်တွင် နောက်ထပ်ထိုးစရာများ သို့မဟုတ် အားဖြည့်ကာကွယ်ဆေးများကို ထိုးနိုင်မည် မဟုတ်ပါ။

ကျွန်ုပ်၏ ကလေးသည် ဆေးဘယ်နှစ်ကြိမ် လိုအပ်ပါသလဲ။

ကလေးများအားလုံးသည် အနည်းဆုံး ကာကွယ်ဆေး နှစ်ကြိမ်ထိုးရန် အကြံပြုထားသည်။ နောက်ဆက်တွဲ အားဖြည့်ကာကွယ်ဆေးများကို ထိုးရန် ထည့်သွင်းစဉ်းစားသင့်ကြောင်းကိုလည်းအကြံပြုထားပါသည်။

  • အသက် 6 လမှ 4 နှစ်အရွယ်အထိ ကလေးများသည် Pfizer အခြေခံထိုးဆေးတွဲ 3 လုံး သို့မဟုတ် Moderna အခြေခံထိုးဆေးတွဲ 2 လုံးကို ထိုးနှံနိုင်ပါသည်။
  • အသက် 5 နှစ်မှ 11 နှစ်အရွယ် ကလေးများက အခြေခံထိုးဆေးတွဲ 2 လုံးကို ထိုးနှံနိုင်ပါသည်
  • အသက် 12 နှစ်မှ 17 နှစ်အရွယ် ကလေးများက အခြေခံထိုးဆေးတွဲ 2 လုံးကို ထိုးနှံနိုင်ပါသည်

2 ကြိမ်စာ ထိုးဆေးတွဲများကို ထိုးနှံထားပြီး အတန်အသင့် သို့မဟုတ် ပြင်းထန်စွာ ကိုယ်ခံအားကျဆင်းနေသည့် ကလေးများသည် ၎င်းတို့၏ ဒုတိယအကြိမ် ထိုးဆေး ထိုးပြီးနောက် 28 ရက်တွင် အပိုဆောင်း အခြေခံထိုးဆေးကို ထိုးနှံသင့်ပြီး အသက် 6 လ နှစ်အထက် အရွယ် ကလေးအားလုံးက အားဖြည့်ကာကွယ်ဆေး ထိုးနှံသင့်ပါသည်။

ကျေးဇူးပြု၍ ကိုယ်ခံအား ကျဆင်းနေသော လူများအတွက် Centers for Disease Control and Prevention (CDC, ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနများ) လမ်းညွှန်ချက်များ သို့မဟုတ် DOH ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုပါ။

ကာကွယ်ဆေးနှင့်ပတ်သက်ပြီး မေးခွန်းများရှိလျှင် မည်သူနှင့် ပြောဆိုရမည်နည်း။

သင့်ကလေး၏ ကလေးအထူးကုဆရာဝန် သို့မဟုတ် အခြား ယုံကြည်ရသော ကျန်းမာရေး စောင့်ရှောက်မှုပေးသူနှင့်ပြောဆိုပါ၊ အသိုင်းအဝိုင်း ကျန်းမာရေး ဝန်ထမ်း နှင့်ပြောဆိုပါ သို့မဟုတ် www.CovidVaccineWA.org ရှိ အချက်အလက်များကို ဖတ်ပါ။

ကျွန်ုပ်၏ ကလေးကို ကာကွယ်ဆေးထိုးရန် ဘယ်နေရာကို ခေါ်သွားရမလဲ။

ဝါရှင်တန်ပြည်နယ်သည် အသက် 18 နှစ်အထိ ကလေးများအတွက် ကုန်ကျစရိတ်မရှိဘဲ အကြံပြုထားသော ကာကွယ်ဆေးအားလုံးကို ထောက်ပံ့ပေးပါသည်။ သင့်ပုံမှန်ပြနေကျ ကလေးအထူးကု သို့မဟုတ် ပုံမှန် ဆေးခန်းတွင် COVID-19 ကာကွယ်ဆေးရှိမရှိ စုံစမ်းပါ။

