ကိုဗစ်-19 ကာကွယ်ဆေးသည် အခမဲ့ဖြစ်ပြီး လူဝင်မှုအခြေအနေ မည်သို့ပင်ရှိစေကာမူ အသက် 6 လ နှစ်အထက်ရှိသူများအားလုံးအတွက် ရရှိနိုင်ပါသည်။
အိမ်ပြန်ပြီး COVID-19 ကာကွယ်ဆေး လိုအပ်ပါသလား။ ကျေးဇူးပြု၍ ဤနေရာတွင်ကြည့်ပါ
2022 ခုနှစ် ဒီဇင်ဘာလ 9 ရက်နေ့တွင် တည်းဖြတ်ထားသော အကြောင်းအရာ
Center for Disease Control and Prevention (CDC) သည် ပြင်ဆင်ထုတ်လုပ်ထားသော အားဖြည့်ကာကွယ်ဆေး ထိုးခြင်းကို အောက်ပါအတိုင်း တိုက်တွန်းထားပါသည် -
- တစ်မျိုးတည်းပါသော မူလ Moderna COVID-19 ကာကွယ်ဆေးကို ထိုးခဲ့သည့် အသက် 6 လမှ 5 နှစ်အထိ ကလေးများသည် ယခုအခါ အဓိကဆေးအတွဲ ထိုးပြီးနောက် နှစ်လအကြာတွင် ပြင်ဆင်ထုတ်လုပ်ထားသည့် နှစ်မျိုးစပ် အားဖြည့်ကာကွယ်ဆေးကို ထိုးနိုင်ပြီဖြစ်ပါသည်။
- အသက် 6 လမှ 4 နှစ်အထိ ကလေးများအတွက် Pfizer COVID-19 ကာကွယ်တွင် ယခုအခါ တစ်မျိုးတည်းပါ Pfizer ဆေးနှစ်ကြိမ်စာနှင့် နှစ်မျိုးစပ် Pfizer ဆေးတစ်ကြိမ်စာ ပါဝင်မည် ဖြစ်ပါသည်။
- 3 ကြိမ်ထိုးရမည့် Pfizer အဓိကဆေးအတွဲကို မထိုးရသေးသော သို့မဟုတ် ၎င်းတို့၏ အဓိကစီးရီးတွင် တတိယအကြိမ်ဆေးကို မထိုးရသေးသော အသက် 6 လမှ 4 နှစ်အရွယ် ကလေးများသည် ယခုအခါ ပြင်ဆင်ထုတ်လုပ်ထားသည့် Pfizer စီးရီးကို ရရှိမည်ဖြစ်ပါသည်။
- 3 ကြိမ်ထိုးရမည့် Pfizer အဓိကဆေးအတွဲကို ထိုးပြီးသည့် အသက် 6 လမှ 4 နှစ်အရွယ် ကလေးများသည် လက်ရှိအချိန်တွင် နောက်ထပ်ထိုးစရာများ သို့မဟုတ် အားဖြည့်ကာကွယ်ဆေးများကို ထိုးနိုင်မည် မဟုတ်ပါ။
- အရွယ်ရောက်ပြီးသူများသည် အခြေခံထိုးဆေးတွဲများကို ထိုးပြီးသော်လည်း COVID-19 အားဖြည့်ဆေးကို လက်ခံရရှိမထားဘဲ ပြင်ဆင်ထားသည့် mRNA အားဖြည့်ထိုးဆေးကို ရရှိနိုင်မည် သို့မဟုတ် ရရှိမည်မဟုတ်ပါက Novavax COVID-19 ကို အဆိုပါအရွယ်ရောက်ပြီးသူများ အတွက် ရနိုင်ပါသည်။
သင်လိုအပ်သော အချက်အလက်များကို ကျွန်ုပ်တို့က ပေးလိုပါသည်။ သိရှိထားသည်များမှ သင့်ကျန်းမာရေးအတွက် ရွေးချယ်နိုင်ရန် နောက်ဆုံးရသတင်းများကို ဆက်လက်ဖော်ပြပါမည်။
- ကျွန်ုပ်တို့၏ အချက်အလက်စာရွက် ကိုဗစ်-19 ကာကွယ်ဆေးထိုးခံခြင်း (ပီဒီအက်ဖ်) ကိုကြည့်ပါ။
- ပိုမိုသိရှိရန် ကျွန်ုပ်တို့၏ ကာကွယ်ဆေးအချက်အလက် စာမျက်နှာ ကို ဝင်ကြည့်ပါ။
- ကလေးများအတွက် ကိုဗစ်-19 ကာကွယ်ဆေးများအကြောင်း အချက်အလက်များကို Vaccinating Youth (လူငယ်လူရွယ်များကို ကာကွယ်ဆေးထိုးခြင်း) စာမျက်နှာ တွင် ကြည့်ပါ။
ကိုဗစ်-19 ကာကွယ်ဆေးကို ထိုးရရန် ကျွန်ုပ်ဘာတွေကို သိထားရန် လိုပါသလဲ။
- ကာကွယ်ဆေးကို ဘယ်လိုရနိုင်ပါသလဲ။
-
ရှာဖွေရန် နှင့် ရက်ချိန်းတစ်ခုကို ရယူရန် ကာကွယ်ဆေးတည်နေရာရှာစက် ကို ဝင်ကြည့်ပါ။
သင့်အနီးအနားရှိ ကာကွယ်ဆေးတည်နေရာများအတွက် သင့် ဇစ်ကုဒ်ကို 438-829 (GET VAX) ကို စာတိုလည်းပေးပို့နိုင်ပါသည်။
ကိုဗစ်-19 ကာကွယ်ဆေးအကြောင်း မေးစရာများ ရှိပါသလား။ ကာကွယ်ဆေးထိုး ရက်ချိန်းရှာဖွေရာတွင် အကူအညီလိုအပ်ပါသလား။ ကိုဗစ်-19 အချက်အလက် ဟော့လိုင်းထံ 1-800-525-0127 ထံဆက်ပြီး # ကို ဖိပါ။ ဘာသာစကား အကူအညီများလည်း ရှိပါသည်။
သင်သည် ကာကွယ်ဆေး (Moderna/Spikevax သို့မဟုတ် Pfizer/Comirnaty) ဒုတိယအကြိမ်အတွက် ရက်ချိန်းတစ်ခုရယူနေလျှင် သင့်ပထမအကြိမ်ထိုးထားသည့်ဆေးကိုသာ ထိုးခံသင့်ပါသည်။
သင် သို့မဟုတ် သင်သိသောသူတစ်ယောက်ယောက်သည် အိမ်မှမထွက်နိုင်ပါက လုံခြုံသော အွန်လိုင်း ပုံစံ(အင်္ဂလိပ်)ကို ဖြည့်စွက်ပါ။ သင့်အဖြေများက ကျွန်ုပ်တို့အား ရရှိနိုင်သော ကောင်တီ နှင့်/သို့မဟုတ် ပြည်နယ် မိုဘိုင်းလ် ကာကွယ်ဆေးထိုးအဖွဲ့များကို ဆက်သွယ်လို့ရနိုင်စေပါသည်။
အိမ်ရာ၊ အသုံးအဆောင် အထောက်အပံ့၊ ကျန်းမာရေး အာမခံ ကဲ့သို့သော အခြား ကိုဗစ်-19 နှင့်ဆိုင်သော ကိစ္စရပ်များအတွက် 211 ကို ဖုန်းဆက်ပါ သို့မဟုတ် wa211.org ကို ဝင်ကြည့်ပါ။
ပိုမိုသိရှိလိုပါက ကိုဗစ်-19 ကာကွယ်ဆေးများ ကို ကြည့်ပါ။ အချက်အလက် စာရွက်ထဲက ဘာတွေကိုသိရမလဲ.
