ကျွန်ုပ်အနီးအနားရှိ စမ်းသပ်စစ်ဆေးနိုင်မည့်နေရာတစ်ခုကို ရှာပါ (အင်္ဂလိပ်လို)
ကောင်တာမှ စမ်းသပ်ကိရိယာများကို ဝယ်ယူပြီး ရောဂါတွေ့ရှိသည့် ရလဒ် ရရှိသူများသည် ရလဒ်များရရှိသည်နှင့်တပြိုင်နက် အစိုးရCOVID-19ဟော့လိုင်းနံပါတ်1-800-525-0127သို့ခေါ်ဆိုသင့်ပြီး#ကိုနှိပ်ပါ။ ဟော့လိုင်းနံပါတ်ကို တနင်္လာနေ့တွင် မနက်6နာရီမှ ည10နာရီအတွင်း နှင့် အင်္ဂါနေ့မှ တနင်္ဂနွေနေ့(နှင့် သတ်မှတ်ရုံးပိတ်ရက်များ)အတွင်းတွင် မနက်6နာရီမှ ညနေ6နာရီအတွင်း ဆက်သွယ်နိုင်ပါသည်။ ဘာသာစကား အကူအညီများ ရှိပါသည်။
ဘာကြောင့် စမ်းသပ်စစ်ဆေးမှုပြုလုပ်ရသလဲ။
စမ်းသပ်စစ်ဆေးမှုပြုလုပ်ခြင်းဖြင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါသည်။ စမ်းသပ်စစ်ဆေးမှုပြုလုပ်ခြင်းသည် လူများကို ဗိုင်းရပ်စ်ပြန့်ပွားခြင်းမှ ရပ်တန့်စေရန်အတွက် အချိန်မှီ နေရာခွဲနေထိုင်ခြင်း(quarantine)လုပ်ခြင်းကဲ့သို့ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်စေပါသည်။ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူများသည် ဗိုင်းရပ်စ်ကို ပြန့်ပွားစေနိုင်ပါသေးသည်။ စမ်းသပ်စစ်ဆေးမှုပြုလုပ်ခြင်းသည် ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူများမှ ရောဂါဖြစ်ပွားမှုကို သိရှိနိုင်ပြီး တုံ့ပြန်မှုပေးရာတွင်လည်း ကူညီပေးနိုင်ပြီး ဗိုင်းရပ်စ်အမျိုးအစားအသစ်များကို ခြေရာခံရန်အတွက်လည်း ကူညီပေးပါသည်။ စမ်းသပ်စစ်ဆေးမှုပြုလုပ်ခြင်းသည် ပုံမှန်လုပ်ငန်းဆောင်တာများ ပြန်လည်စတင်ရန် ကူညီပေးရာတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။
University of Washingtonနှင့်Department of Health(DOH,ကျန်းမာရေးဌာန)မှ သုတေသီများသည် ကိုဗစ်-19အတွက် စမ်းသပ်ခြင်းနှင့် WA Notify(ဝါရှင်တန် ရောဂါထိတွေ့မှုသတိပေးချက်အက်ပ်) မှတဆင့် ခြေရာခံခြင်းတို့ဖြင့်2020ဒီဇင်ဘာမှ2021ခုနှစ် မတ်လအထိ ရောဂါဖြစ်ပွားမှု6,000ခန့်ကို ကာကွယ်တားဆီးနိုင်ခဲ့ကြောင်းကို တွေ့ရှိခဲ့ရပါသည်။
ဘယ်အချိန်မှာ စမ်းသပ်စစ်ဆေးသင့်သနည်း။
ဖျားနာသည့်အခါတွင် စမ်းသပ်စစ်ဆေးပါ။ COVID-19တွင် ရောဂါလက္ခဏာများ (အင်္ဂလိပ်ဘာသာဖြင့်)ပုံစံအမျိုးစုံ ရှိသည်၊ ထို့ကြောင့် သင်နေမကောင်းပါက၊ အမြန်ဆုံး စစ်ဆေးမှုခံယူပါ။
COVID-19ကူးစက်ခံထားရသူနှင့် ထိတွေ့မိသောအခါ စမ်းသပ်စစ်ဆေးပါ။ ရောဂါလက္ခဏာများပြနေပါက ချက်ချင်း စမ်းသပ်စစ်ဆေးပါ။ ရောဂါလက္ခဏာမပြပါက ထိတွေ့ပြီးနောက် ငါးရက်စောင့်ပြီးမှ စမ်းသပ်ပါ။