ကျန်းမာရေးစောင့်ရှောက်မှုပေးသူမရှိသော မိသားစုများသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၊ ဆေးခန်း သို့မဟုတ် အခြားကျန်းမာရေးအရင်းအမြစ်များကို ရှာဖွေရန် Help Me Grow WA ဟော့လိုင်းနံပါတ် 1-800-322-2588 သို့ ဖုန်းခေါ်ဆိုနိုင်သည် သို့မဟုတ် ParentHelp123.org သို့သွားပါ။ ဤဝန်ဆောင်မှုသည် အခမဲ့ဖြစ်ပြီး ဘာသာစကားအကူအညီကို ရရှိနိုင်ပါသည်။

သင်သည် VaccineLocator.doh.wa.gov သို့ သွားရောက်ကြည့်ရှုနိုင်ပြီး ကလေးရောဂါကာကွယ်ဆေးရှိသည့် သင့်အနီးရှိနေရာများစာရင်းကို ကြည့်ရှုရန် filter အသုံးပြုနိုင်သည်။

တုပ်ကွေးကဲ့သို့သော အခြားကာကွယ်ဆေးများကို ထိုးချိန်တွင် ကိုဗစ်-19 ကာကွယ်ဆေးကို ကျွန်ုပ်ကလေး ထိုးနိုင်ပါသလား။

လိုအပ်ပါသည်။ သင့်ကလေးသည် အခြားကာကွယ်ဆေးများကို ထိုးနှံချိန်တွင် တပြိုင်နက်တည်း ကိုဗစ်-19 ကာကွယ်ဆေးကိုလည်း ထိုးနှံနိုင်ပါသည်။

သင့်ကလေး၏ ကျောင်းတွင် လိုအပ်သော ကာကွယ်ဆေးထိုးခြင်းများ (အင်္ဂလိပ်လိုသာ)အတွက် သို့မဟုတ် အခြား တိုက်တွန်းအကြံပြုထားသော ကာကွယ်ဆေးများကို ကိုဗစ်-19 ကာကွယ်ဆေးထိုးခြင်းနှင့် သီးခြားခွဲပြီး ရက်ချိန်းယူရန် မလိုအပ်ပါ။ ကိုဗစ်-19 ကာကွယ်ဆေးထိုးရန် ရက်ချိန်းသည် ၎င်းတို့၏ အခြား တိုက်တွန်းအကြံပြုထားသော ကာကွယ်ဆေးများကိုထိုးရန် အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်ပါသည်။

ကျွန်ုပ်၏ ကလေး နေ့ကလေးထိန်း သို့မဟုတ် နေ့လှုပ်ရှားမှု တွင်တက်ရောက်ရန် ကိုဗစ်-19 ကာကွယ်ဆေးကို လိုအပ်ပါသလား။

ကျောင်းများ နှင့် နေ့ကလေးထိန်းများအတွက် လိုအပ်သည့် ကာကွယ်ဆေးများကို Washington State Board of Health (အင်္ဂလိပ်လိုသာ) က ဆုံးဖြတ်ပါသည်။ ယခုလက်ရှိတွင် ကိုဗစ်-19 ကာကွယ်ဆေးထိုးထားရန် လိုအပ်သော ကျောင်း သို့မဟုတ် နေ့ကလေးထိန်း မရှိသေးပါ။

နေ့လှုပ်ရှားမှုများအတွက် လိုအပ်ချက်များကို သိရှိရန် လှုပ်ရှားမှုများကို စီစဉ်သည့် အဖွဲ့အစည်းထံတွင် စုံစမ်းပါ။

ကာကွယ်ဆေးများက ကလေးများအတွက် ဘေးကင်းပြီး ထိရောက်ကြောင်းကို မည်ကဲ့သို့ သိရှိရပါသလဲ။

