WA Notify (ဒဗလျူအေ အကြောင်းကြားမှု) (ဝါရှင်တန် ထိတွေ့မှု အကြောင်းကြားစာများဟုလည်း သိကြသည်) သည် အသုံးပြုသူများအား COVID-19 ထိတွေ့မှု ဖြစ်နိုင်ခြေများကို သတိပေးရန် သင့်စမတ်ဖုန်းတွင် ထည့်သွင်းနိုင်သည့် အခမဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါသည်။ ဤဆော့ဖ်ဝဲသည် တည်နေရာကို ခြေရာခံခြင်း နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စုဆောင်းမျှဝေခြင်း မပြုလုပ်ပဲ ပုဂ္ဂလိက အသုံးပြုရန် သီးသန့် စီမံထားပါသည်။
ကျွန်ုပ်၏ ဖုန်းထဲသို့ WA Notify ကို ဘယ်လိုထည့်ရမလဲ။

iPhone တွင် ဆက်တင်များ မှ ထိတွေ့မှု အကြောင်းကြားစာများ ကို ဖွင့်လိုက်ပါ။
- Settings (ဆက်တင်များ) သို့သွားပါ
- Exposure Notifcations သို့ရောက်သည်အထိ ဆွဲချကြည့်ပါ
- “Exposure Notifications ကို ဖွင့်ပါ” ကို ကလစ်လုပ်ပါ
- United States (အမေရိကပြည်ထောင်စု) ကို ရွေးချယ်ပါ
- ၀ါရှင်တန် ကို ရွေးချယ်ပါ
Android နှင့် iPhone ကိုင်ဆောင်သူများအတွက် အောက်ပါ QR ကုဒ်ကို စကန်ဖတ်ပါ သို့မဟုတ် မိုဘိုင်းလ်ပစ္စည်း အသုံးပြုသူဖြစ်ပါက WA Notify ကို ထည့်သွင်းပါ။

ဘယ်လိုအလုပ်လုပ်သလဲ။
WA Notify ကို သင်ဖွင့်ထားပါက သင့်ဖုန်းသည် အနီးအနားရှိ WA Notify ဖွင့်ထားသော သူများ၏ ဖုန်းများနှင့် ကျပန်းဖြစ်သော အမည်မသိ ကုဒ်များကို ဖလှယ်ပါသည်။ စနစ်သည် ကိုယ်ရေးကိုယ်တာကို-လျို့ဝှက်ပေးသော စွမ်းအင်အသုံးနည်းသည့် ဘလူးတုခ့် နည်းပညာကို အသုံးပြုပြီး သင့်အကြောင်းအချက်အလက်များကို မဖော်ထုတ်ဘဲ အဆိုပါ ကုဒ်များကို ဖလှယ်ပါသည်။ မကြာသေးခင်က သင့်အနီးနားတွင် ရှိနေခဲ့သည့် WA Notify အသုံးပြုသူနောက်တစ်ဦးက COVID-19 အတွက် နောက်ပိုင်း စစ်ဆေးမှုများတွင် ပိုးတွေ့ရှိထားခဲ့ပြီး လျှင် အခြားလူများကို အမည်ဝှက်၍ အကြောင်းကြားရန် အဆင့်များကို လိုက်နာပါက သတိပေးချက် သင်ရရှိပါမည်။ ဤသို့အားဖြင့် သင့်အနေနှင့်လည်း လိုအပ်သည့် ပြုစုစောင့်ရှောက်မှုများကို ရစေနိုင်သလို သင့်အနားရှိ အခြားသူများထံ COVID-19 ရောဂါပိုးမပျံ့စေရန်လည်း ကူညီနိုင်ပါသည်။
သင့်ကို သတိပေးစရာမလိုသော ကိုဗစ်-19 ကူးစက်နိုင်သည့် ဘေးကင်းသည့် အကွာအဝေး သို့မဟုတ် တိုတောင်းသော အချိန် ပမာဏသာ ရှိသည့် အခြေအနေများကို ဖော်ထုတ်ရန် အေလိုဂသမ် တစ်ခုက တွက်ချက်ပေးပါသည်။ သင်သည် ထိတွေ့မိမှုရှိနိုင်မှသာ WA Notify က သင့်ကို သတိပေးပါလိမ့်မည်။ သတိပေးချက်တစ်ခု မရခြင်းသည် သတင်းကောင်းဖြစ်ပါသည်။
WA Notify ကို ဘာသာစကားအမျိုးပေါင်း 30 ကျော်ဖြင့်လည်း ရရှိနိုင်ပါသည်။

ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာကို ဘယ်လိုအကာအကွယ်ပေးထားသလဲ။
WA Notify သည် သင့် ကိုယ်ရေးကိုယ်တာကို ကာကွယ်ရန် ဒီဇိုင်းထုတ်ထားသည့် Google Apple ထိတွေ့မိမှု အကြောင်းကြားစာ နည်းပညာကို အခြေခံထားပါသည်။ ၎င်းသည် တည်နေရာ သို့မဟုတ် ကိုယ်ရေးကိုယ်တာ ဒေတာများကို ကောက်ယူ သို့မဟုတ် ဖော်ထုတ်ခြင်းမရှိဘဲ နောက်ခံတွင်သာ အလုပ်လုပ်ပါသည်။ WA Notify သည် ထိရောက်စွာ လုပ်ကိုင်ရန် သင်ဘယ်သူ သို့မဟုတ် ဘယ်နေရာတွင်ရှိသည်ကို သိရန် မလိုအပ်ပါ။ ဘလူးတုသ် ၏ အစိတ်အပိုင်းအနည်းငယ်ကိုသာ အသုံးပြုထားသဖြင့် သင့် ဘက်ထရီသက်တမ်းပေါ်တွင် သက်ရောက်မှုမရှိပါ။
ပါဝင်ခြင်း မပါဝင်ခြင်းမှာ မိတ်ဆွေ၏ ဆန္ဒအလျောက်သာ ဖြစ်ပါသည်။ အသုံးပြုသူများသည် မည်သည့်အချိန်တွင်မဆို အသုံးပြုခြင်း သို့မဟုတ် အသုံးမပြုတော့ခြင်းကို ပြုလုပ်နိုင်ပါသည်။ အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာကို ကာကွယ်ထားခြင်း နှင့် ပတ်သက်သည့် အချက်အလက်များကို သိရှိရန် WA Notify ကိုယ်ရေးကိုယ်တာဆိုင်ရာ မူ၀ါဒကို ကြည့်ပါ။
အကြောင်းကြားစာတွေက ဘယ်လိုပုံစံမျိုးလဲ။
သင်လက်ခံရရှိနိုင်သော အကြောင်းကြားစာ ပုံစံ နှစ်မျိုး ရှိပါသည်။ ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိသူများသည် အတည်ပြုချက် လင့်ခ်စာသား မက်ဆေ့ချ် နှင့်/သို့မဟုတ် ပေါ်လာသော အကြောင်းကြားစာကို လက်ခံရရှိပါမည်။ ထိတွေ့မိထားနိုင်သော WA Notify အသုံးပြုသူများသည် ထိတွေ့မိကြောင်း အကြောင်းကြားစာတစ်စောင်ကို လက်ခံရရှိပါလိမ့်မည်။ ဤအကြောင်းကြားစာများအကြောင်းကို ပိုမိုလေ့လာပြီး ၎င်းတို့က မည်ကဲ့သို့ ပုံစံများဖြစ်သည်ကို သိအောင်လုပ်ပါ။
WA Notify က ဘယ်လို ကူညီပေးပါသလဲ။