ဝါရှင်တန်ရှိ စီးပွားရေးလုပ်ငန်းများနှင့် ပွဲအခင်းအကျင်းနေရာများသည် ပွဲနေရာများ သို့မဟုတ် ပွဲမ၀င်မီ စမ်းသပ်ခြင်းနှင့်/သို့မဟုတ် ကာကွယ်ဆေးထိုးရန် လိုအပ်ချက်များ ရှိနိုင်ပါသည်။ သင်မသွားရောက်မီ ဖုန်းခေါ်ဆိုပါ သို့မဟုတ် ၎င်းတို့၏ဝက်ဘ်ဆိုဒ်ကို စစ်ဆေးပါ။
ခရီးမသွားမီနှင့်/သို့မဟုတ် ခရီးသွားပြီးနောက် စမ်းသပ်မှုခံယူရန် လိုအပ်နိုင်သည်။ Centers for Disease Control and Prevention(CDC,ရောဂါ ထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာများ)၏ နောက်ဆုံးထွက် ခရီးသွားလမ်းညွှန် (အင်္ဂလိပ်ဘာသာဖြင့်)ကို စစ်ဆေးပါ။
အထူးသဖြင့် ပြင်းထန်သောရောဂါဖြစ်နိုင်ချေ အန္တရာယ်ရှိသူများ သို့မဟုတ် ၎င်းတို့ COVID-19ကာကွယ်ဆေး (အင်္ဂလိပ်ဘာသာဖြင့်)နောက်ဆုံးစီရီးအထိ မထိုးရသေးသူများနှင့်အတူ သင်စုဝေးသွားသည့်အခါ။
ဘယ်မှာ စမ်းသပ်စစ်ဆေးရမည်နည်း။
WAပြည်နယ် Department of Healthဝက်ဘ်ဆိုက်သည် ခရိုင်တစ်ခုစီတွင် ရရှိနိုင်သော စမ်းသပ်မှုဆိုဒ်များ ကို ဖွင့်ပိတ်ချိန်နှင့် လိုအပ်ချက်များနှင့်အတူ ပြသထားသည်။ စမ်းသပ်မှုရနိုင်သော ဆိုက်ဒ်နေရာများနှင့်ပတ်သတ်ပြီး ထိပ်တိုးအချက်အလက်များအတွက်2-1-1ကိုခေါ်ဆိုပါ။ အိမ်တွင် အဆင်ပြေစွာ စမ်းသပ်စစ်ဆေးရန် ဆေးဆိုင်များတွင် စမ်းသပ်ကိရိယာအစုံအလင်ကို အော်ဒါမှာထားနိုင်သည်။
ကုန်ကျစရိတ်
ယခုအခါ အာမခံပေးသူများသည် တစ်လလျှင် စစ်ဆေးမှု ရှစ်ကြိမ်အထိ မိသားစုများကို ပြန်လည်ပေးချေမည်ဖြစ်သည်။ အာမခံမှ ပြန်လည်ပေးချေခြင်းအကြောင်း ပိုမိုလေ့လာရန် (အင်္ဂလိပ်ဘာသာဖြင့်)။
ကောင်တီ သို့မဟုတ် ပြည်နယ်မှ ပံ့ပိုးထားသော စမ်းသပ်ဆိုဒ်နေရာများတွင် ပြုလုပ်သည့် စမ်းသပ်စစ်ဆေးမှုအတွက် အပိုကုန်ကျစရိတ်များ မရှိပါ။ အထူးသဖြင့် ရောဂါလက္ခဏာ ခံစားရသူများအတွက် စမ်းသပ်မှု အများအပြားကို အာမခံ မှပေးဆောင်ရန် သို့မဟုတ် Department of Healthမှထောက်ပံ့ကြေး ပေးနိုင်သည်။
ပြည်တွင်း သို့မဟုတ် အွန်လိုင်းလက်လီရောင်းချသူများနှင့် ဆေးဆိုင်များတွင် အိမ်တွင်စမ်းသပ်မှုကိရယာတစ်ခုကိုလည်း ဝယ်ယူနိုင်ပါသည်။ အာမခံ သို့မဟုတ် ဆေးစာမလိုအပ်ပါ။
စမ်းသပ်မှုအမျိုးအစားများ
လက်ရှိရရှိနိုင်သော စမ်းသပ်မှုပုံစံများတွင် လျင်မြန်သော အန်တီဂျင်စမ်းသပ်မှုများ၊ မော်လီကျူးစစ်ဆေးမှုများ(ဓာတ်ခွဲခန်းအခြေခံပုံစံ နှင့် စောင့်ရှောက်မှပေးနေရာများတွင်)နှင့် အိမ်တွင်း ကိုယ်တိုင်စမ်းသပ်မှုအချို့ ပါဝင်ပါသည်။ မည်သည့်စမ်းသပ်မှုမဆို ထောက်ပံ့ပေးထားမှုသည် ဝယ်လိုအားနှင့် ထုတ်လုပ်သူစွမ်းရည်ပေါ်မူတည်၍ ကွဲပြားသည်။
