Washington state Department of Health (DOH, ဝါရှင်တန် ပြည်နယ် ကျန်းမာရေးဌာန) ထံမှ စာတို သို့မဟုတ် ဖုန်းခေါ်ဆိုမှု လက်ခံရရှိခဲ့ပါသလား။
ဖုန်းဖြင့် သင်လက်ခံရရှိနိုင်သည့် စာသား မက်ဆေ့ချ်များ/အသိပေးချက်များ အမျိုးအစားနှစ်မျိုး ရှိပါသည်။
COVID-19 စစ်ဆေးတွေ့ရှိကြောင်း အကြောင်းကြားစာ
DOH သည် DOH ထံ သတင်းပို့ထားသည့် ပိုးတွေ့ရှိ COVID-19 စစ်ဆေးမှု ရလဒ်နှင့် ဆက်စပ်နေသည့် ဖုန်းနံပါတ်အားလုံးသို့ အတည်ပြုချက် လင့်ခ်ပါသည့် အသိပေးချက် နှင့်/သို့မဟုတ် စာတိုတစ်စောင် ပေးပို့ပါသည်။ ဤအသိပေးချက်သည် အခြား WA Notify အသုံးပြုသူများအနေဖြင့် COVID-19 နှင့် ထိတွေ့ထားနိုင်ကြောင်း အခြားလူများကို အမည်ဝှက်၍ အသိပေးရန် နည်းလမ်းဆိုင်ရာ သတင်းအချက်အလက်များ ပံ့ပိုးပေးပါသည်။
အကယ်၍ သင်သည် WA Notify အသုံးပြုသူတစ်ယောက်ဖြစ်လျှင် အခြားအသုံးပြုသူများအား ထိတွေ့မိနိုင်မှုတစ်ခုအကြောင်း အမည်ဝှက်၍ သတိပေးရန် အကြောင်းကြားစာကို တို့ခြင်း သို့မဟုတ် စာသားမက်ဆေ့ချ်ပါ လင့်ခ်ကို ကလစ်လုပ်လိုက်ပြီး WA Notify ရှိ အဆင့်အားလုံးကို လိုက်နာလုပ်ဆောင်ရန်သာ လိုပါသည်။
သင်က WA Notify အသုံးပြုသူမဟုတ်ပါက စာသားကို သင်လျစ်လျူရှုနိုင်ပါသည်။ WA Notify ကို သင့်ဖုန်းထဲဘယ်လိုထည့်ရမလဲ အပါအဝင် ၎င်းအကြောင်းကို ပိုမိုသိလိုပါက WANotify.org သို့ ဝင်ကြည့်ပါ
မိမိဘာသာ စစ်ဆေးမှု (အိမ်တွင်း စစ်ဆေးမှုများဟုလည်း ခေါ်သည်) ကို အသုံးပြုပြီး စစ်ဆေးမှုမှ COVID-19 ပိုးတွေ့ရှိသည့် WA Notify အသုံးပြုသူများသည် အခြား WA Notify အသုံးပြုသူများအား ၎င်းတို့အနေဖြင့် COVID-19 ထိတွေ့ထားနိုင်ကြောင်း အမည်ဝှက်ရန် အသိပေးရန် အတည်ပြုကုဒ်တစ်ခုကို တောင်းဆိုနိုင်ပါသည်။ “မိမိဘာသာ စစ်ဆေးမှုဖြင့် COVID-19 အတွက် စစ်ဆေးမှုပိုးတွေ့ပါက အခြားလူများကို အသိပေးရန်နည်းလမ်း” အပိုင်းကို WANotify.org တွင် ဝင်ကြည့်ပါ။
ဖြစ်နိုင်ခြေရှိသော COVID-19 ထိတွေ့မှု အကြောင်းကြားစာ
ထိတွေ့မိထားနိုင်သော WA Notify အသုံးပြုသူများသည် ထိတွေ့မိကြောင်း အကြောင်းကြားစာတစ်စောင်ကို လက်ခံရရှိပါလိမ့်မည်။
စာသားများ နှင့် အကြောင်းကြားစာတွေက ဘယ်လိုပုံစံမျိုးလဲ။
ကိုဗစ်-19 ပိုး စစ်ဆေးတွေ့ရှိကြောင်း အကြောင်းကြားစာ။ ။
စာသား နှင့် အကြောင်းကြားစာ ၏ ပုံ

အကြောင်းကြားစာ နှင့် စာသား ပါ အကြောင်းအရာ