- ကာကွယ်ဆေးရရန် အမေရိက နိုင်ငံသားဖြစ်ဖို့လိုပါသလား။
-
မလိုပါ၊ ကာကွယ်ဆေးရရန် အမေရိက နိုင်ငံသားဖြစ်ဖို့မလိုပါ။ ဆိုလိုသည်မှာ ကာကွယ်ဆေးရရန် လူမှုလုံခြုံရေးနံပါတ် သို့မဟုတ် အခြား လူ၀င်မှု အထောက်အထားများ မလိုအပ်ပါ။ အချို့ကာကွယ်ဆေးထိုးသူများက လူမှုလုံခြုံရေးနံပါတ် တောင်းနိုင်သော်လည်း မဖြစ်မနေ ပေးရန် မလိုအပ်ပါ။
ကာကွယ်ဆေးရရှိရန်အတွက် သင့်ကလေးသည် အမေရိက နိုင်ငံသား ဖြစ်ရန် မလိုပါ။ ကျန်းမာရေး စောင့်ရှောက်ပေးသူများသည် တစ်ယောက်ယောက်၏ လူဝင်မှု အခြေအနေကို မေးလိမ့်မည် မဟုတ်ပါ။ ကေ့စ်အများစုတွင် မိဘများ နှင့် အုပ်ထိန်းသူများသည် အသက် 18 နှစ်အောက် လူငယ်များကို ကာကွယ်ဆေးရန် သဘောတူညီချက်ပေးရပါလိမ့်မည်။
Washington State Department of Health (ဝါရှင်တန် ပြည်နယ် ကျန်းမာရေးဌာန) က အသက် 6 လ နှစ်နှင့်အထက်ရှိသူများအားလုံးကို ကာကွယ်ဆေးထိုးရန် တိုက်တွန်းအကြံပြုထားပါသည်။
- ကာကွယ်ဆေးအတွက် ငွေကြေးကုန်ကျနိုင်ပါသလား။
-
မဟုတ်ပါ။ သင်ကာကွယ်ဆေးထိုးချိန်တွင် သင့်ကို ငွေကောက်ခံလို့မရပါ သို့မဟုတ် သင့်စောင့်ရှောက်သူ သို့မဟုတ် ကာကွယ်ဆေးထိုးဌာနမှ ဘေလ်တစ်စောင် ရရှိခြင်း မရှိစေရပါ။ ယင်းသည် ပုဂ္ဂလိက အာမခံရှိသူများ၊Apple Health (Medicaid)၊Medicare သို့မဟုတ် အာမခံမထားသူများအားလုံးပါ၀င်ပါသည်။
ကာကွယ်ဆေးထိုးချိန်တွင် အခြား၀န်ဆောင်မှုများကိုလည်း ရယူပါက ဆေးခန်းလာပြခြင်းအတွက် ဘောက်ချာဖွင့်ခံရနိုင်ပါသည်။ ယင်းကို ရှောင်ရှားရန် ကုန်ကျစရိတ်အကြောင်းကို ကြိုမေးထားနိုင်ပါသည်။
သင့်တွင် ကျန်းမာရေးအာမခံမရှိပါက စောင့်ရှောက်ပေးသူက ကာကွယ်ဆေးအတွက် သင့်ကို ငွေမောင်းနိုင်ဘဲ ယင်းသို့တောင်းဆိုပါက ကိုဗစ်-19 ကာကွယ်ဆေးထိုးနှံရေး အစီအစဥ်၏ လိုအပ်ချက်ကို ချိုးဖောက်ရာရောက်ပါလိမ့်မည်။ ငွေကုန်ကျခံခဲ့ရပါက covid.vaccine@doh.wa.gov သို့ အီးမေးလ်ပေးပို့ပါ။
သင့်တွင် ကျန်းမာရေးအာမခံရှိပြီး ငွေတောင်းခံခံရပါက သင့်အာမခံကို ဉီးစွာ ဆက်သွယ်ပါ။ ယင်းသို့ပြုလုပ်ခြင်းက ပြဿနာ မပြေလည်ပါက အာမခံ ကော်မရှင်နာ ရုံး ထံသို့ တိုင်တန်းမှုတစ်ခု ပြုလုပ်နိုင်ပါသည်။ (အင်္ဂလိပ်လို)
- စကားပြန်၀န်ဆောင်မှုအတွက် 800-562-6900 (ဘာသာစကား 100 ကျော်ကို အခမဲ့ ရယူနိုင်ပါသည်)ထံသို့ဖုန်းဆက်ပါ
- တီဒီဒီ/တီ၀ိုင်၀ိုင်။ ။ 360-586-0241
- တီဒီဒီ။ ။ 800-833-6384
- ကျွန်ုပ်တွင် ကျန်းမာရေး အာမခံမရှိပါက ဘာဖြစ်မည်နည်း။
-
သင့်တွင် အာမခံ လွှမ်းခြုံမှုမရှိလျှင် သင့်စောင့်ရှောက်သူကို ပြောပြပါ။ ကာကွယ်ဆေးကို အခမဲ့ ရပါလိမ့်မည်။
- ကျွန်ုပ်ကို ကာကွယ်ဆေးဖိုးမတောင်းဖူးဆိုလျှင် ဘာကြောင့် ကျွန်ုပ်၏ ကျန်းမာရေး အာမခံ အချက်အလက်ကို တောင်းဆိုရပါသလဲ။
-
သင့်ကို ကာကွယ်ဆေးထိုးချိန်တွင် စီစဉ်သူက သင့်တွင် အာမခံကဒ်ပြား တစ်ခုရှိမရှိ မေးနိုင်ပါသည်။ ၎င်းမှာ သင့်ကို ကာကွယ်ဆေးထိုးပေးခြင်းအတွက် (ကာကွယ်ဆေးထိုးခ)ကို ၎င်းတို့ပြန်လည်တောင်းခံရန်အတွက် ဖြစ်ပါသည်။ သင့်တွင် အာမခံမရှိပါက သင့်စောင့်ရှောက်သူကို ပြောပြပါ။ ကာကွယ်ဆေးကို အခမဲ့ ထိုးပေးပါလိမ့်မည်။
- ကာကွယ်ဆေးထိုးခံ ဆိုတာဘာလဲ ပြီးတော့ ဘယ်သူက အဲ့အတွက် ထုတ်ပေးတာလဲ။
-
ကာကွယ်ဆေးထိုးခ ဆိုသည်မှာ သင့်ကို ကာကွယ်ဆေးထိုးပေးသည့်အတွက် ကျန်းမာရေး စောင့်ရှောက်ပေးသူများက ကောက်ခံသည့် အဖိုးအခဖြစ်ပါသည်။ ၎င်းမှာ ကာကွယ်ဆေး ပင်ကိုယ်ကုန်ကျစရိတ် နှင့် သီးခြားဖြစ်ပါသည်။
ပြည်ထောင်စုအစိုးရသည် ကာကွယ်ဆေး အတွက် ကုန်ကျစရိတ်အပြည့်ကို ထုတ်ပေးပါသည်။ သင့်တွင် အစိုးရ သို့မဟုတ် ပုဂ္ဂလိက ကျန်းမာရေး အာမခံရှိလျှင် သင့်ကာကွယ်ဆေးထိုးပေးသူသည် ကာကွယ်ဆေးထိုးခကို သူတို့ထံမှ ပြန်လည်တောင်းယူရန် ဘေလ်ပေးပို့ပါလိမ့်မည်။