အိမ်တွင်စစ်ဆေးမှုမည်သို့ ပြုလုပ်နိုင်သနည်း။
အတိကျဆုံးရလဒ်များရရှိရန်အတွက် လျှင်မြန်သော အိမ်တွင်းစမ်းသပ်မှုကိရိယာအစုံအလင်အတွင်းမှ ညွှန်ကြားချက်များကို လိုက်နာရန် အရေးကြီးပါသည်။ အမှတ်တံဆိပ်များစွာသည် ဗီဒီယိုလမ်းညွှန်ချက်များကိုလည်း ပေးထားပါသည်။ နောက်ထပ် အကောင်းဆုံး လက်တွေ့လုပ်ဆောင်ချက်များ အတွက်၊ CDC၏ အိမ်တွင် စမ်းသပ်ခြင်းအတွက် အကြံပြုချက်များ ကို ကြည့်ပါ။
လျင်မြန်သောစစ်ဆေးမှုများဖြင့် မှားယွင်းသောလက္ခဏာများ ပြနိုင်သည်။ အချို့သော စမ်းသပ်ကိရိယာများတွင် စမ်းသပ်မှုနှစ်ခုပါဝင်နိုင်သည် (စမ်းသပ်ရမည့်အချိန်အတွက် ဘူးပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာသင့်သည်)။
စမ်းသပ်ခြင်းလုပ်ဆောင်ပုံအကြောင်း နောက်ထပ်သိရှိရန်၊ ကျွန်ုပ်တို့၏ မကြာခဏမေးလေ့ရှိသောမေးခွန်းများကို စမ်းသပ်ခြင်းစာမျက်နှာ သို့ ဝင်ရောက်ကြည့်ရှုပါ။
စမ်းသပ်စစ်ဆေးမှု ဘယ်လိုပြုလုပ်လဲ။
စမ်းသပ်မှုအများစုကို နှာခေါင်းစတို့ဖတ်ယူခြင်းဖြင့် ပြုလုပ်သည်။ တံတွေးစုဆောင်းခြင်းဖြင့် စမ်းသပ်မှုအချို့ ပြုလုပ်နိုင်သည်။ အသေးစိတ်အချက်အလက်များကို စမ်းသပ်ခြင်းဆိုင်ရာ အမေးများသော မေးခွန်းများ စာမျက်နှာ တွင် တွေ့ရှိနိုင်ပါသည်။
ဘယ်အချိန်မှာ ရောဂါစောင့်ကြည့်ခွဲနေခြင်း သို့မဟုတ် ရောဂါဖြစ်သူ ခွဲထားနေခြင်း လုပ်ရမလဲ။
သင့်စစ်ဆေးမှုမခံယူမီနှင့် သင့်ရလဒ်များကို လက်ခံရရှိပြီးနောက် သင်သည် ရောဂါစောင့်ကြည့်ခွဲနေခြင်း သို့မဟုတ် ရောဂါဖြစ်သူ ခွဲထားနေခြင်း လိုအပ်နိုင်သည်။ ၎င်းသည် သင်၏ ကာကွယ်ဆေးထိုးသည့် အခြေအနေနှင့် လက္ခဏာများ ပြသခြင်း ရှိမရှိအပေါ် မူတည်မည်ဖြစ်သည်။ နောက်ဆုံးပေါ် CDCလမ်းညွှန်ချက်သည် ဤအရာကို ဖြစ်ကြောင်းပုံစံဖြင့် ဆုံးဖြတ်ပေးပါသည် (အင်္ဂလိပ်ဘာသာဖြင့်)။ ရောဂါလက္ခဏာပြပြီး/သို့မဟုတ် COVID-19ထိတွေ့နေရသူများအတွက် ကျွန်ုပ်တို့၏လမ်းညွှန်ချက် ကိုလည်း သင်လိုက်နာနိုင်ပါသည်။
နောက်ဆက်တွဲ
ရောဂါလက္ခဏာများရှိပါက တတ်နိုင်သမျှ အိမ်တွင်နေပါ။ အကယ်၍ သင်သည် COVID-19ဖြစ်နေသည် စမ်းသပ်တွေ့ရှိရပါက သင်ကိုယ်တိုင်နှင့် အခြားသူများကို ဘေးကင်းစေရန်အတွက် သင်လုပ်ဆောင်နိုင်သော အဆင့်များရှိကြောင်း သတင်းလွှာပါးအပ်ပါသည်။ နောက်ထပ်အချက်အလက်များကို ဤနေရာတွင် တွေ့နိုင်သည်-ရောဂါကိုစမ်းသပ်တွေ့ရှိပါက ဘာလုပ်ရမည်နည်း။