လေ့လာမှုများအရ ထိတွေ့မှု အကြောင်းကြားစာများကို အသုံးပြုသူများလေလေ အကျိုးကျေးဇူးပိုများလေဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။ ဝါရှင်တန်ပြည်နယ်တွင်းရှိ ခရိုင် သုံးခုတွင် ပြုလုပ်သည့် အစမ်းလုပ်ဆောင်မှုများအရ WA Notify ကို အသုံးပြုသူအနည်းငယ်ရှိလျှင်လည်း ရောဂါပိုးကူးစက်ခံရမှုနှင့် သေဆုံးမှုကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ ကာကွယ်ဆေးထိုးထားပြီး နှာခေါင်းစည်းများ တပ်ထားသောအခါ အသက်များကို ကယ်တင်နိုင်ပါသည်။ လူကိုယ်တိုင်ပြန်လည်တက်ရောက်ရသော လူစုလူဝေးများနေရာတွင် WA Notify သည် ကာကွယ်မှု၏ အပိုဆောင်းအလွှာတစ်ခု ဖြစ်ပါသည်။ ၎င်းမှာ သင်နှင့် သင့်အနီးနားရှိလူများကို ဘေးကင်းစွာထားရန် သင်လုပ်နိုင်သည့် နောက်တစ်ခုပါ။
သင်က ကိုယ်တိုင် စစ်ဆေးမှုဖြင့် COVID-19 အတွက် စစ်ဆေးမှုမှပိုးတွေ့ရလဒ် ရရှိပါက အခြားလူများကို အကြောင်းကြားရန် နည်းလမ်း
ကိုယ်တိုင်စစ်ဆေးမှု ကိရိယာအစုံ (အိမ်တွင်း စစ်ဆေးမှုများဟုလည်း ခေါ်သည်) ကို အသုံးပြုပြီး စစ်ဆေးမှုမှ COVID-19 ပိုးတွေ့ရှိသည့် WA Notify အသုံးပြုသူများသည် အခြား WA Notify အသုံးပြုသူများအား ၎င်းတို့အနေဖြင့် COVID-19 ထိတွေ့ထားနိုင်ကြောင်း အမည်ဝှက်ရန်အလို့ငှာ အသိပေးရန် အတည်ပြုကုဒ်တစ်ခုကို တောင်းဆိုနိုင်ပါသည်။

iPhone တွင်-
- Settings (ဆက်တင်များ) သို့သွားပြီး Exposure Notifications (ထိတွေ့မိမှု အကြောင်းကြားစာများ) ကို ဖွင့်ပါ။
- “Share a COVID-19 Diagnosis (COVID-19 ဖော်ထုတ်တွေ့ရှိမှု တစ်ခုကို မျှဝေမည်)” ကို ရွေးချယ်ပါ။
- “Continue (ဆက်လုပ်မည်)” ကို ရွေးချယ်ပါ။
- ကုဒ်တစ်ခုထည့်ရန် ရွေးချယ်စရာတစ်ခုကို သင်မြင်တွေ့ပါက “Didn’t get a code? Visit WA State Dept. of Health Website (ကုဒ်မရဘူးလား? ဝါရှင်တန်ပြည်နယ် ကျန်းမာရေးဌာန ဝဘ်ဆိုက်ဒ်သို့ ဝင်ကြည့်ပါ)” ကို ရွေးပါ။ သင်ကုဒ်ကို ထည့်သွင်းရန် ရွေးချယ်စရာကို သင်မမြင်တွေ့ပါက နောက်တစ်ဆင့်သို့ သွားပါ။
- WA Notify ကို သုံးသည့် သင့်ဖုန်း၏ ဖုန်းနံပါတ်နှင့် သင်၏ COVID-19 စစ်ဆေးမှု ပိုးတွေ့ရှိသည့် ရက်စွဲကို ရိုက်ထည့်ပါ။
- “Continue (ဆက်လုပ်မည်)” ကို ရွေးချယ်ပါ။

Android ဖုန်းတွင်-
- WA Notifyကိုဖွင့်ပြီး “Share your test result to help stop the spread of COVID-19”(ကိုဗစ်-19 ပျံ့နှံ့မှုကို ရပ်တန့်အောင် ကူညီရန် သင့် စစ်ဆေးရလဒ်ကို မျှဝေမည်)” ကို ရွေးချယ်ပါ။
- “Continue(ဆက်လုပ်မည်)” ကို ရွေးချယ်ပြီးနောက် “I need a code. (ကျွန်ုပ် ကုဒ်တစ်ခုကို လိုအပ်သည်) ” ကို ရွေးချယ်ပါ။
- WA Notify ကို သုံးသည့် သင့် ဖုန်း၏ ဖုန်းနံပါတ် နှင့် သင်ပိုးတွေ့ရှိသည့် ရက်စွဲကို ရိုက်ထည့်ပါ။
- “Send Code(ကုဒ်ပေးပို့ပါ)” ကို ရွေးချယ်ပါ။
Android နှင့် iPhone ကိုင်ဆောင်သူများအတွက် အောက်ပါ QR ကုဒ်ကို စကန်ဖတ်ပါ သို့မဟုတ် မိုဘိုင်းလ်ပစ္စည်း အသုံးပြုသူဖြစ်ပါက WA Notify ကို ထည့်သွင်းပါ။

သင်သည် ပေါ်လာသော အကြောင်းကြားစာတစ်ခုနှင့် အတည်ပြုကုဒ်ပါသော စာသားမက်ဆေ့ချ်တစ်စောင်ကို လက်ခံရရှိပါလိမ့်မည်။ သင်သည် အခြားအသုံးပြုသူများကို ထိတွေ့မိခဲ့နိုင်ကြောင်း မည်သူမျှမသိစေဘဲ သတပေးရန်အတွက် WA Notify ထဲတွင် အဆင့်များကို လိုက်လုပ်ရန်အတွက် အကြောင်းကြားစာကို တို့ရန် သို့မဟုတ် စာသားမက်ဆေ့ချ်ထဲရှိ လင့်ခ်ကို ကလစ်လုပ်ရန်သာ လိုပါသည်။
သင်သည် WA Notify တွင် အတည်ပြုကုဒ်ကို တောင်းဆိုလို့မရခဲ့လျှင် သင်သည် ပြည်နယ် COVID-19 အရေးပေါ်နံပါတ် 1-800-525-0127 ကို ဖုန်းဆက်ပြီး # ကို နှိပ်ပါ ထို့နောက် ဟော့လိုင်းဝန်ထမ်းအား သင်သည် WA Notify အသုံးပြုသူတစ်ယောက်ဖြစ်ကြောင်း ပေးသိပါ။ ပိုးနှင့်ထိတွေ့မိနိုင်သော အခြား WA Notify အသုံးပြုသူများကို အသိပေးရာတွင် အသုံးပြုနိုင်သော အတည်ပြုလင့်ခ်တစ်ခုကို အရေးပေါ်နံပါတ်ကိုင်သော ဝန်ထမ်းက ထုတ်ပေးနိုင်ပါသည်။
သင်၏ ပိုးတွေ့ရှိသော ကိုယ်တိုင်စစ်ဆေးမှု COVID-19 စစ်ဆေးရေး ရလဒ်များကို သတင်းပို့ရန်နည်းလမ်း
ကိုယ်တိုင် စစ်ဆေးကိရိယာ (အိမ်တွင်း စစ်ဆေးမှုများဟုလည်းခေါ်သည်) ကို အသုံးပြုပြီး COVID-19 အတွက် စစ်ဆေးမှုမှ ပိုးတွေ့ရှိသူများသည် WA Notify လျှောက်လွှာပြင်ပရှိ Department of Health (DOH, ကျန်းမာရေးဌာန) သို့ သတင်းပို့နိုင်ပါသည်။ စစ်ဆေးမှု ပိုးတွေ့ရှိ ရလဒ်ကို သတင်းပို့ရန်နည်းလမ်းဆိုင်ရာ လက်ရှိ လမ်းညွှန်ချက်အတွက် COVID-19 စာမျက်နှာအတွက် DOH စစ်ဆေးခြင်းသို့ ကိုးကားပါ။