ကိုဗစ်-19 ကာကွယ်ဆေးထိုးခံအတွက် သင့်အိတ်ထဲမှ စိုက်ထုတ်ရမည့် ကုန်ကျစရိတ် မရှိသင့်သလို သင့်စောင့်ရှောက်သူထံမှ ဘေလ်တစ်စောင် လက်ခံရရှိစရာလည်း မရှိပါ။ ယင်းသည် ပုဂ္ဂလိက အာမခံရှိသူများ၊Apple Health (Medicaid)၊Medicare သို့မဟုတ် အာမခံမထားသူများအားလုံးပါ၀င်ပါသည်။
- လက်ရှိတွင် မည်သည့် ကာကွယ်ဆေးများ ရရှိနေပါသနည်း။
-
ကာကွယ်ဆေးသုံးမျိုးကို အရေးပေါ်အသုံးပြုရန် သို့မဟုတ် အပြည့်အဝခွင့်ပြုချက်ကို U.S. Food and Drug Administration(FDA, အစားအသောက် နှင့် ဆေးဝါးစီမံခန့်ခွဲမှု) က ခွင့်ပြုပေးထားပါသည်။ ယင်းကာကွယ်ဆေးများကို လက်ရှိတွင် Washington ပြည်နယ်တွင် ထိုးနှံပေးနေပါသည်။ Pfizer (Comirnaty)နှင့် Moderna (Spikevax) ကာကွယ်ဆေးများကို သွေးခဲခြင်း နှင့် သွေးခဲဥအရေအတွက် နည်းပါးခြင်း တို့ပါဝင်သည့် သွေးခဲခြင်းကြောင့် thrombocytopenia syndrome(TTS, သွေးခဲဥနည်းပါးသည့် ရောဂါစု) ဟုခေါ်သည့် အလွန်ရှားပါးသည့် အခြေအနေတစ်ခု နှင့် အာရုံကြောများကို ထိခိုက်စေနိုင်သည့် ကိုယ်ခံအား မူမမှန်မှုတစ်ခုဖြစ်သည့် Guillain-Barré syndrome(ဂူလီယမ်ဘဲရီ ရောဂါစု) ကြောင့် Johnson & Johnsonကာကွယ်ဆေးထက်ပိုပြီး တိုက်တွန်းအကြံပြုထားပါသည်။
Pfizer-BioNTechကိုဗစ်-19 ကာကွယ်ဆေး(Comirnaty):
အသက် 6 လမှ 4 နှစ်အရွယ် ကလေးများအတွက် ထိုးဆေး 3 လုံး ထိုးပေးရပါသည်။ ပထမ ထိုးဆေး 2 လုံးကို 21 ရက်ခြားပြီး ထိုးပေးရကာ တတိယမြောက် ထိုးဆေးကို ဒုတိယမြောက် ထိုးဆေးထိုးပြီးနောက် 8 ပတ်အကြာတွင် ထိုးပေးရပါသည်။
၎င်းသည် 21 ရက်ခြားပြီး နှစ်ကြိမ်ထိုးရသည့် ကာကွယ်ဆေးဖြစ်ပြီး ယင်းအပြင်
- ကိုယ်ခံအားနည်းပြီး COVID-19 ကာကွယ်ဆေး mRNA ကို 2 လုံး ထိုးထားပြီးသူများကအပိုဆောင်း အခြေခံထိုးဆေးတစ်လုံးကို ထိုးနှံသင့်ပါသည်။.
- အသက် 5 နှစ်နှင့် အထက်လူများသည် ၎င်းတို့၏ အခြေခံကာကွယ်ဆေးတွဲများ သို့မဟုတ် ယခင် အားဖြည့်ကာကွယ်ဆေး ထိုးဆေး ထိုးပြီးနောက် 2လအကြာတွင် နောက်ဆုံးပေါ် နှစ်မျိုးစပ် အားဖြည့်ကာကွယ်ဆေးတစ်လုံး ထိုးနှံသင့်ပါသည်။ Pfizer ဆေးကိုထိုးထားသော အသက် 5 နှစ်ပြည့်သည့် ကလေးများသည် ပြင်ဆင်ထုတ်လုပ်ထားသော Pfizer နှစ်မျိုးစပ် အားဖြည့်ကာကွယ်ဆေးကိုသာ ထိုး၍ရနိုင်ပါသည်။ အသက် 6 နှင့်အထက် ရှိသူများသည် ၎င်းတို့၏ အဓိကဆေးအတွဲက မည်သည်ပင်ဖြစ်စေ ပြင်ဆင်ထုတ်လုပ်ထားသော နှစ်မျိုးစပ် Pfizer သို့မဟုတ် Moderna အားဖြည့်ကာကွယ်ဆေး တစ်မျိုးကို ထိုးသင့်ပါသည်။
COVID-19 အခြေခံထိုးဆေးများကို သင်ထိုးပြီးကာ CDC က သင့်အတွက် အကြံပြုထားသည့် လတ်တလောအဖြစ်ဆုံး အားဖြည့်ထိုးဆေးကို လက်ခံရရှိပြီးဖြစ်ပါက သင်၏ COVID-19 ကာကွယ်ဆေးများအတွက် သင်က အချိန်နှင့်တစ်ပြေးညီဖြစ်နေပြီး ဖြစ်ပါသည်။ ကာကွယ်ဆေးကို အသက် 12 နှစ် နှင့် အထက်ရှိသူများအတွက် Comirnaty အမည် ဖြင့် အပြည့်အဝ ခွင့်ပြုချက် ရရှိပြီး ဖြစ်ပါသည်။ ကာကွယ်ဆေးသည် အသက် 6 လ နှစ် မှ 11 နှစ်ကြားရှိသူများအတွက် အရေးပေါ်အသုံးပြုရန် အခွင့်အာဏာရရှိပြီးဖြစ်ပါသည်။ ဆေးခန်းစမ်းသပ်မှုများမှ ကြိုတင်မပြင်ဆင်ထားသော ဆိုးကျိုးဖြစ်ရပ် ကြီးကြီးမားမား မရှိကြောင်း ပြသနေပါသည်။
Moderna ကိုဗစ်-19 ကာကွယ်ဆေး(Spikevax)
၎င်းသည် 28 ရက်ခြားပြီး နှစ်ကြိမ်ထိုးရသည့် ကာကွယ်ဆေးဖြစ်ပြီး ယင်းအပြင်
- ထပ်ဆောင်း (တတိယ) အကြိမ်ဆေးကို ကိုယ်ခံအားနည်းသောသူများအတွက် ထိုးပေးရပါသည်။