သင်၏ COVID-19 ဆေးစစ်တမ်းကို မျှဝေပါ
အခြားသူများအား ကိုဗစ်-19 နှင့် ထိတွေ့မိခဲ့နိုင်ကြောင်း သိစေရန်အတွက် ဤနေရာကို တို့ပါ။ သင့် အသိုင်းအဝိုင်းကို ဘေးကင်းစေရန် အောက်ပါအဆင့်များကို လိုက်နာပါ။ သင့်တစ်ကိုယ်ရေ အချက်အလက်များကို မျှဝေမည် မဟုတ်ပါ။
စာသား နှင့် အကြောင်းကြားစာ ၏ ပုံ

အကြောင်းကြားစာ နှင့် စာသား ပါ အကြောင်းအရာ
Message from (Mensaje del) WA Dept. of Health:
This number was given for a recent COVID-19 test. If this phone uses WANotify AND belongs to the person tested, please click the link within 24 hours. Follow the steps to anonymously alert others who may have been exposed.
https://us-wa.en.expressly/v?c=8w5io5c38ipo24fc
Se dio este numéro para una prueba reciente de COVID-19. Si este teléfono usa WANotify Y es de quien se hizo la prueba, haga clic en el enlace en las próximas 24 horas. Siga los pasos para alertar anónimamente a quienes tal vez hayan sido expuestos.
NOT the person tested? Need more information? Visit wanotify.org/text
¿NO es quien se hizo la prueba? ¿Desea más información? Visite notificawa.org/texto
စာသား နှင့် အကြောင်းကြားစာ ၏ ပုံ

အကြောင်းကြားစာ နှင့် စာသား ပါ အကြောင်းအရာ
Message from WA Dept. of Health:
If this phone uses WANotify AND belongs to the person tested, please click the link within 24 hours. Follow the steps to anonymously alert others who may have been exposed.
https://us-wa.en.expressly/v?c=5b56h13n80q9onll
NOT the person tested? Need more information? Visit wanotify.org/text.
စာသား နှင့် အကြောင်းကြားစာ ၏ ပုံ

အကြောင်းကြားစာ နှင့် စာသား ပါ အကြောင်းအရာ
Mensaje del Departamento de Salud del Estado de Washington:
Si este teléfono usa WANotify Y es de quien se hizo la prueba, haga clic en el enlace en las próximas 24 horas. Siga los pasos alertar anónimamente a quienes tal vez hayan sido expuestos.
https://us-wa.en.expressly/v?c=dvo8iije3v33saoj
¿NO es quien se hizo la prueba? ¿Desea más información? Visite notificawa.org/texto.