အခမဲ့ စစ်ဆေးမှု ကိရိယာများကို Say Yes! COVID Test (ဟုတ်ကဲ့ဟု ပြောပါ! ကိုဗစ်စစ်ဆေးမှု) အစီအစဉ်မှလည်း ရယူနိုင်ပါသည်။
အပိုဆောင်း လမ်းညွှန်ချက်ကို DOH ၏ COVID-19 ပိုးစစ်ဆေးတွေ့လျှင် ဘာလုပ်ရမလဲ ရင်းမြစ်တွင် မြင်တွေ့နိုင်ပါသည်။
သတိပြုရန်- WA Notify သည် ထိတွေ့မိကြောင်း အသိပေးသည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါသည်။ အသုံးပြုသူများအား ၎င်းတို့၏ ရလဒ်များကို DOH သို့ သတင်းပို့ရန် ဒီဇိုင်းထွင်ထားခြင်း မဟုတ်ပါ။ DOH သို့ ရလဒ်များ တင်ပြခြင်းသည် WA Notify အပလီကေးရှင်းစနစ်၏ ပြင်ပတွင် ဖြစ်ပါသည်။
အဘယ်ကြောင့် ထိတွေ့မှု ခြေရာခံခြင်းနှင့် WA Notify နှစ်မျိုးစလုံး လိုရပါသနည်း။
ထိတွေ့မှု ခြေရာခံခြင်းသည် အများပြည်သူကျန်းမာရေးအတွက် လုပ်ဆောင်ရာတွင် ဆယ်စုနှစ်များစွာ အသုံးဝင်သည့် နည်းလမ်းဖြစ်ခဲ့ပါသည်။ WA Notify က ဤအလုပ်ကို အမည်မသိအနေဖြင့် ကူညီလုပ်ဆောင်ပေးပါသည်။ ဤတွင် ဥပမာ တစ်ခုဖြစ်ပါသည်- အကယ်၍ သင့်တွင် COVID-19 ရောဂါပိုးတွေ့ရှိပါက အစိုးရကျန်းမာရေး အရာရှိက သင့်ကို ဖုန်းဆက်ပြီး လတ်တလော သင်၏ အနီးကပ်ထိတွေ့မိသူများအကြောင်းကို မေးမြန်းပါလိမ့်မည်။ ဘတ်စ်ကားပေါ်တွင် အတူထိုင်လာသည့် သူစိမ်းတစ်ယောက်အကြောင်းကို သင်သိနိုင်လိမ့်မည် မဟုတ်ပါ။ သင်တို့နှစ်ယောက်စလုံး WA Notify ကို အသုံးပြုပါက ဘတ်စ်ကားပေါ်မှ လူစိမ်းက ဘယ်သူမှမသိစေဘဲ ထိတွေ့မိနိုင်မှုကို သတိပေးလိုက်နိုင်ပြီး COVID-19 ပိုးကို သူတို့၏ မိတ်ဆွေနှင့် မိသားစုများထဲ မပျံ့သွားအောင် ကာကွယ်ရန် လိုအပ်သည်များကို လုပ်ဆောင်ပါလိမ့်မည်။ ကာကွယ်ဆေးများကဲ့သို့ပင် နှာခေါင်းစည်းတပ်ခြင်းက COVID-19 ကူးစက်မှုကို ကူညီဟန့်တားပေးနိုင်ပြီး ၎င်းတို့နှစ်ခုစလုံးဆိုပါက ပို၍ ထိရောက်ပါသည်။
WA Notify ကို ဆက်လက်အသုံးပြုရန် လိုအပ်ပါသလား သို့မဟုတ် ယခုပိတ်နိုင်ပါသလား။
လူတိုင်းကို ၎င်းတို့၏ ဖုန်းတွင် WA Notify ကို သက်ဝင်အောင်လုပ်ဆောင်ထားပြီး ပိတ်မထားရန် တိုက်တွန်းပါသည်။ ကန့်သတ်မှုများ ပြေလျော့လာပြီး လုပ်ဆောင်ချက်များ ပြန်စနေပြီဖြစ်သောကြောင့် WA Notify သည် သင်နှင့်အတူ အပိုဆောင်း ကာကွယ်မှုအလွှာတစ်ခုကို သယ်ဆောင်ရန် လွယ်ကူသော နည်းလမ်းတစ်ခု ဖြစ်ပါသည်။
ကျွန်ုပ်ကာကွယ်ဆေးထိုးထားပြီးပါက WA Notify ကို လိုအပ်ပါသေးသလား။
လိုအပ်ပါသည်။ Washington သည် COVID-19 ကို အချိန်ခဏတာ ကိုင်တွယ်ဖြေရှင်းသွားပါမည်။ ကာကွယ်ဆေးများက မည်မျှကြာ ထိရောက်ကြောင်းနှင့် ကာကွယ်ဆေးထိုးမှုများက COVID-19 မျိုးကွဲများကို မည်မျှကောင်းမွန်စွာ ကာကွယ်ပေးကြောင်းကဲ့သို့ ဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အရာများစွာကို လေ့လာနေဆဲ ဖြစ်ပါသည်။ အန္တရာယ်က ကာကွယ်ဆေးထိုးထားသူများအတွက် နည်းပါးလျှင်ပင် ကာကွယ်ဆေး အပြည့်အစုံထိုးထားသူများက COVID-19 ကို ထိတွေ့ပြီး ကူးစက်နိုင်သည်ကို သိနားလည်ပါသည်။ ထို့အပြင် ကာကွယ်ဆေးထိုးမထားရသေးသည့် လူများ ရှိသည်ကို သိနားလည်ပါသည်။ အဆိုပါအကြောင်းရင်းများကြောင့် Washington ဒေသခံအားလုံးအား COVID-19 ကူးစက်မှုကို ရပ်တန့်ရန် ၎င်းတို့၏ ဖုန်းများတွင် WA Notify ကို သက်ဝင်လုပ်ဆောင်ရန် တိုက်တွန်းအားပေးပါသည်။
WA Notify (ဒဗျူလူအေ အကြောင်းကြားစာ) အကြောင်းကို ကူညီ ဖြန့်ဝေပေးလိုပါသလား။
လူမှု မီဒီယာ မက့်ဆေ့ချ်ပို့ခြင်း၊ ပိုစတာများ၊ နမူနာ ရေဒီယိုနှင့် တီဗီကြော်ငြာများအတွက် ကျွန်ုပ်တို့၏ WA Notify ဆော့ဖ်ဝဲကို ကြည့်ရှုပါ။ ထို့အပြင် သင့်သူငယ်ချင်းများနှင့် မိသားစုကိုလည်း ပြောပြပါ။ WA Notify ကို အသုံးပြုသူ ပိုများလေ သင်နှင့် သင့်အသိုက်အဝန်းကို ကာကွယ်ရာတွင် ပိုကောင်းမွန်လေ ဖြစ်ပါသည်။
အခြား မေးလေ့မေးထရှိသော မေးခွန်းများ
- WA Notifyထဲတွင် ထိတွေ့မိသောရက် ကို ဘယ်လိုရှာရမလဲ။
-
iPhone:တစ်ခုထဲတွင်-
- Settings (ဆက်တင်များ) သို့သွားပါ
- Exposure Notifications(ထိတွေ့မိမှု အကြောင်းကြားစာများ) ကို ရွေးချယ်ပါ သို့မဟုတ် ရှာဖွေအကွက်တွင် Exposure Notifications(ထိတွေ့မိမှု အကြောင်းကြားစာများ) ဟု ရိုက်ထည့်ပါ။
- သင်၏ အနီးစပ်ဆုံး ထိတွေ့မှုရက်စွဲကို “You may have been exposed to Covid -19 (သင်သည် Covid-19 နှင့် ထိတွေ့ဖူးနိုင်သည်)” အောက်တွင် ပြပါမည်