- ဟုတ်ပါသည်။ အသက် 6 လနှင့်အထက် ရှိသူများအတွက် နောက်ဆုံးသတ်မှတ်ချက်နှင့် အညီဖြစ်စေရန် နောက်ဆုံးအကြိမ် ဆေးထိုးပြီးနောက် 2 လအကြာတွင် ပြင်ဆင်ထုတ်လုပ်ထားသည့် နှစ်မျိုးစပ် mRNA အားဖြည့်ကာကွယ်ဆေးကို တိုက်တွန်းထားပါသည်။ အသက် 6 လမှ 4 နှစ်အထိ ကလေးများသည် ၎င်းတို့၏ အဓိကဆေးအတွဲ အမှတ်တံဆိပ်နှင့် တူညီသော ပြင်ဆင်ထုတ်လုပ်ထားသည့် နှစ်မျိုးစပ် ထိုးဆေးကို ထိုးသင့်ပါသည်။ Moderna ဆေးကိုထိုးထားသော အသက် 5 နှစ်ပြည့်သည့် ကလေးများသည် ပြင်ဆင်ထုတ်လုပ်ထားသော Moderna သို့မဟုတ် Pfizer နှစ်မျိုးစပ် အားဖြည့်ကာကွယ်ဆေးကို ထိုး၍ရနိုင်ပါသည်။ အသက် 6 နှင့်အထက် ရှိသူများသည် ၎င်းတို့၏ အဓိကဆေးအတွဲက မည်သည်ပင်ဖြစ်စေ ပြင်ဆင်ထုတ်လုပ်ထားသော နှစ်မျိုးစပ် Pfizer သို့မဟုတ် Moderna အားဖြည့်ကာကွယ်ဆေး တစ်မျိုးကို ထိုးသင့်ပါသည်။
ဤကာကွယ်ဆေးကို အသက်18 နှစ်နှင့်အထက် လူတစ်ဦးချင်းစီအတွက် အပြည့်အဝခွင့်ပြုထားသည်။ လောလောဆယ်တွင် COVID-19 ကာကွယ်ဆေး အမှတ်တံဆိပ်များ ဖြစ်သည့်Pfizer-BioNTech (Pfizer) နှင့် Moderna ကို အသက် 6 နှစ်နှင့်အထက် ကလေးများအတွက် ခွင့်ပြုထားပါသည်။
COVID-19 အခြေခံထိုးဆေးများကို သင်ထိုးပြီးကာ CDC က သင့်အတွက် အကြံပြုထားသည့် လတ်တလောအဖြစ်ဆုံး အားဖြည့်ထိုးဆေးကို လက်ခံရရှိပြီးဖြစ်ပါက သင်၏ COVID-19 ကာကွယ်ဆေးများအတွက် သင်က အချိန်နှင့်တစ်ပြေးညီဖြစ်နေပြီး ဖြစ်ပါသည်။
ဆေးခန်းစမ်းသပ်မှုများမှ ကြိုတင်မပြင်ဆင်ထားသော ဆိုးကျိုးဖြစ်ရပ် ကြီးကြီးမားမား မရှိကြောင်း ပြသနေပါသည်။
Johnson & Johnson – Janssen ကိုဗစ်-19 ကာကွယ်ဆေး။ ။
ဤကာကွယ်ဆေးကို အသက် 18 နှစ် နှင့်အထက် သူများတွင အရေးပေါ် အသုံးပြုရန် ခွင့်ပြုချက်ရပြီး ဖြစ်ပါသည်။
COVID-19 အခြေခံထိုးဆေးများကို သင်ထိုးပြီးကာ CDC က သင့်အတွက် အကြံပြုထားသည့် လတ်တလောအဖြစ်ဆုံး အားဖြည့်ထိုးဆေးကို လက်ခံရရှိပြီးဖြစ်ပါက သင်၏ COVID-19 ကာကွယ်ဆေးများအတွက် သင်က အချိန်နှင့်တစ်ပြေးညီဖြစ်နေပြီး ဖြစ်ပါသည်။
အသက် 18 နှစ်နှင့် အထက်လူများသည် ၎င်းတို့၏ အခြေခံကာကွယ်ဆေးတွဲများ သို့မဟုတ် ယခင် အားဖြည့်ကာကွယ်ဆေး ထိုးဆေး ထိုးပြီးနောက် 2လအကြာတွင် နောက်ဆုံးပေါ် နှစ်မျိုးစပ် အားဖြည့်ကာကွယ်ဆေးတစ်လုံး ထိုးနှံသင့်ပါသည်။ ဆေးခန်းစမ်းသပ်မှုများမှ ကြိုတင်မပြင်ဆင်ထားသော ဆိုးကျိုးဖြစ်ရပ် ကြီးကြီးမားမား မရှိကြောင်း ပြသနေပါသည်။ Pfizer နှင့် Moderna ကာကွယ်ဆေးများသည် Johnson & Johnson ကာကွယ်ဆေး အစားထိုးရန် တိုက်တွန်းအကြံပြုထားပါသည်။
Novavax ကိုဗစ်-19 ကာကွယ်ဆေး။
- 12 အထက်အတွက် ဆေးနှစ်ကြိမ်ကို 21 ရက်ခြားပေးသည်
- အသက် 12 နှစ်နှင့် အထက်လူများသည် ၎င်းတို့၏ အခြေခံကာကွယ်ဆေးတွဲများ သို့မဟုတ် ယခင် အားဖြည့်ကာကွယ်ဆေး ထိုးဆေး ထိုးပြီးနောက် 2လအကြာတွင် နောက်ဆုံးပေါ် နှစ်မျိုးစပ် အားဖြည့်ကာကွယ်ဆေးတစ်လုံး ထိုးနှံသင့်ပါသည်။
- အသက် 18 နှစ်နှင့်အထက် လူများသည်ပြင်ဆင်ထားသည့် mRNA အားဖြည့်ထိုးဆေးကို ရရှိနိုင်မည် သို့မဟုတ် ရရှိမည်မဟုတ်ပါက Novavax အားဖြည့်ထိုးဆေးကို လက်ခံရရှိရန်လည်း ရွေးချယ်နိုင်ပါသည်။
ဤကာကွယ်ဆေးကို အသက် 12 နှစ် နှင့်အထက် သူများတွင အရေးပေါ် အသုံးပြုရန် ခွင့်ပြုချက်ရပြီး ဖြစ်ပါသည်။
COVID-19 အခြေခံထိုးဆေးများကို သင်ထိုးပြီးကာ CDC က သင့်အတွက် အကြံပြုထားသည့် လတ်တလောအဖြစ်ဆုံး အားဖြည့်ထိုးဆေးကို လက်ခံရရှိပြီးဖြစ်ပါက သင်၏ COVID-19 ကာကွယ်ဆေးများအတွက် သင်က အချိန်နှင့်တစ်ပြေးညီဖြစ်နေပြီး ဖြစ်ပါသည်။ ဆေးခန်းစမ်းသပ်မှုများမှ ကြိုတင်မပြင်ဆင်ထားသော ဆိုးကျိုးဖြစ်ရပ် ကြီးကြီးမားမား မရှိကြောင်း ပြသနေပါသည်။
- ကျွန်ုပ်သည် ဒုတိယအကြိမ် ဆေးထိုးရန် နောက်ကျသွားပါက ကာကွယ်ဆေးကို အစက ပြန်ထိုးရမည်လား။
-
မဟုတ်ပါ။ သင်သည် ဒုတိယအကြိမ်ဆေးထိုးရန် နောက်ကျသွားပါက ကာကွယ်ဆေးကို အစက ပြန်ထိုးရန် မလိုအပ်ပါ။
သင့်ပထမအကြိမ်ဆေးထိုးပြီးနောက် တိုက်တွန်းအကြံပြုထားသော ရက်အရေအတွက် ကျော်သွားလျှင်လည်း ဒုတိယအကြိမ်ကာကွယ်ဆေးကို တတ်နိုင်သမျှစောစောသွားထိုးပါ။
ဒုတိယအကြိမ်ထိုးရန် မည်မျှခြားသွားသည်ဖြစ်စေ ဆေးနှစ်ကြိမ်လုံး ထိုးဖြစ်အောင် ထိုး၇◌န် အရေးကြီးပါသည်။