ကိုဗစ်-19 နှင့် ထိတွေ့မိနိုင်ကြောင်း အကြောင်းကြားစာ။ ။
စာသား နှင့် အကြောင်းကြားစာ ၏ ပုံ

အကြောင်းကြားစာ နှင့် စာသား ပါ အကြောင်းအရာ
သင်သည် ကိုဗစ်-19 ရောဂါပိုးကို ထိတွေ့မိနိုင်ပါသည်။
သင်သည် လတ်တလောက ကိုဗစ်-19 ပိုးစစ်ဆေးတွေ့ရှိသူ၏ အနီးအနားတွင် ရှိနေခဲ့ဖူးပါသည်။ သင်ဆက်လုပ်ရမည်များ နှင့် ကျွန်ုပ်တို့သည် သင့်အား ကူညီရန် အသင့်ရှိနေပါသည်။ ပိုမိုလေ့လာရန် တို့လိုက်ပါ
စာသား သို့မဟုတ် အသိပေးချက်ကို လက်ခံရရှိပါက ဘာလုပ်သင့်ပါသလဲ။
WA Notify အသုံးပြုသူများသည် စာသားပါ လင့်ခ်ကို ကလစ်နှိပ်ရမည် သို့မဟုတ် အကြောင်းကြားစာကို တို့ထိရမည်ဖြစ်ပြီး အက်ပ်အတွင်း ၎င်းတို့၏ ရလဒ်များကို အမည်ဝှက်၍ အတည်ပြုရန် အဆင့်အားလုံးကို လိုက်နာပေးပါ။ ၎င်းသည် လတ်တလောတွင် COVID-19 နှင့် ထိတွေ့မှုဖြစ်နိုင်ခြေ ရှိထားခဲ့သည့် အခြား WA Notify အသုံးပြုသူများကို အမည်ဝှက်၍ သတိပေးပါသည်။ WA Notify အသုံးပြုသူများကို ဘယ်သူမှမသိစေဘဲ ၎င်းတို့၏ ရလဒ်များကို အတည်ပြုစေခြင်းက COVID-19 ပိုးပျံ့နှံ့မှုကို ပိုမြန်ဆန်စွာ ကာကွယ်နိုင်ပါသည်။ ပြည်သူ့ကျန်းမာရေးမှလူများ ရောက်ရှိလာပြီး အမှုတွဲ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ် ကာလအတွင်းတွင် အတည်ပြုလင့်ခ် သို့မဟုတ် ကုဒ်ထုတ်ပေးနိုင်ပါသည်။
အောက်ပါတို့ ဖြစ်လျှင် သင့် ပင်မစောင့်ရှောက်သူ ဆရာဝန် သို့မဟုတ် စစ်ဆေးပေးသူ ကို ဆက်သွယ်ပါ။
- သင်သည် စာသား တစ်ခု နှင့်/သို့မဟုတ် အကြောင်းကြားစာ တစ်ခုကို ရရှိသော်လည်း တရားဝင် စစ်ဆေးမှု အဖြေမရရှိသေးလျှင် သို့မဟုတ်
- စစ်ဆေးမှု ရလဒ်အကြောင်း သင့်တွင် မေးမြန်လိုသည်များရှိလျှင်
အမေးများသော မေးခွန်းများ
- အကယ်၍ WA Notify သည် ကျွန်ုပ် ဘယ်သူလဲဆိုတာကို မသိလျှင် ကျွန်ုပ်က ဘယ်လိုလုပ် စာသား တစ်ခု နှင့်/သို့မဟုတ် အကြောင်းကြားစာ တစ်ခုကို ရရှိရတာလဲ။
-
စာသားများ နှင့် အကြောင်းကြားစာများကို DOH က ပေးပို့ခြင်းဖြစ်ပြီး WA Notify က ပေးပို့ခြင်း မဟုတ်ပါ။ DOH က ကိုဗစ်-19 ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိသူတိုင်းကို စာသားတစ်ခု နှင့်/သို့မဟုတ် အကြောင်းကြားစာ တစ်ခုပေးပို့ရခြင်းမှာ ကျွန်ုပ်တို့က ဘယ်သူတွေ WA Notify ကို အသုံးပြုသလဲ မသိသောကြောင့်ဖြစ်ပါသည်။ သင်သည် WA Notify ကို အသုံးမပြုနေပါက စာသား နှင့် အကြောင်းကြားစာများကို လျစ်လျူရှု့ထားနိုင်ပါသည်။