အန်းဒရွိုက်တစ်ခုထဲတွင်-
- WA Notify အက်ပ်စ် ကို ဖွင့်ပါ။
- “Possible exposure reported (အစီရင်ခံထားရသော ထိတွေ့မိနိုင်မှု)”အောက်ရှိ See Details (အသေးစိတ်ကြည့်မည်) ကို ရွေးချယ်ပါ။
- သင်၏ အနီးစပ်ဆုံး ထိတွေ့မှုရက်စွဲကို “Possible Exposure Date (ဖြစ်နိုင်ခြေရှိသော ထိတွေ့မှုရက်စွဲ)” အောက်တွင် ပြပါမည်
- Washington State Department of Health (DOH, ဝါရှင်တန်ပြည်နယ် ကျန်းမာရေးဌာန) မှ အကြောင်းကြားစာ နှင့်/သို့မဟုတ် စာသား တစ်စောင် ကျွန်ုပ်လက်ခံရရှိခဲ့သည်။ ဘာကြောင့်လဲ။
-
WA Notify အသုံးပြုသူများသည် ထိတွေ့မိနိုင်သော အခြားသူများကို အလျှင်အမြန် နှင့် ဘယ်သူမှမသိစေဘဲ သတိပေးနိုင်ရန် DOH သည် လတ်တလောတွင် ကိုဗစ်-19 ပိုးစစ်ဆေးတွေ့ရှိသူတိုင်းကို စာသားမက်ဆေ့ချ် နှင့်/သို့မဟုတ် ပေါ်လာသော အကြောင်းကြားစာ တစ်စောင်ကို ပေးပို့ပါသည်။ ၎င်းအကြောင်းကြားစာများ နှင့် ၎င်းတို့မှာ ဘယ်လိုပုံစံမျိုးလဲဆိုတာကို ကြည့်ရန် ပိုမိုလေ့လာမည်။
စာသားမက်ဆေ့ချ်ရော အသိပေးချက်နှစ်ခုစလုံးကို သင်လက်ခံရရှိပါက အခြားအသုံးပြုသူများကို ထိတွေ့မိနိုင်ကြောင်း ဘယ်သူမှမသိစေဘဲ သတိပေးရန် အကြောင်းကြားစာကို တို့လိုက်ရန် သို့မဟုတ် စာသားမက်ဆေ့ချ်ပါ လင့်ခ်ကို ကလစ်လုပ်ပြီး WA Notify တွင်ပါသည့် အဆင့်များကို လိုက်လုပ်ရန် ဖြစ်ပါသည်။
- ကျွန်ုပ်သည် ပြည်သူ့ကျန်းမာရေးသို့ ကျွန်ုပ်၏ WA Notify အချက်အလက် ကို ထည့်၀င်ခြင်းနှင့်ပက်သက်ပြီး အကြောင်းကြားစာတစ်စောင် ရရှိခဲ့ပါသည်။ ဘာကြောင့်လဲ။
-
DOH သည် ပိုမိုကောင်းမွန်အောင် မွမ်းမံမှုများ ပြုလုပ်နိုင်ရန် WA Notify အလုပ်ကောင်းကောင်းဘယ်လောက်လုပ်လဲ သိလိုပါသည်။ သင့် WA Notify အချက်အလက်ကို မျှရန် သဘောတူလျှင်လည်း သင်၏ ကိုယ်ရေးကိုယ်တာများကို အပြည့်အဝ ကာကွယ်ပေးထားမည် ဖြစ်ပါသည်။ မည်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်ကိုမျှ ကောက်ခံထားခြင်း သို့မဟုတ် မျှခြင်း ပြုလုပ်မည်မဟုတ်သကဲ့သို့ သင်မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း ဖော်ထုတ်မည် မဟုတ်ပါ။ ပြည်နယ်အဆင့် DOH ကသာ ၎င်းအချက်အလက်များကို အသုံးပြုနိုင်မည် ဖြစ်သည်။
- WA Notify အသုံးပြုသူများက ၄င်းတို့၏ အချက်အလက်များကို မျှရန် သဘောတူညီပါက မည်သည့်အချက်အလက်များကို စုဆောင်းမည်နည်း။
-
သင့်အချက်အလက်များကို မျှရန် သဘောတူလျှင်လည်း သင်၏ ကိုယ်ရေးကိုယ်တာများကို အပြည့်အဝ ကာကွယ်ပေးထားမည် ဖြစ်ပါသည်။ မည်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်ကိုမျှ ကောက်ခံထားခြင်း သို့မဟုတ် မျှခြင်း ပြုလုပ်မည်မဟုတ်သဖြင့် သင်မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပါ။ DOH ကသာ ဤပြည်နယ်အဆင့် ဒေတာများကို မြင်တွေ့နိုင်မည်ဖြစ်ပြီး ယင်းတွင် အောက်ပါတို့ ပါဝင်ပါသည်-
- WA Notify မှ ၄င်းတို့၏ အချက်အလက်ကို မျှရန်သဘောတူညီသည့် လူအရေအတွက်။ ၄င်းက ကျွန်ုပ်တို့၏ နမူန သည် ဘယ်လောက်အခြေအနေကို ကိုယ်စားပြုသလဲ သိနိုင်စေမည် ဖြစ်ပါသည်။
- WA Notify အသုံးပြုသူများက လက်ခံရရှိသော WA Notify အရေအတွက် ၄င်းက ကိုဗစ်-19 ၏ ပျံ့နှံ့မှုအလားအလာကို သိနိုင်စေမည် ဖြစ်ပါသည်။
- ထိတွေ့မှု အကြောင်းကြားစာ ပေါ်တွင် ကလစ်လုပ်သည့် လူအရေအတွက်။ ၄င်းက လူဘယ်လောက်က ပြည်သူ့ကျန်းမာရေး တိုက်တွန်းချက်များကို ထည့်သွင်းစဥ်းစားရန် စိတ်အားထက်သန်သလဲ သိနိုင်စေမည် ဖြစ်ပါသည်။
- ကိုဗစ်-19 ရောဂါပိုးတွေ့ရှိသူဘေးနားတွင် ရှိနေပြီး ထိတွေ့မိကြောင်း အကြောင်းကြားခံရရန် အနီးကပ်မှု သို့မဟုတ် ကြာချိန်မလုံလောက်သည့် လူအရေအတွက်။ ၄င်းက WA Notify တွင်ထည့်ထားသော ထိတွေ့မှုတစ်ခုကို ဆုံးဖြတ်ပေးသည့် တွက်နည်းကို ချိန်ညှိရန်လိုမလို စဥ်းစားရာတွင် ကူညီပေးနိုင်ပါသည်။
- ကျွန်ုပ်သည် WA Notify ကို ကျွန်ုပ်၏ အိုင်ဖုန်းပေါ်တွင် ဖွင့်လိုက်လျှင် "Availability Alerts (ရရှိနိုင်မှု သတိပေးချက်) ” အတန်းကို ဖွင့်ထား သို့မဟုတ် ပိတ်ထားသင့်သလား။
-