သင်သည် ကိုယ်ခံအားနည်းသူဖြစ်ပြီး ထပ်ဆောင်းကာကွယ်ဆေးထပ်ထိုးရန် အကျုံးဝင်ပါက ဒုတိယအကြိမ်ဆေးထိုးပြီးနောက် အနည်းဆုံး 28 ရက် စောင့်သင့်ပါသည်။
- ကျွန်ုပ်တွင် ကိုယ်ဝန်ရှိနေခြင်း၊ နို့တိုက်နေရခြင်း၊ သို့မဟုတ် ကိုယ်ဝန်ယူရန် စီစဉ်နေပါက ကိုဗစ်-19 ကာကွယ်ဆေးကို ထိုးလို့ရပါသလား။
-
ဟုတ်။ ဒေတာများတွင် ကိုဗစ်-19 ကာကွယ်ဆေးများသည် ကိုယ်ဝန်ဆောင်ချိန်တွင်းတွင် ဘေးကင်းလုံခြုံကြောင်း ပြသနေပါသည်။ Centers for Disease Control and Prevention (CDC, ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေး စင်တာမျာ) (အင်္ဂလိပ်လိုသာ), American College of Obstetricians and Gynecologists (ACOG, အမေရိကန် သားဖွား နှင့် မီးယပ်ဆရာဝန်များ ကောလိပ်) နှင့် Society for Maternal-Fetal Medicine (SMFM,မိခင်-သန္ဓေသား ဆေးပညာ) (အင်္ဂလိပ်လိုသာ)က ကိုဗစ်-19 ကာကွယ်ဆေးကို ကိုယ်ဝန်ရှိနေသော၊ နို့တိုက်နေသော သို့မဟုတ် ကိုယ်ဝန်ယူရန်စီစဉ်နေသူများတွင် ထိုးနှံရန် တိုက်တွန်းအကြံပြုထားပါသည်။ အချို့သော လေ့လာမှုများတွင် သင်သည် ကာကွယ်ဆေးထိုးထားပါက သင့်ကလေးတွင်လည်း ကိုယ်ဝန်ဆောင်ခြင်း နှင့် နို့တိုက်ခြင်းမှတစ်ဆင့် ကိုဗစ်-19 ကိုကာကွယ်ပေးသော အန်တီဘော်ဒီများ ရှိနေနိုင်ကြောင်း ပြနေပါသည်။ ကိုဗစ်-19 ဖြစ်သော ကာကွယ်ဆေးမထိုးထားသော ကိုယ်ဝန်သည်များသည် နေ့မစေ့ခင် မွေးဖွားခြင်း သို့မဟုတ် ကလေးအသေမွေးဖွားခြင်ကဲ့သို့သော ပြင်းထန်သည့် နောက်ဆက်တွဲများကို ခံရနိုင်ခြေ ပိုများပါသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်ချိန်တွင် ကိုဗစ်-19 ဖြစ်သောသူများသည် အဆင့်မြင့် အထောက်အပံ့ ကိရိယာများ နှင့် လေရှူပြွန်များကို လိုအပ်နိုင်ခြေ နှစ်ဆ မှ သုံးဆကျော်ပိုများပါသည်။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်နေစဉ်အတွင်း COVID-19 ကာကွယ်ဆေးရရှိခြင်းဆိုင်ရာ နောက်ထပ်အရင်းအမြစ်များအတွက် ကျေးဇူးပြု၍ One Vax၊ Two Lives (အသက်နှစ်ခုအတွက် ကာကွယ်ဆေးတစ်ခု) ဝက်ဘ်ဆိုက်တွင် နောက်ဆုံးပေါ်အချက်အလက်များကို ကြည့်ပါ။
- ပုံမှန်ကာကွယ်ဆေးများကို ထိုးထားပါက ကိုဗစ်-19 ကာကွယ်ဆေးကို ထိုးနိုင်ပါသေးသလား။
-
လိုအပ်ပါသည်။ Advisory Committee on Immunization Practices (ACIP, ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းစဉ် ၏ အကြံပေး ကော်မတီ)က ၎င်းတို့၏ တိုက်တွန်းအကြံပြုချက်များကို မေလ 12၊ 2021 တွင် ပြောင်းလဲထားပါသည်။ ယခုအချိန်တွင် အခြားကာကွယ်ဆေးများကို ထိုးထားသည့် တပြိုင်နက်တည်းထဲတွင် ကိုဗစ်-19 ကာကွယ်ဆေးကိုလည်း ထိုးနိုင်ပါသည်။
သင့်ကလေး၏ ကျောင်းတွင် လိုအပ်သော ကာကွယ်ဆေးထိုးခြင်းများ (အင်္ဂလိပ်လိုသာ)အတွက် သို့မဟုတ် အခြား တိုက်တွန်းအကြံပြုထားသော ကာကွယ်ဆေးများကို ကိုဗစ်-19 ကာကွယ်ဆေးထိုးခြင်းနှင့် သီးခြားခွဲပြီး ရက်ချိန်းယူရန် မလိုအပ်ပါ။ ကိုဗစ်-19 ကာကွယ်ဆေးထိုးရန် ရက်ချိန်းသည် ၎င်းတို့၏ အခြား တိုက်တွန်းအကြံပြုထားသော ကာကွယ်ဆေးများကိုထိုးရန် အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်ပါသည်။
- ကာကွယ်ဆေးထိုးပြီး မှတ်တမ်းကဒ်ပြား ဆိုတာဘာလဲ။
-
သင်သည် ပထမအကြိမ် ကိုဗစ်-19 ကာကွယ်ဆေးကို ထိုးပြီးချိန်တွင် စက္ကူ ကာကွယ်ဆေးထိုးပြီး ကဒ်ပြားတစ်ခုကို ရရှိပါလိမ့်မည်။ ဤကဒ်က သင်ထိုးထားခဲ့သော ကာကွယ်ဆေးအမျိုးအစား (Comirnaty/Pfizer-BioNTech, Moderna သို့မဟုတ် Johnson & Johnson) နှင့် သင်ထိုးခဲ့သော ရက်စွဲကို ပြပါလိမ့်မည်။