COVID-19 ကာကွယ်ဆေးများ ဘေးကင်းကြောင်း သေချာစေရန် Centers for Disease Control and Prevention (CDC, ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနများ) သည် ကာကွယ်ဆေး ဘေးကင်းမှုကို စောင့်ကြည့်လေ့လာရန်အတွက် နိုင်ငံ၏ စွမ်းဆောင်ရည်ကို တိုးချဲ့ပြီး မြှင့်တင်ထားပါသည်။ ရလဒ်အနေဖြင့် ကာကွယ်ဆေး ဘေးကင်းရေး ကျွမ်းကျင်ပညာရှင်များသည် COVID-19ကာကွယ်ဆေး လက်တွေ့ စမ်းသပ်မှုများအတွင်း မတွေ့ခဲ့ရသည့်ပြဿနာများကို စောင့်ကြည့်သိရှိနိုင်မည်ဖြစ်သည်-

Pfizer

6 လမှ 4 နှစ်အရွယ် ကလေးများ

  • ခန့်မှန်းခြေအားဖြင့် အသက် 6 လမှ 4 နှစ်အရွယ် ကလေးငယ် 4,500 ဦးရေက COVID-19 ကာကွယ်ဆေး Pfizer အတွက် လက်တွေ့စမ်းသပ်မှုများတွင် ပါဝင်ခဲ့ပါသည်။ 3 ကြိမ် ထိုးဆေးတွဲအတွက် ဤအသက်အုပ်စု၏ ကိုယ်ခံအား တုံ့ပြန်မှုသည် အသက်ပိုကြီးသော ပါဝင်သူများ၏ ကိုယ်ခံအား တုံ့ပြန်မှုနှင့် ဆင်တူပါသည်။ ဆက်လက်ဆောင်ရွက်နေသော လေ့လာမှုတွင် မည်သည် ပြင်းထန်သည့် ဘေးထွက်အကျိုးကိုမျှ မတွေ့ရှိရသေးပါ

အသက် 5-11 ရှိသော ကလေးများ

  • လူနာနှင့် စမ်းသပ်မှုများတွင် Pfizer COVID-19 ကာကွယ်ဆေးကို ခန့်မှန်းခြေ အသက် 5 နှစ်မှ 11 နှစ်ကြား ကလေး 3,100 ကို ထိုးနှံပေးခဲ့ပါသည်။ ဆက်လက်ပြုလုပ်မြဲဖြစ်သော လေ့လာမှုတွင် မည်သည် ပြင်းထန်သည့် ဘေးထွက်အကျိုးကိုမျှ မတွေ့ရှိရသေးပါ။
  • အသက် 5 နှစ်မှ 11 နှစ်ရှိသော ကလေးများ၏ ကိုယ်ခံအား တုံ့ပြန်မှုမှာ အသက် 16 နှစ်မှ 25 နှစ်ရှိသောသူများနှင့် နှိုင်းယှဉ်လို့ရပါသည်။
  • ကာကွယ်ဆေးသည် 5 နှစ်မှ 11 နှစ်အထိ ကလေးငယ်များတွင် COVID-19 ကို ကာကွယ်ရာတွင် 91% နီးပါးထိရောက်မှုရှိသည်။

အသက် 12-15 ရှိသော ကလေးများ

  • အသက် 12 နှစ်မှ 15 နှစ်ကြား ပါဝင်သူ 2,260 သည် အမေရိကန် ရှိ ကျပန်းလုပ်ဆောင်ထားသော placebo ထိန်းချုပ်မှုဆိုင်ရာ လူနာနှင့် စမ်းသပ်မှုတွင် စာရင်းသွင်းထားသည်။
  • ယင်းထဲတွင် ဆယ်ကျော်သက် ပါဝင်သူ 1,131 သည် ကာကွယ်ဆေးထိုးနှံခံရပြီး 1,129 သည် saline placebo ကို ထိုးနှံခံခဲ့ရပါသည်။ ပါဝင်သူ တစ်ဝက်ထက်ကျော်သောသူများကို ဘေးကင်းလုံခြုံမှုအတွက် ဒုတိယအကြိမ်ထိုးနှံပြီး အနည်းဆုံး နှစ်လထိ လိုက်လံကြည့်ရှု့ခဲ့ပါသည်။