ပိတ်ထားလည်း ရပါသည်။ ဝါရှင်တန် ပြည်နယ်ပြင်ပသို့ အထိုက်အလျောက်ကြာသော ကာလတစ်ခုကြာခရီးသွားမည်ဆိုလျှင် ၎င်းကို ဖွင့်ထားရန် တိုက်တွန်းအကြံပြုအပ်ပါသည်။ Availability Alerts (ရရှိနိုင်မှု သတိပေးချက်များ) ကို ဖွင့်ထားသောအခါ WA Notify ကဲ့သို့ ထိတွေ့မှု အသိပေးချက် ကိရိယာတစ်ခုကို ပံ့ပိုးပေးသည့် တည်နေရာနောက်တစ်ခုသို့ ခရီးသွားသောအခါ အသိပေးချက်ကို လက်ခံရရှိနိုင်ပါသည်။ iPhone တစ်လုံး သင့်တွင် ရှိပါက ဒေသများစွာကို သင်ပေါင်းထည့်နိုင်သော်လည်း တစ်ကြိမ်လျှင် ဒေသတစ်ခုကသာ ပွင့်နေနိုင်ပါသည်။ ဒေသအသစ်တစ်ခုကို အသက်သွင်းရန်အတွက် ဒေသတစ်ခုကို ဖယ်ရှားပစ်ရန် မလိုအပ်ပါ။ သင့်တွင် Android ဖုန်းတစ်လုံးရှိပါက ပြည်နယ်စုံမှ WA Notify ကဲ့သို့ ထိတွေ့မှု အသိပေးချက် အက်ပ်များကို သင်ထည့်သွင်းနိုင်ပါသည်၊ သို့သော် တစ်ကြိမ်လျှင် WA Notify နှင့် ကိုက်ညီသည့် နည်းပညာကို အသုံးပြုသည့် အက်ပ်တစ်ခုကသာ သက်ဝင်နေနိုင်ပါသည်။
- WA Notify ကို အသုံးပြုရန် ဖွင့်ပေးရမည်လား။
-
ဖွင့်ပေးရပါမည်။ WA Notify က အခမဲ့ဖြစ်ပြီး ဆန္ဒအလျောက်ဖြစ်ပါသည်။ မည်သည့်အချိန်တွင်မဆို ပိတ်ထားလိုက်နိုင်ပါသည်။ ထိုသို့လုပ်ဆောင်ရန် iPhone တွင် လုပ်ဆောင်ချက်တစ်ခုကို ပိတ်လိုက်ပါ သို့မဟုတ် Android ဖုန်းမှ အက်ပ်တစ်ခုကို ဖျက်ပစ်ပါ။ သင်က ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် အနီးအနားရှိ အသုံးပြုသူများထံမှ သိမ်းဆည်းထားသော ကျပန်းကုဒ်များအားလုံးကို ဖျက်ပစ်လိုက်မည် ဖြစ်ပြီး ပြန်လည်ရယူနိုင်လိမ့်မည် မဟုတ်ပါ။
- WA Notify သည် ထိတွေ့မိသူကို ခြေရာခံ အက်ပ်စ် တစ်ခုလား။
-
မဟုတ်ပါ။ WA Notify သည် သင့်အနီးအနားတွင်ရှိသောသူများကို ခြေရာခံမလိုက်သလို အချက်အလက်များကိုလည်း နောင်ယောင်ခံမလိုက်ပါ၊ ထို့ကြောင့် ၎င်းသည် “ခြေရာခံလိုက်ခြင်း” ကို မပြုလုပ်ပါ။ ခြေရာခံလိုက်ခြင်းဆိုသည်မှာ COVID-19 ပိုးစစ်ဆေးတွေ့ရှိခဲ့သော သူတစ်ယောက်နှင့် ထိတွေ့မိခဲ့နိုင်သော လူတိုင်းကို ရှာဖွေဖော်ထုတ်ပါသည်။ ကိရိယာသည် မည်သည့် တစ်ကိုယ်ရေ အချက်အလက်ကိုမျှ စုဆောင်း သို့မဟုတ် ဖလှယ်ခြင်း မပြုလုပ်သဖြင့် သင်မည်သူနှင့်ထိတွေ့မိသလဲကို မည်သူကမျှ သိရန် မဖြစ်နိုင်ပါ။
- “ထိတွေ့မှု” ဆိုတာဘာလဲ။
-
သင်သည် နောင်တွင် COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိသည့် WA Notify အသုံးပြုသူနောက်တစ်ယောက်နားတွင် အချိန်ကြာရှိနေခဲ့ပါက ထိတွေ့မှု ရှိပါသည်။ ထိတွေ့မှုကို ဆုံးဖြတ်ရန် WA Notify သည် သင့်ကို သတိပေးစရာမလိုသော COVID-19 ကူးစက်နိုင်သည့် ဘေးကင်းသည့် အကွာအဝေး သို့မဟုတ် တိုတောင်းသော အချိန် ပမာဏသာ ရှိသည့် အခြေအနေများကို ဖော်ထုတ်ရန် အယ်လ်ဂိုရသမ် တစ်ခုကို အသုံးပြုပါသည်။ WA Notify သည် အခြားလူတစ်ဦးနှင့် သင်၏ တုံ့ပြန်ဆက်ဆံမှုသည် သိသာသော COVID-19 ကူးစက်ပြန့်ပွားမှု အန္တရာယ်ရှိသည်ဟု DOH က ယုံကြည်သည့် အခြေအနေများ ပြည့်မီလောက်အောင် ကြာမြင့်ပြီး နီးကပ်မှသာ ထိတွေ့မှု အသိပေးချက် ပေးပို့ပါမည်။ ဤတွက်ချက်မှုကို လူထုကျန်းမာရေးအရာရှိများကသာ ချိန်ညှိနိုင်ပါသည်။
- ကျွနုပ်တွင် ထိတွေ့မှု ရှိကြောင်း WA Notify က ပြောလာပါက ဘာဆက်ဖြစ်မည်နည်း။
-
အကယ်၍ WA Notify က သင်သည် ထိတွေ့မှုရှိခဲ့ကြောင်း တွေ့ရပါက သင်ဘာဆက်လုပ်ရမလဲဆိုသည့်အကြောင်း အချက်အလက်များပါသည့် ၀က်ဘ်ဆိုက်ဒ်ထဲသို့ လမ်းပြပေးမည့် အကြောင်းကြားစာတစ်စောင် ဖုန်းထဲသို့ရောက်လာပါလိမ့်မည်။ ယင်းတွင် ဘယ်နေရာတွင် ဘယ်လိုစစ်ဆေးခံရမလဲ၊ သင်နှင့် အခြားသူများ ကူးစက်မခံရအောင် ဘယ်လိုနေမလဲ နှင့် အခြားမေးခွန်းများကို ဖြေဆိုရန် အရင်းအမြစ်များ ပါ၀င်ပါလိမ့်မည်။ ၀က်ဘ်ဆိုက်ဒ်ထဲပါသော အကြောင်းအရာ နှင့် လမ်းညွှန်ချက်များကို ဖတ်ရှု့လိုက်နာရန် အရေးကြီးပါသည်။
- ကျွနု်ပ်တွင် ကိုဗစ်-19 ရောဂါပိုးရှိကြောင်း လူတွေသိသွားကြမလား။
-
မသိနိုင်ပါ။ WA Notify က သင့်အချက်အလက်များကို ဘယ်သူနှင့်မျှ မမျှပါ။ အကယ်၍ တစ်ယောက်ယောက်က ထိတွေ့မှုရှိနိုင်ကြောင်း အကြောင်းကြားစာကို လက်ခံရရှိလျှင် ၎င်းတို့အနေဖြင့် ကိုဗစ်-19 ရောဂါပိုးစစ်ဆေးတွေ့ရှိသူနှင့် ထိတွေ့မိခဲ့ကြောင်းကိုသာ သိနိုင်ပါလိမ့်မည်။ ထိုလူက မည်သူဖြစ်သလဲ သို့မဟုတ် ထိတွေ့က မည်သည့်နေရာမှာဖြစ်သလဲကို မသိနိုင်ပါ။
- WA Notify အတွက် ပိုက်ဆံပေးရမလား။
-
မပေးရပါ။ WA Notify သည် အခမဲ့ ဖြစ်ပါသည်။
- WA Notify က ၀ါရှင်တန် ပြည်နယ်ကို ဘယ်လိုကူညီနိုင်မလဲ။
-