သင်သည် Comirnaty/Pfizer-BioNTech သို့မဟုတ် Moderna ကာကွယ်ဆေးကို ထိုးထားခဲ့လျှင် သင့်စောင့်ရှောက်ပေးသူက သင်ပထမအကြိမ်ဆေးထိုးနေချိန်တွင် ဒုတိယအကြိမ်ဆေးထိုးရန် ရက်ချိန်းပေးလိုက်ပါလိမ့်မည်။ သင်သည် ဒုတိယအကြိမ် ဆေးထိုးပြီးချိန်တွင် စောင့်ရှောက်သူက ဖြည့်စွက်နိုင်ရန်အလို့ငှာ ဤကဒ်ပြားကို သိမ်းထားသင့်ပါသည်။
သင်သည် ထပ်ဆောင်းဆေး သို့မဟုတ် အားဖြည့်ဆေး ကို ထိုးမည်ဆိုပါက သင့် ကာကွယ်ဆေးထိုးမှတ်တမ်း ကို သင့်ရက်ချိန်းသို့ ယူဆောင်သွားသင့်ပါသည်။ သင့် ကာကွယ်ဆေးထိုးပေးသူက ဆေးအကြိမ်ရေကို မှတ်တမ်းယူပါလိမ့်မည်။
သင့် ကာကွယ်ဆေးကဒ်ပြားကို ကိုင်တွယ်ချိန်တွင် အောက်ပါအသုံးဝင်သော အချက်များကို စိတ်ထဲတွင် မှတ်ထားပါ။
- သင့် ကာကွယ်ဆေးထိုးကဒ်ပြားကို ဆေးတစ်ကြိမ်နှင့်တစ်ကြိမ်ကြား နှင့် ယင်းနောက်ပိုင်းအတွက် သိမ်းဆည်းထားပါ။
- ဒီဂျစ်တယ်လ် မိတ္တူ ရှိရန်အတွက် သင့် ကဒ်ပြား၏ ရှေ့ဘက်နှင့်နောက်ဘက်ကို မဖြစ်မနေ ဓာတ်ပုံရိုက်ထားပါ။
- အလွယ်တကူ ရှာဖွေနိုင်ရန် သင့်ကိုယ်သင်ထံသို့ အီးမေးလ်ပေးပို့ခြင်း၊ အယ်လ်ဘမ်ထဲထည့်ထားခြင်း သို့မဟုတ် ပုံတွင် အမှတ်အသားလုပ်ထားခြင်းတို့ ပြုလုပ်ထားရန် စဉ်းစားပါ။
- သင့်နှင့်အတူ သယ်သွားလိုပါက ဓာတ်ပုံတစ်ပုံ မဖြစ်မနေ ရိုက်ထားပါ။
သင့်ရက်ချိန်းသို့ သင့် ကာကွယ်ဆေးထိုးကဒ်ပြားကို မယူလာလျှင်လည်း ဒုတိယအကြိမ်ဆေးကို ထိုးနိုင်ပါသေးသည်။ သင်သည် တူညီသော အမျိုးအစားကို ရရှိရန်အတွက် သင့် စောင့်ရှောက်သူအား သင်ပထမအကြိမ်ထိုးခဲ့သည့် ကာကွယ်ဆေးအမျိုးအစား (တံဆိပ်)ကို ကြည့်ပေးရန် တောင်းဆိုပါ။ သင့်ကာကွယ်ဆေးထိုးပြီး ကဒ်ပြား ပျောက်ဆုံးသွားလျှင် MyIR ထဲသို့ ဝင်ပြီ း (My Immunization Registry (ကျွန်ုပ်၏ ကာကွယ်ဆေးထိုး မှတ်ပုံတင်စာရင်း)) (အင်္ဂလိပ်လိုသာ) သင့်ကိုဗစ်-19 ကာကွယ်ဆေး မှတ်တမ်းကို ကြည့်ပါ ထို့နောက် အချက်အလက်ကို စခရင်ရှော့ခ် သို့မဟုတ် ဓာတ်ပုံတစ်ပုံရိုက်ထားပါ။ သင့်တွင် အကောင့်တစ်ခုမရှိပါက MyIR တွင် မည်သည့်အချိန်တွင်မဆို လက်မှတ်ထိုး ဝင်နိုင်ပါသည်။
သင့်မှတ်တမ်းများကို MyIR မှတစ်ဆင့် အတည်ပြုချက်ရယူခြင်းကို ချက်ချင်းရချင်မှရမည်ဖြစ်ပြီး ဝင်ကြည့်ပါက လက်ရှိတွင် အင်္ဂလိပ်လိုသာ ကြည့်လိုရမည်ဖြစ်ပါသည်။ MyIRmobile သို့မဟုတ် ကာကွယ်ဆေးထိုး မှတ်တမ်း မေးခွန်းများကို ကူညီရန်အတွက် တိုက်ရိုက် တယ်လီဖုန်းဖြင့် အထောက်အပံ့များကို Department of Health COVID-19 (ကျန်းမာရေးဌာန ကိုဗစ်-19) ဟော့လိုင်းထံသို့ 833-VAX-HELP ထံသို့ဖုန်းဆက်ပြီး သို့မဟုတ် waiisrecords@doh.wa.gov သို့အီးမေးလ်ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။
ဘေးကင်းလုံခြုံမှု နှင့် အာနိသင်ရှိမှု
- ကျွန်ုပ်ဘာလို့ ကိုဗစ်-19 ကာကွယ်ဆေးကို ထိုးသင့်သလဲ။
-
ကိုဗစ်-19 ကာကွယ်ဆေးထိုးမထိုးမှာ သင်၏ ဆန္ဒအတိုင်းသာဖြစ်သော်လည်း ဤကပ်ရောဂါကို အဆုံးသတ်ရန်အတွက် တတ်နိုင်သမျှ လူများများ ကာကွယ်ဆေးထိုးပြီး ဖြစ်ရန် လိုအပ်ပါသည်။ အသိုင်းအဝိုင်းအတွင်းရှိလူများ ကိုယ်ခံအားရှိနေလျှင် - ကာကွယ်ဆေးထိုးခြင်း သို့မဟုတ် လတ်တလော ကူးစက်ခံခဲ့ရခြင်းကြောင့် ကိုဗစ်-19 ဗိုင်းရပ်စ်သည် ပျံ့နှံ့ရန် ပိုခက်ခဲလာပါသည်။ ကျွန်ုပ်တို့၏ ကာကွယ်ဆေးထိုးပြီးနှုန်းများလေလေ ကျွန်ုပ်တို့၏ ကူးစက်ခံရသည့် နှုန်းနည်းလေလေ ဖြစ်ပါသည်။
ကိုဗစ်-19 ကာကွယ်ဆေးသည် သင့်ကို နည်းလမ်းများစွာဖြင့် ကာကွယ်ပေးနိုင်ပါသည်။
- ၄င်းတို့က သင် ကိုဗစ်-19 ဖြစ်ခဲ့ပါက အပြင်းအထန် နေမကောင်းဖြစ်နိုင်ခြေကို များစွာ လျော့ချပေးနိုင်ပါသည်။
- ကာကွယ်ဆေး အပြည့်အဝထိုးထားခြင်းဖြင့် ဆေးရုံတက်ရခြင်း နှင့် ကိုဗစ်-19 ကြောင့် သေဆုံးရနိုင်ခြေများကို လျော့ချပေးနိုင်ပါသည်။
- ကာကွယ်ဆေးထိုးခြင်းသည် အသိုင်းအဝိုင်းအတွင်း ကာကွယ်ခံထားရသည့် လူအရေအတွက်ကို ပိုများစေပြီ ရောဂါ ပျံ့နှံ့စေရန် ပိုမိုခက်ခဲစေပါသည်။