Moderna

အသက် 6 လမှ 5 နှစ်အရွယ် ကလေးများ

  • ခန့်မှန်းခြေအားဖြင့် အသက် 6 လမှ အသက် 6 နှစ်အောက် ကလေးငယ် 6,300 ဦးရေက COVID-19 ကာကွယ်ဆေး Moderna အတွက် လက်တွေ့စမ်းသပ်မှုတွင် ပါဝင်ခဲ့ကြပါသည်။ ကာကွယ်ဆေးသည် ဤအသက်အုပ်စုတွင် ကိုဗစ်-19 ကာကွယ်ရာ၌ 50% ထိရောက်မှုရှိခဲ့သည်။ ဆက်လက်ဆောင်ရွက်နေသော လေ့လာမှုတွင် မည်သည် ပြင်းထန်သည့် ဘေးထွက်အကျိုးကိုမျှ မတွေ့ရှိရသေးပါ။

အသက် 6 နှစ်မှ 11 နှစ်အရွယ် ကလေးများ

  • ခန့်မှန်းခြေအားဖြင့် အသက် 6 နှစ်မှ 11 အရွယ်ကလေးငယ် 4,000 ဦးရေသည် COVID-19 ကာကွယ်ဆေး Moderna အတွက် လက်တွေ့စမ်းသပ်မှုတွင် ပါဝင်ခဲ့ပါသည်။ ကာကွယ်ဆေးအတွက် ဤအသက်အုပ်စု၏ ကိုယ်ခံအားတုံ့ပြန်မှုသည် အရွယ်ရောက်ပြီးသူများ၏ ကိုယ်ခံအားတုံ့ပြန်မှုနှင့် နှိုင်းယှဉ်နိုင်ပါသည်။ ဆက်လက်ဆောင်ရွက်နေသော လေ့လာမှုတွင် မည်သည် ပြင်းထန်သည့် ဘေးထွက်အကျိုးကိုမျှ မတွေ့ရှိရသေးပါ။

အသက် 12 နှစ်မှ 17 နှစ်အရွယ် ကလေးများ

  • ခန့်မှန်းခြေအားဖြင့် အသက် 12 နှစ်မှ 17 အရွယ်ကလေးငယ် 3,700 ဦးရေသည် COVID-19 ကာကွယ်ဆေး Moderna အတွက် လက်တွေ့စမ်းသပ်မှုတွင် ပါဝင်ခဲ့ပါသည်။ ကာကွယ်ဆေးသည် ဤအုပ်စုကြားတွင် COVID-19 ကို ကြိုတင်ကာကွယ်ရာတွင် 93% ထိရောက်မှုရှိပါသည်။ ဆက်လက်ဆောင်ရွက်နေသော လေ့လာမှုတွင် မည်သည် ပြင်းထန်သည့် ဘေးထွက်အကျိုးကိုမျှ မတွေ့ရှိရသေးပါ။

Novavax

အသက် 12 နှစ်မှ 17 နှစ်အရွယ် ကလေးများ

  • ခန့်မှန်းခြေအားဖြင့် အသက် 12 နှစ်မှ 17 အရွယ်ကလေးငယ် 2,200 ဦးရေသည် COVID-19 ကာကွယ်ဆေး Novavax အတွက် လက်တွေ့စမ်းသပ်မှုတွင် ပါဝင်ခဲ့ပါသည်။ ကာကွယ်ဆေးသည် ဤအုပ်စုကြားတွင် COVID-19 ကို ကြိုတင်ကာကွယ်ရာတွင် 78% ထိရောက်မှုရှိပါသည်။ ဆက်လက်ဆောင်ရွက်နေသော လေ့လာမှုတွင် မည်သည် ပြင်းထန်သည့် ဘေးထွက်အကျိုးကိုမျှ မတွေ့ရှိရသေးပါ။