University of Washington ၏ လေ့လာမှုအရ (အင်္ဂလိပ်လိုသာ) ထိတွေ့မိမှု အကြောင်းကြားစာ အသုံးပြုသူများလေလေ အကျိုးကျေးဇူးရှိလေလေဟု တွေ့ရှိထားပါသည်။ ရလဒ်များတွင် WA Notify သည် ခန့်မှန်းခြေ လူ 40 မှ 115 ယောက်၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းကို အသုံးပြုသည့် ပထမ လေးလအတွင်းတွင် COVID-19ဖြစ်နိုင်ခြေ ဖြစ်စဉ် 5,500 ကို ကာကွယ်နိုင်ခဲ့နိုင်သည်ဟု ပြသခဲ့ပါသည်။ ဒေတာပုံစံတွင် WA Notify ကို အသုံးပြုသည့် လူအနည်းငယ်ပင်ရှိစေကာမူ COVID-19 ကူးစက်ခံရမှုနှင့် သေဆုံးမှုကို လျှော့ချနိုင်ပြီး WA Notify သည် COVID-19 ပျံ့နှံ့မှုကို ကာကွယ်ရန် အကောင်းဆုံးကိရိယာတစ်ခုဟု သက်သေပြနိုင်ခဲ့ပါသည်။
- ကျွနုပ် ပြည်နယ်ပြင်ပသို့ ခရီးသွားနေလျှင် WA Notify က အလုပ်လုပ်မည်လား။
-
အလုပ်လုပ်ပါမည်။ အကယ်၍ သင်သည် တူညီသော Google/Apple နည်းပညာကို အသုံးပြုသည့် အက်ပ် (အင်္ဂလိပ်ဘာသာဖြင့်သာ) ရှိသည့် ပြည်နယ်သို့ ခရီးသွားလျှင် သင့်ဖုန်းသည် ၎င်းပြည်နယ်တွင်းရှိ အခြားသော အသုံးပြုသူများနှင့် ကျပန်းကုဒ်များကို ဆက်လက်ဖလှယ်နေပါလိမ့်မည်။ သင်စမတ်ဖုန်းဆက်တင်များတွင် မည်သည့်အရာကိုမျှ ပြောင်းလဲရန် မလိုအပ်ပါ။ အကယ်၍သင်သည် ဝါရှင်တန် ပြည်နယ်ပြင်ပသို့ ခရီးရှည်သွားမည်ဆိုပါက ပြည်နယ်အသစ်တွင် ဒေသန္တရ အထောက်အပံ့နှင့် သတိပေးမှုများအကြောင်းကို လေ့လာသင့်ပါသည်။
- အခြားအသုံးပြုသူများကို အကြောင်းကြားရန် WA Notify က အချိန်ဘယ်လောက်ယူရသလဲ။
-
အခြားအသုံးပြုသူတစ်ယောက် ထံမှ ကိုဗစ်-19 နှင့်ထိတွေ့မိသော အသုံးပြုသူများသည် ကိုဗစ်- ပိုးစစ်ဆေးတွေ့ရှိသော အသုံးပြုသူက အခြား WA Notify အသုံးပြုသူများကို မည်သူမျှမသိစေဘဲ သတိပေးရန် WA Notify ထဲရှိ အဆင့်များကို လိုက်နာလုပ်ဆောင်ပြီးနောက် 24 နာရီအတွင်း အကြောင်းကြားစာတစ်စောင်ကို လက်ခံရရှိပါလိမ့်မည်။
- WA Notify ထံမှ သတိပေးစာ အကြိမ်ကြိမ် ရခြင်းမျိုး ဖြစ်နိုင်ပါသလား။
-
စစ်ဆေးမှု ပိုးတွေ့ရှိသည့် အသုံးပြုသူများသည် ပေါ့အပ် အသိပေးချက်နှင့် စာသား မက်ဆေ့ချ်နှစ်ခုစလုံးကို လက်ခံရရှိနိုင်ပါသည်။ ထိတွေ့မှု အကြိမ်ကြိမ်ရှိခဲ့သော အသုံးပြုသူများထံသို့ ထိတွေ့အကြိမ်တိုင်းအတွက် အကြောင်းကြားစာများ ပေးပို့ခံရပါလိမ့်မည်။
- ကျွနုပ် တွင် ကိုဗစ် ရောဂါပိုးရှိနေပါက WA Notify ကို ဘယ်လို ပြောရမလဲ။
-
သင့်တွင် ပိုးတွေ့ရှိပြီး DOH မှ သို့မဟုတ် သင်၏ ဒေသန္တရ လူထုကျန်းမာရေးထံမှ တစ်စုံတစ်ယောက်က သင့်ထံ ဆက်သွယ်လာပါက WA Notify ကို အသုံးပြုနေခြင်းရှိ၊ မရှိ မေးမြန်းပါမည်။ သင်တွင်ရှိနေပါက သူတို့က သင့်အား အတည်ပြုလင့်ခ် နှင့်/သို့မဟုတ် အကြောင်းကြားစာ တစ်ခုကို ပို့ပေးလိမ့်မည်ဖြစ်ပြီး WA Notify သို့ ၎င်းကို ရိုက်ထည့်ရန် အဆင့်များကို လိုက်နာလုပ်ဆောင်ရန် ကူညီပေးပါလိမ့်မည်။ လင့်ခ် သို့မဟုတ် အကြောင်းကြားစာကို သင်၏ ပုဂ္ဂိုလ်ရေး အချက်အလက်နှင့် ချည်နှောင်ထားခြင်း မရှိပါ။ DOH သည် COVID-19 အတွက် မကြာသေးခင်ကမှ စစ်ဆေးမှုပိုးတွေ့ရှိထားသည့် လူများက အသုံးပြုသူသည့် ဖုန်းနံပါတ်သို့ စာတို မက်ဆေ့ချ် နှင့်/သို့မဟုတ် အသိပေးချက်ကိုလည်း ပေးပို့ပါသည်။
DOH သည် သင်က အဆင့်များကို လိုက်နာဆောင်ရွက်သောအခါ WA Notify ထိတွေ့မှု အသိပေးချက်များကို လက်ခံရရှိမည့် လူများကို သိနိုင်မည် မဟုတ်ပါ။ ထိတွေ့မိမှု အကြောင်းကြားစာတွင် သင့်အကြောင်းမည်သည့်အချက်အလက်မျှ ပါဝင်လိမ့်မည် မဟုတ်ပါ။ WA Notify ထဲတွင် လူများမျာက ဘယ်သူမှမသိစေဘဲ ၎င်းတို့၏ ရလဒ်တွေကို အတည်ပြုကြလေလေ COVID-19 ပိုးပျံ့နှံ့မှုကို ပိုကောင်းကောင်း ကာကွယ်နိုင်လေဖြစ်ပါသည်။
သင့်တွင် ပိုးတွေ့ရှိထားပြီး သင်က WA Notify တွင် သင့်ရလဒ်ကို အမည်ဝှက်၍ အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပါက အခြား WA Notify အသုံးပြုသူများအား ဖြစ်နိုင်ခြေရှိသော ထိတွေ့မှုအကြောင်း အမည်ဝှက်၍ အကြောင်းကြားရန်အလို့ငှာ အတည်ပြုကုဒ်ကို တောင်းဆိုရန် အဆင့်များအတွက် ဤစာမျက်နှာ အထက်ရှိ “ကိုယ်တိုင် စစ်ဆေးမှုဖြင့် COVID-19 အတွက် စစ်ဆေးမှုပိုးတွေ့ပါက အခြားလူများကို အကြောင်းကြားရန် နည်းလမ်း” အပိုင်းကို ကိုးကားပါ။
- WA Notify ကို ကျွနုပ်၏ ဖုန်းထဲ ထည့်ပြီးနောက် ကျွနုပ်လုပ်ရမည်များ ရှိပါသေးသလား။
-
အာက်ပါအခြေအနေများတွင်သာ ထပ်ဆောင်း လုပ်ဆောင်ချက်များကို ပြုလုပ်ရန် လိုအပ်ပါသည်။
- သင့်တွင် ကိုဗစ်-19 ရောဂါပိုး စစ်ဆေးတွေ့ရှိချိန် သို့မဟုတ်
- သင်သည် ထိတွေ့မှုရှိကြောင်း အကြောင်းကြားစာ လက်ခံရရှိချိန်။