- ကာကွယ်ဆေး၏ ဗိုင်းရပ်စ်ကို အခြားသူများသို့ ထပ်မံကူးစက်ခြင်းကို တားမြစ်နိုင်စွမ်းကို ကျွမ်းကျင်သူများက ဆက်လက်လေ့လာနေကြပါသည်။
ကာကွယ်ဆေးအပြည့်ထိုးပြီးပါက ကိုဗစ်-19 ကူးစက်ခံရနိုင်သေးသော်လည်း ကာကွယ်ဆေးမထိုးရသေးသူထက် ကူးစက်ခံရနိုင်ခြေများစွာနည်းသွားပါသည်။
ကာကွယ်ဆေးမထိုးထားရသေးသည့်သူများသည် ဗိုင်းရပ်စ်ပိုးကူးခံရနိုင်ပြီး အခြားသူများထံကို ပျံ့နှံ့စေနိုင်ပါသေးသည်။ အချို့သောသူများသည် ကျန်းမာရေး အခြေအနေကြောင့် ကာကွယ်ဆေးမထိုးနိုင်ကြသဖြင့် ယင်းအကြောင့်လည်း အထူးသဖြင့် ကိုဗစ်-19 ကူးခံရရန် ပိုများစေနိုင်ပါသည်။ သင်သည် ကာကွယ်ဆေးမထိုးထားပါက ကိုဗစ်-19 မျိုးကွဲ. (အင်္ဂလိပ်လိုသာ) ကြောင့် ဆေးရုံတက်ရနိုင်ခြေ သို့မဟုတ် သေဆုံးနိုင်ခြေလည်း ပိုများပါသေးသည်။ ကာကွယ်ဆေးထိုးထားခြင်းဖြင့် သင့်မိသားစု၊ အိမ်နီးနားချင်း နှင့် အသိုင်းအဝိုင်းကို ကူညီကာကွယ်ပေးပါ။
- လူအများစုသည် ရောဂါရှိလျှင်လည်း အသက်ရှင်နိုင်လျှင် ကိုဗစ်-19 ကာကွယ်ဆေးကို ဘာကြောင့် ကျွန်ုပ်ထိုးသင့်ပါသလဲ။
-
သေဆုံးခြင်းသည် ကိုဗစ်-19 ရှိခြင်း၏ တစ်ခုတည်းသော အန္တရာယ်မဟုတ်ပါ။ ကိုဗစ်-19 ကူးစက်ခံရသော လူအများစုမှာ အလွန်ပျော့သော လက္ခဏာများကိုသာ ခံစားရပါသည်။ သို့ရတွင် ဗိုင်းရပ်စ်မှာ အလွန်အမင်း ခန့်မှန်းရခက်ပြီး တစ်ချို့သော ကိုဗစ်-19 ပိုးမျိုးကွဲများ (အင်္ဂလိပ်လိုသာ) သည် သင့်ကို အမှန်တကယ် အလွန်အမင်း နေထိုင်မကောင်း ဖြစ်စေနိုင်ပါသည်။ အချို့သောသူများသည် ကိုဗစ်-19 ကြောင့် အလွန်အမင်း နေထိုင်မကောင်းဖြစ်ခြင်း သို့မဟုတ် သေဆုံးခြင်းများ ဖြစ်နိုင်ပြီး အချို့လူငယ်များတွင်လည်း နာတာရှည် ကျန်းမာရေးပြဿနာများ ခံစားရတတ်ပါသည်။ အခြား၊ “ကိုဗစ် နာတာရှည်ခံရသူများ”ဟုသိကြသူများတွင် လပေါင်းများစွာ ရောဂါလက္ခဏာများကို ခံစားရပြီး ဘဝအရည်အသွေးကို ထိခိုက်စေပါသည်။ ကိုဗစ်-19 ဗိုင်းရပ်စ်သည် ဗိုင်းရပ်စ်အသစ်ဖြစ်သောကြောင့် ၎င်း၏ ရေရှည် သက်ရောက်မှုများကို ကျွန်ုပ်တို့ မသိရှိသေးပါ။ ဗိုင်းရပ်စ်ပိုးကို ကာကွယ်ရန် အကောင်းဆုံး အကာအကွယ်မှာ ကာကွယ်ဆေးထိုးခံခြင်း ဖြစ်ပါသည်။ သင်သည် ငယ်ရွယ်ပြီး ကျန်းမာရေးကောင်းလျှင်လည်း ကိုဗစ်-19 ကာကွယ်ဆေးကို ထိုးထားသင့်ပါသည်။
- ကိုဗစ်-19 မျိုးကွဲ ဆိုတာဘာလဲ။
-
ဗိုင်းရပ်စ်များသည် လူတစ်ယောက်မှ တစ်ယောက်ထံ ပျံ့နှံ့သည်နှင့်အမျှ ပုံစံပြောင်း (ပြောင်းလဲ)နိုင်ပါသည်။ ‘မျိုးကွဲ'တစ်ခုဆိုသည်မှာ ဗိုင်းရပ်စ်၏ ပုံစံပြောင်းတစ်မျိုး ဖြစ်ပါသည်။ အချို့သော မျိုးကွဲများသည် အချိန်နှင့်အမျှ ပျောက်ဆုံးသွားသော်လည်း အချို့မှာ အသိုင်းအဝိုင်းထဲတွင် ဆက်လက်ပျံ့နှံ့နေပါသည်။
Centers for Disease Control and Prevention (CDC, ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေး စင်တာမျာ) (အင်္ဂလိပ်လိုသာ) က ဗိုင်းရပ်စ် မျိုးကွဲများသည် စိုးရိမ်ပူပန်ဖွယ်ကောင်းသည် ဟု ဖော်ထုတ်ထားပါသည်။ လက်ရှိတွင် အချို့သောမျိုးကွဲများသည် လျှင်မြန်စွာပျံ့နှံ့ပြီး ပိုပိုလွယ်ကူစွာကူးစက်နိုင်ကာ ကိုဗစ်-19 ကူးစက်ခံရခြင်းပိုများစေသဖြင့် စိုးရိမ်ပူပန်ဖွယ်ကောင်းပါသည်။
- ကိုဗစ်-19 ကာကွယ်ဆေးများသည် မျိုးကွဲများအတွက်လည်း အလုပ်လုပ်ပါသလား။
-
လက်ရှိ အမေရိကရှိ ကိုဗစ်-19 ကာကွယ်ဆေးများသည် ပြင်းထန်သော ရောဂါဖြစ်ခြင်း၊ ဆေးရုံတက်ရခြင်း နှင့် သေဆုံးခြင်း တို့အပြင် မျိုးကွဲများကိုပါ ကာကွယ်ပေးနိုင်ပါသည်။ သို့ရာတွင် ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများအနေဖြင့် အားပျော့သော သို့မဟုတ် အတန်အသင့်သာရှိသော ကိုဗစ်-19 ရောဂါကို အထူးသဖြင့် အန္တရာယ်များသော လူများတွင် ကာကွယ်ပေးနိုင်စွမ်းလျော့ကျလာသည်ကို တွေ့မြင်နေရပါသည်။