- DOH က စာသား သို့မဟုတ် အကြောင်းကြားစာ ပေးပို့ရမည့်လူကို သိပါသလား။
-
ဥပဒေအရ တစ်ချို့သော ကူးစက်တတ်သော ရောဂါများအတွက် ပိုးရှိကြောင်းရလဒ်များကို ဆက်သွယ်ရန် အချက်အလက်နှင့်တကွ ပြည်နယ်ထံသို့ မဖြစ်မနေတင်ပြရပါသည်။ DOH သည် ၎င်းအချက်အလက်များကို သုံးပြီး ရောဂါပိုးပျံ့နှံ့မှုကို ရပ်တန်စေရန် စုံစမ်းစစ်ဆေးမှုနှင့် ထိတွေ့မှုခြေရာခံခြင်း (အင်္ဂလိပ်လိုသာ) များကို လုပ်ဆောင်ပါသည်။ ပိုးစစ်ဆေးတွေ့ရှိသူအားလုံးကို အကြောင်းကြားခြင်းက WA Notify သုံးပြုသူများအနေဖြင့် မြန်မြန်ဆန်ဆန် လုပ်ဆောင်ပြီး အခြားသူများကို ထိတွေ့မိနိုင်ကြောင်းကို သတိပေးနိုင်စေပါသည်။
- ကျွန်ုပ်သည် WA Notify ကို အသုံးမပြုနေပါ။ ဘာဖြစ်လို့ ကျွန်ုပ်ကို စာသားပေးပို့တာလဲ။
-
DOH သည် လတ်တလောတွင် ကိုဗစ်-19 ပိုးစစ်ဆေးတွေ့ရှိသူတိုင်းကို စာသားမက်ဆေ့ချ် နှင့်/သို့မဟုတ် ပေါ်လာသော အကြောင်းကြားစာ တစ်စောင်ကို ပေးပို့ပါသည်။
DOH သည် ပိုးစစ်ဆေးတွေ့ရှိသူများကိုသာ သိရှိပြီး - ကျွန်ုပ်တို့သည် ဘယ်သူတွေ WA Notify ကို အသုံးပြုသလဲကို မသိပါ။ စာသားကို လူတိုင်းကို ပေးပို့ခြင်းဖြင့် ကျွန်ုပ်တို့သည် WA Notify အသုံးပြုသူများကို ဘယ်သူမှမသိစေဘဲ အခြားသူများကို ထိတွေ့မိနိုင်ကြောင်း ပိုမိုမြန်ဆန်စွာ သတိပေးနိုင်စေရန် ကူညီနိုင်ပြီး အသက်များကိုလည်း ကယ်တင်နိုင်စေပါသည်။
သင်သည် WA Notify ကို မသုံးနေပါက ဘာမှလုပ်ဆောင်ရန် မလိုပါ။ WA Notify ကို သင့်ဖုန်းထဲဘယ်လိုထည့်ရမလဲ အပါအဝင် ၎င်းအကြောင်းကို ပိုမိုသိလိုပါက WANotify.org
- ဘယ်ဖုန်းနံပါတ်မှ စာသားလာမလဲ။
-
DOH က ပို့ပေးမည့် နံပါတ်မှာ 1-844-986-3040 ဖြစ်ပါသည်။
- ကျွန်ုပ် အကြောင်းကြားစာ နှင့်/သို့မဟုတ် စာသားတစ်ခုကို လက်ခံရရှိခဲ့သော်လည်း စစ်ဆေးခဲ့သူက ကျွန်ုပ်၏ မိသားစု သို့မဟုတ် မိသားစုဝင်ဖြစ်နေပါသည်။ ဘာလုပ်သင့်ပါသလဲ။
-
ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိသော WA Notify အသုံးပြုသူသည် ထိတွေ့မိနိုင်သော အခြားအသုံးပြုသူများကို ဘယ်သူမှမသိစေဘဲ သတိပေးရန် အဆင့်များကို လိုက်နာသင့်ပါသည်။ ထို့အတွက် သင့်အား မရည်ရွယ်သော စာသားများ သို့မဟုတ် အကြောင်းကြားစာများကို လျစ်လျူရှုသင့်ပါသည်။
သင့်မိသားစု သို့မဟုတ် အိမ်ထောင်စုဝင်သည် WA Notify အသုံးပြုသူတစ်ဦး ဖြစ်ပြီး ပိုးတွေ့ရှိထားကာ WA Notify တွင် ၎င်းတို့၏ ရလဒ်ကို အတည်ပြုရန် လိုအပ်နေသေးပါက “မိမိကိုယ်တိုင် စစ်ဆေးမှုဖြင့် COVID-19 အတွက် စစ်ဆေးမှုပိုးတွေ့ပါက အခြားလူများကို အကြောင်းကြားရန် နည်းလမ်း” အပိုင်းပါ အဆင့်များကို WANotify.orgတွင် လိုက်လံဖတ်ရှုနိုင်ပါသည်။