သင့်တွင် ပိုးတွေ့ရှိပြီး DOH မှ သို့မဟုတ် သင်၏ ဒေသန္တရ လူထုကျန်းမာရေးထံမှ တစ်စုံတစ်ယောက်က သင့်ထံ ဆက်သွယ်လာပါက WA Notify ကို အသုံးပြုနေခြင်းရှိ၊ မရှိ မေးမြန်းပါမည်။ သင်တွင်ရှိနေပါက သူတို့က သင့်အား အတည်ပြုလင့်ခ် နှင့်/သို့မဟုတ် အကြောင်းကြားစာ တစ်ခုကို ပို့ပေးလိမ့်မည်ဖြစ်ပြီး WA Notify သို့ ၎င်းကို ရိုက်ထည့်ရန် အဆင့်များကို လိုက်နာလုပ်ဆောင်ရန် ကူညီပေးပါလိမ့်မည်။ လင့်ခ် သို့မဟုတ် အကြောင်းကြားစာသည် သင့်ပုဂ္ဂလိက အချက်အလက်နှင့် ဆက်နွယ်ထားခြင်း မရှိပါ။ DOH သည် ထိတွေ့မိသည့်အကြောင်း အက်ပ်စ်က အကြောင်းကြားမည့်သူများအကြောင်းကို သိစရာ အကြောင်းမရှိပါ။ ထိတွေ့မိမှု အကြောင်းကြားစာတွင် သင့်အကြောင်းမည်သည့်အချက်အလက်မျှ ပါဝင်လိမ့်မည် မဟုတ်ပါ။ WA Notify ထဲတွင် လူများမျာက ဘယ်သူမှမသိစေဘဲ ၎င်းတို့၏ ရလဒ်တွေကို အတည်ပြုကြလေလေ COVID-19 ပိုးပျံ့နှံ့မှုကို ပိုကောင်းကောင်း ကာကွယ်နိုင်လေဖြစ်ပါသည်။
သင့်တွင် ပိုးတွေ့ရှိထားပြီး အတည်ပြုကုဒ်ကို လိုအပ်နေပါက အခြား WA Notify အသုံးပြုသူများအား ဖြစ်နိုင်ခြေရှိသော ထိတွေ့မှုအကြောင်း အမည်ဝှက်၍ အကြောင်းကြားရန်အလို့ငှာ အတည်ပြုကုဒ်ကို တောင်းဆိုရန် အဆင့်များအတွက် ဤစာမျက်နှာ အထက်ရှိ “ကိုယ်တိုင် စစ်ဆေးမှုဖြင့် COVID-19 အတွက် စစ်ဆေးမှုပိုးတွေ့ပါက အခြားလူများကို အကြောင်းကြားရန် နည်းလမ်း” အပိုင်းကို ကိုးကားပါ။
- WA Notify က ဘက်ထရီစားလား သို့မဟုတ် အင်တာနက်ဘေလ် အများကြီး ကုန်မလား။
-
မစားပါ၊ မကုန်ပါ။ သင့် အင်တာနက်ဘေလ် နှင့် ဘက်ထရီ အစားအနည်းဆုံးဖြစ်အောင် Bluetooth Low Energy technology ကို အသုံးပြုပြီး ဒီဇိုင်းရေးဆွဲထားပါသည်။
- WA Notify သည် ဘာလို့ ဘက်ထရီစားသည့် ပုံစံပေါက်နေပါသနည်း။
-
အမှန်တကကယ်တော့၊ ၎င်းက စားနေပုံမပေါက်ပါ။ သင့်ဖုန်းပေါ်ရှိ ဘက်ထရီအသုံးပြုခြင်း တွင် WA Notify ကဲ့သို့သော အက်ပ်စ်များ နေ့စဉ်အသုံးပြုသည့် ဘက်ထရီပမာဏကို ဖော်ပြထားပါသည်။ အက်ပ်နှင့် ကိရိယာအများစုက တစ်ညတည်း ကုန်မသွားပါ။ WA Notify သည် အလုပ်မလုပ်ပါ သို့သော် သင့်အား ထိတွေ့မိမှုရှိပါက သတိပေးနိုင်စေရန် ရောဂါပိုးရှိသောသူများနှင့် တိုက်စစ်ရန်အတွက် ၎င်းက နာရီအနည်းငယ်ကြာလျှင်တစ်ကြိမ် ကျပန်းကုဒ်များကို စစ်ဆေးပါသည်။ ထို့ကြောင့် ဥပမာ သင်အိပ်နေသော ညဘက်တွင် အခြားအက်ပ်များ အလုပ်မလုပ်ချိန်တွင် WA Notify က ၎င်းအချိန်တွင် ပိုများသော အသုံးပြုထားသည့် ဘက်ထရီရာခိုင်နှုန်းကို ကိုယ်စားပြုပြနေခြင်း ဖြစ်ပါသည်။ ယင်းသို့ဖြစ်နေခြင်းက WA Notify သည် ဘက်ထရီအလွန်စားသည်ဟု မဆိုလိုပါ - ဘက်ထရီ ပမာဏ အနည်းငယ်၏ ပိုများသော ရာခိုင်နှုန်းကို အသုံးပြုထားသည်ဟုသာ ဆိုလိုပါသည်။
- WA Notify အလုပ်လုပ်ရန် ဘလူးတုဒ်ကို ဖွင့်ထားပေးဖို့ လိုပါသလား။
-
လိုအပ်ပါသည်။ WA Notify သည် Bluetooth Low Energy ကို အသုံးပြုထားသဖြင့် အနီးအနားရှိ အခြားအသုံးပြုသူများကို ထောက်လှမ်းရန်အတွက် ဘလူးတုဒ်ကို အမြဲတမ်းဖွင့်ပေးထားရပါမည်။
- WA Notify ကို အမြဲဖွင့်ထားရန် လိုအပ်ပါသလား။
-
မလိုအပ်ပါ။ WA Notify က နောက်ခံထဲတွင် အလုပ်လုပ်နေနိုင်ပါသည်။
- WA Notify သည် နည်းနည်းပိုဟောင်းနေသော စမတ်ဖုန်းများထဲတွင် အလုပ်လုပ်ပါသလား။
-
အိုင်ဖုန်း အသုံးပြုသူများအနေဖြင့် အောက်ပါ အော်ပရေးရှင်းစနစ်ရှိပါက WA Notify ကို အသုံးပြုနိုင်ပါသည်။
- အိုင်အိုအက်စ် ဗားရှင်း 13.7 သို့မဟုတ် အသစ်ဗားရှင်းများ (အိုင်ဖုန်း 6s၊ 6s Plus၊ SE သို့မဟုတ် ဖုန်းအသစ်များ)
- အိုင်အိုအက်စ် ဗားရှင်း 12.5 (အိုင်ဖုန်း 6၊ 6 Plus၊ 5s)
Android အသုံးပြုသူများအနေဖြင့် Bluetooth Low Energy ကို သုံးလို့ရပြီး Android ဗားရှင်း 6 (API 23) သို့မဟုတ် ယင်းထက်မြင့်သော ဗားရှင်းရှိသည့် Android စမတ်ဖုန်းများတွင် WA Notify ကို အသုံးပြုနိုင်ပါသည်။
- WA Notify ကို အသုံးပြုရန် အသက် 18 နှစ်ပြည့်ပြီးဖြစ်ဖို့ လိုပါသလား။
-
မလိုပါ။ WA Notify က သင့်အသက်ကို မသိပါ သို့မဟုတ် မစစ်ဆေးပါ။
- ကျွနုပ်သည် အခြားသူတစ်ယောက်နှင့် ဖုန်းတစ်လုံးထဲပေါင်းသုံးနေပါက ဤနည်းပညာက အလုပ်ဖြစ်ပါ့မလား။
-
WA Notify က ထိတွေ့မှုရှိနိုင်သည့် အခြေအနေတွင် မည်သူက ဖုန်းကို အသုံးပြုနေကြောင်း မခွဲခြားပေးနိုင်ပါ။ အကယ်၍ ဖုန်းကိုမျှသုံးနေပါပြီး ကိုဗစ်-19 ထိတွေ့မှုရှိနိုင်ကြောင်း WA Notify က ဖော်ပြနေပါက ဖုန်းကို အသုံးပြုသူအားလုံးသည် ကျန်းမာရေး ၀န်ထမ်းများ၏ လမ်းညွှန်မှုကို လိုက်နာရန်လိုအပ်ပါသည်။COVID-19.