- အကြောင်းကြားစာကို တို့ရန် သို့မဟုတ် အတည်ပြုချက် လင့်ခ်ကို အသက်သွင်းရန် ကျွန်ုပ် အချိန် ဘယ်လောက်ရပါသလဲ။
-
WA Notify ရှိ အခြားသူများကို အကြောင်းကြားရန် အဆင့်များကို လိုက်နာလုပ်ဆောင်ရန်အတွက် အကြောင်းကြားစာ သို့မဟုတ် စာသား မက်ဆေ့ချ်ကို လက်ခံရရှိပြီး အချိန် 24 နာရီ ရှိပါသည်။ သင်က အဆိုပါအချိန်အတွင်း အသိပေးချက်ကို တို့ထိရန် သို့မဟုတ် အတည်ပြုချက် လင့်ခ်ကို ကလစ်နှိပ်ရန် မလုပ်ဆောင်နိုင်ပါက “မိမိကိုယ်တိုင် စစ်ဆေးမှုဖြင့် COVID-19 အတွက် စစ်ဆေးမှုပိုးတွေ့ပါက အခြားလူများကို အကြောင်းကြားရန် နည်းလမ်း” အပိုင်းပါ အဆင့်များကို WANotify.orgတွင် လိုက်လံကြည့်ရှုခြင်းဖြင့် WA Notify တွင် အတည်ပြုကုဒ်ကို တောင်းဆိုနိုင်ပါသည်
- WA Notify ထဲရှိ အတည်ပြုလင့်ခ်ကို အသက်သွင်းရန် စာသား သို့မဟုတ် အကြောင်းကြားစာကို လူတစ်ယောက်ထက်ပိုပြီး အသုံးပြုနိုင်ပါသလား။
-
မဟုတ်ပါ။ သင့်မိသားစု သို့မဟုတ် အိမ်ထောင်စုဝင်သည် WA Notify အသုံးပြုသူတစ်ဦး ဖြစ်ပြီး ပိုးတွေ့ရှိထားကာ WA Notify တွင် ၎င်းတို့၏ ရလဒ်ကို အတည်ပြုရန် လိုအပ်နေသေးပါက “မိမိကိုယ်တိုင် စစ်ဆေးမှုဖြင့် COVID-19 အတွက် စစ်ဆေးမှုပိုးတွေ့ပါက အခြားလူများကို အကြောင်းကြားရန် နည်းလမ်း” အပိုင်းပါ အဆင့်များကို WANotify.org တွင် လိုက်လံဖတ်ရှုနိုင်ပါသည်။
- WA Notify ထဲတွင် ထိတွေ့မိသောရက် ကို ဘယ်လိုရှာရမလဲ။
-
iPhone: တစ်ခုထဲတွင်-
- Settings (ဆက်တင်များ) သို့သွားပါ
- Exposure Notifications (ထိတွေ့မိမှု အကြောင်းကြားစာများ ကို ရွေးချယ်ပါ သို့မဟုတ် ရှာဖွေအကွက်တွင် Exposure Notifications ဟု ရိုက်ထည့်ပါ။
- သင်၏ အနီးစပ်ဆုံး ထိတွေ့မှုရက်စွဲကို “You may have been exposed to Covid -19 (သင်သည် Covid-19 နှင့် ထိတွေ့ဖူးနိုင်သည်)” အောက်တွင် ပြပါမည်
Android တစ်လုံးပေါ်တွင်-
- WA Notify အက်ပ်စ် ကို ဖွင့်ပါ။
- “Possible exposure reported (အစီရင်ခံထားရသော ထိတွေ့မိနိုင်မှု) ”အောက်ရှိ See Details (အသေးစိတ်ကြည့်မည်) ကို ရွေးချယ်ပါ။
- သင်၏ အနီးစပ်ဆုံး ထိတွေ့မှုရက်စွဲကို “Possible Exposure Date (ဖြစ်နိုင်ခြေရှိသော ထိတွေ့မှုရက်စွဲ)” အောက်တွင် ပြပါမည်