- ကျွန်ုပ် အကြောင်းကြားစာ နှင့်/သို့မဟုတ် စာသားတစ်ခုကို လက်ခံရရှိခဲ့သော်လည်း စစ်ဆေးခဲ့သူက ကျွန်ုပ်၏ မိသားစု သို့မဟုတ် မိသားစုဝင်ဖြစ်နေပါသည်။ ဘာလုပ်သင့်ပါသလဲ။
-
ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိသော WA Notify အသုံးပြုသူသည် ထိတွေ့မိနိုင်သော အခြားအသုံးပြုသူများကို ဘယ်သူမှမသိစေဘဲ သတိပေးရန် အဆင့်များကို လိုက်နာသင့်ပါသည်၊ သို့ဖြစ်ပါ၍ သင့်အနေဖြင့် မရည်ရွယ်သော စာသားများ သို့မဟုတ် အကြောင်းကြားစာများကို လျစ်လျူရှုသင့်ပါသည်။
သင့်မိသားစု သို့မဟုတ် အိမ်ထောင်စုဝင်သည် WA Notify အသုံးပြုသူတစ်ဦး ဖြစ်ပြီး ပိုးတွေ့ရှိထားကာ WA Notify တွင် ၎င်းတို့၏ ရလဒ်ကို အတည်ပြုရန် လိုအပ်နေသေးပါက ဤစာမျက်နှာ၏ “ကိုယ်တိုင် စစ်ဆေးမှုဖြင့် COVID-19 အတွက် စစ်ဆေးမှုပိုးတွေ့ပါက အခြားလူများကို အကြောင်းကြားရန် နည်းလမ်း” အပိုင်းပါ အဆင့်များကို လုပ်ဆောင်နိုင်ပါသည်။
- WA Notify သည် iPads သို့မဟုတ် စမတ်နာရီ များထဲတွင် အလုပ်လုပ်ပါသလား။
-
မလုပ်ပါ။ ထိတွေ့မှု အကြောင်းကြားစာ စနစ်သည် စမတ်ဖုန်းများအတွက်သာ ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး iPads သို့မဟုတ် တက်ဘလက်များပေါ်တွင် အလုပ်မလုပ်ပါ။
- စမတ်ဖုန်းမရှိသောသူများ ဤနည်းပညာကို လက်လှမ်းမီစေရန်အတွက် ၀ါရှင်တန်ပြည်နယ် အနေဖြင့် ဘာတွေကို လုပ်ဆောင်နေပါသလဲ။
-
WA Notify သည် ကိုဗစ်-19 ရောဂါပိုးပျံ့နှံ့မှုကို ကာကွယ်ရာတွင် ကူညီနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမဟုတ်ပါ။ စမတ်ဖုန်းမရှိလည်းဘဲ ထိတွေ့မိမှုကို ခြေရာခံလိုက်ခြင်း နှင့် အခြား ကြိုးပမ်းအားထုတ်မှုများသည် ၀ါရှင်တန်ပြည်နယ်နေ ပြည်သူများအတွက် အကျိုးရှိစေပါသည်။ ကာကွယ်ဆေးများသည် ကိုဗစ်-19 ပိုးပျံ့နှံ့မှုကို ရပ်တန့်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်ပြီး နှာခေါင်းစည်းများ ဝတ်ဆင်ခြင်း၊ တစ်ယောက်နှင့်တစ်ယောက်ခပ်ခွာခွာနေခြင်း နှင့် လူစုလူဝေးအရေအတွက်ကို ကန့်သတ်ခြင်းတို့ခြင်းအားဖြင့်လည်း ကိုဗစ်-19 ပိုးပျံ့နှံ့မှုကို ရပ်တန့်စေရန် ကူညီပေးနိုင်ပါသည်။
ပြည်ထောင်စု အစိုးရ ၏ Lifeline program (ဘဝတစ်သက်တာ အစီအစဉ်) က အကျုံးဝင်သောသူများအတွက် လစဉ်ဖုန်းဘေလ်ဖိုးကို ထုတ်ပေးနေပါသည်။ အချို့သော ပူးပေါင်းလုပ်ဆောင်သူ ကြိုးမဲ့ဝန်ဆောင်မှုပေးသူများက အခမဲ့ စမတ်ဖုန်းတစ်လုံးကို ထုတ်ပေးနေပါသည်။ အစီအစဉ်၊ အကျုံးဝင်သူများ၊ လျှောက်ထားရမည်နည်း နှင့် ပူးပေါင်းလုပ်ဆောင်သူ ကြိုးမဲ့ဝန်ဆောင်မှုပေးသူများအကြောင်းပိုမိုလေ့လာရန် (အင်္ဂလိပ်လိုသာ)
- ဝါရှင်တန် က WA Notify ကို ဘာသာစကား 30 ကျော်ဖြင့် ထုတ်လွှင့်ခဲ့ပြီး ဘာ့ကြောင့် Google Play Store ထဲတွင် အင်္ဂလိပ် နှင့် စပိန်ဘာသာဖြင့်သာတွေ့နေရပါသလဲ။
-
WA Notify သည် အသုံးပြုသူတစ်ယောက်၏ ဖုန်းတွင် အဓိကသုံးအဖြစ်သတ်မှတ်ထားသော ဘာသာစကားပေါ်တွင် အခြေခံပြီး အလုပ်လုပ်ပါသည်။ WA Notify တွင် ဗားရှင်းတစ်ခုထဲသာရှိသော်လည်း ပေါ်လာသည့်အရာများ - ထိတွေ့မိမှု အကြောင်းကြားစာ ဥပမာ - သည် အသုံးပြုသူ၏ ပိုလိုလားသော ဘာသာစကားအမျိုး 30 ကျော်ဖြင့် ပေါ်လာပါလိမ့်မည်။
- အကြောင်းကြားစာကို တို့ရန် သို့မဟုတ် အတည်ပြုချက် လင့်ခ်ကို အသက်သွင်းရန် ကျွန်ုပ် အချိန် ဘယ်လောက်ရပါသလဲ။
-
WA Notify ရှိ အခြားသူများကို အကြောင်းကြားရန် အဆင့်များကို လိုက်နာလုပ်ဆောင်ရန်အတွက် အကြောင်းကြားစာ သို့မဟုတ် စာသား မက်ဆေ့ချ်ကို လက်ခံရရှိပြီး အချိန် 24 နာရီ ရှိပါသည်။ သင်က အဆိုပါအချိန်အတွင်း အသိပေးချက်ကို တို့ထိရန် သို့မဟုတ် အတည်ပြုချက် လင့်ခ်ကို ကလစ်နှိပ်ရန် မလုပ်ဆောင်နိုင်ပါက “မိမိကိုယ်တိုင် စစ်ဆေးမှုဖြင့် COVID-19 အတွက် စစ်ဆေးမှုပိုးတွေ့ပါက အခြားလူများကို အကြောင်းကြားရန် နည်းလမ်း” အပိုင်းပါ အဆင့်များကို ဤစာမျက်နှာ၏ အပေါ်ပိုင်းကို လိုက်လံကြည့်ရှုခြင်းဖြင့် WA Notify တွင် အတည်ပြုကုဒ်ကို တောင်းဆိုနိုင်ပါသည်။ DOH မှ တစ်စုံတစ်ယောက် သို့မဟုတ် သင်၏ ကျန်းမာရေးအာဏာပိုင်က သင်၏ COVID-19 စစ်ဆေးမှုရလဒ်များနှင့် ပတ်သက်ပြီး သင့်ထံ ဆက်သွယ်လာပါက အတည်ပြုချက်လင့်ခ်တစ်ခုကိုလည်း တောင်းဆိုနိုင်ပါသည်။
- ၀ါရှင်တန် က ဘာကြောင့် ဤနည်းလမ်းကို ရွေးချယ်ရသလဲ။
-
Washington သည် လုံခြုံရေး နှင့် မြို့ပြလွတ်လပ်ခွင့် ကျွမ်းကျင်သူများ၊ အသိုက်အဝန်းမျိုးစုံမှ အဖွဲ့ဝင်များ ပါ၀င်သည့် ပြည်နယ်လေ့လာရေး အုပ်စုကို ဖွဲ့စည်းပြီး Google/Apple ထိတွေ့မှု အသိပေးချက်စနစ်ကို လေ့လာခဲ့ပါသည်။ ထိုအုပ်စုက ပလတ်ဖောင်း၏ ယုံကြည်စိတ်ချရမှု၊ အကောင်းမွန်ဆုံး အချက်အလက် အကာအကွယ်ပေးနိုင်စွမ်းနှင့် အခြားပြည်နယ်များတွင် အသုံးပြုနိုင်မှုတို့အပေါ် အခြေခံပြီး အသုံးပြုရန် တိုက်တွန်းအကြံပေးထားပါသည်။