နောက်ဆုံးပေါ် အားဖြည့်ထိုးဆေးများကို ကိုယ်ခံအားမြှင့်တင်ရန်နှင့် အိုမီခရွန် မျိုးကွဲများမှ ပိုမိုကောင်းမွန်သော ကာကွယ်မှုပေးရန် ဖန်တီးခဲ့သည်။ အကောင်းဆုံးကာကွယ်မှုအတွက် ရနိုင်သော ထိုးဆေးအားလုံးကို ထိုးနှံရန်မှာ အရေးကြီးပါသည်။
ကာကွယ်ဆေးထိုးခြင်းသည် သင်ကိုယ်သင်၊ သင်ချစ်ခင်ရသူများ နှင့် သင့်အသိုင်းအဝိုင်းကို ကာကွယ်ရန်အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ ကာကွယ်ဆေးထိုးပြီးနှုန်းများပြားမှုက ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို လျော့ချပေးပြီး ဗိုင်းရပ်စ်မျိုးကွဲအသစ်များ ပေါ်ထွက်လာခြင်းကို ကူညီကာကွယ်ပေးပါသည်။
- ကာကွယ်ဆေးများသည် ဘေးကင်းကြောင်း ကျွန်ုပ်တို့ ဘယ်လိုသိနိုင်မလဲ။
-
COVID-19 ကာကွယ်ဆေးများ ဘေးကင်းကြောင်း သေချာစေရန် Centers for Disease Control and Prevention (CDC, ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနများ) သည် ကာကွယ်ဆေး ဘေးကင်းမှုက စောင့်ကြည့်လေ့လာရန် အတွက နိုင်ငံ၏ စွမ်းရည်ကို တိုးချဲ့ပြီး မြှင့်တင်ထားပါသည်။ ရလဒ်အနေဖြင့် ကာကွယ်ဆေး ဘေးကင်းရေး ကျွမ်းကျင်ပညာရှင်များသည် COVID-19 ကာကွယ်ဆေး လက်တွေ့ စမ်းသပ်မှုများအတွင်း မတွေ့ခဲ့ရသည့်ပြဿနာများကို စောင့်ကြည့်သိရှိနိုင်မည်ဖြစ်သည်။
- Johnson & Johnson ကာကွယ်ဆေးက ဘာတွေဖြစ်နေတာလဲ။
-
ဒီဇင်ဘာ 2021 တွင် Washington State Department of Health (DOH, ဝါရှင်တန်ပြည်နယ် ကျန်းမာရေးဌာန) က တစ်ကြိမ်တည်းထိုးရသည့် Johnson & Johnson (J&J) ကာကွယ်ဆေး အစား အမ်အာအန်အေ ကိုဗစ်-19 ကာကွယ်ဆေး ဖြစ်သည့် (Pfizer-BioNTech သို့မဟုတ် Moderna)ကို ရွေးချယ်ရန် တိုက်တွန်းအကြံပြုထားပါသည်။
ဤမွမ်းမံမှုသည် J&J ကာကွယ်ဆေးထိုးပြီးနောက် တွေ့ရသည့် အလွန်ရှားပါးသော အခြေအနေနှစ်ခုနှင့်ပတ်သက်သည့် အချက်အလက်အသစ်တွေ့ရပြီးနောက်ပိုင်း Centers for Disease Control and Prevention (CDC, ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ဆေး စင်တာများ) ၏ လမ်းညွှန်ချက်ကို လိုက်နာပါသည်။
ယင်းအခြေအနေများသည် J&J ကိုဗစ်-19 ကာကွယ်ဆေး နှင့်သာ ပတ်သက်မှုရှိပြီး Pfizer သို့မဟုတ် Moderna ကာကွယ်ဆေးများနှင့် ဆက်စပ်မှုမရှိပါ။ လက်ရှိတွင် ကိုဗစ်-19 ကာကွယ်ဆေးထိုးခံချင်သူများအနေဖြင့် DOH က Moderna နှင့် Pfizer ကာကွယ်ဆေးများကို ထိုးနှံရန် တိုက်တွန်းအကြံပြုထားပါသည်။ သို့သော်လည်း သင်သည် အမ်အာအန်အေ ကာကွယ်ဆေးကို မထိုးချင်ပါက သို့မဟုတ် ထိုးလို့မရပါက J&J ကာကွယ်ဆေးကို ထိုးနှံလို့ရပါသေးသည်။ ကျေးဇူးပြုပြီး သင့်ရွေးချယ်မှုနှင့်ပတ်သက်ပြီး ကျန်းမာရေး စောင့်ရှောက်သူတစ်ယောက်နှင့် ဆက်သွယ်ပါ။
သင်သည် J&J ကိုဗစ်-19 ကာကွယ်ဆေးကို လွန်ခဲ့သော သုံးပတ်အတွင်းက ထိုးနှံခဲ့ပြီး သို့မဟုတ် J&J ကိုဗစ်-19 ကာကွယ်ဆေးကို ထိုးနှံခံရန် စီစဉ်ထားလျှင် TTS ကြောင့်ဖြစ်သော သွေးခဲပုံစံတစ်မျိုး၏ သတိပေးသင်္ကေတများကို သိထားသင့်ပါသည်။ ၎င်းတို့မှာ အလွန်အမင်းခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခြေထောက်နာကျင်ခြင်း၊ နှင့်/သို့မဟုတ် အသက်ရှူကြပ်ခြင်း တို့ဖြစ်ပါသည်။ သင်သည် ယင်းလက္ခဏာများကို ခံစားနေရလျှင် ချက်ချင်း ဆေးကုသမှုခံယူပါ။
ကိုဗစ်-19 ကာကွယ်ဆေးတစ်မျိုးမျိုးကို ထိုးပြီးနောက် ပထမအပတ်အတွင်း ကိုယ်ပူတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နွမ်းလျခြင်း နှင့် အဆစ်/ကြွက်သားများနာကျင်ခြင်းကဲ့သို့သော အားပျော့သော မှ အတန်အသင့် လက္ခဏာများခံစားရသည်မှာ ပုံမှန်ဖြစ်ပါသည်။ ယင်းဘေးထွက်အကျိုးများသည် ကာကွယ်ဆေးတစ်မျိုးထိုးပြီး ပထမသုံးရက်အတွင်းတွင် စတင်ခံစားရတတ်ပြီး ရက်အနည်းငယ်သာ ကြာတတ်ပါသည်။
- ကာကွယ်ဆေးတစ်ခုတွင် FDA ၏ ခွင့်ပြုချက်ရှိသည်ဆိုသည်မှာ ဘာကိုဆိုလိုတာလဲ။
-
အပြည့်အဝ ခွင့်ပြုချက်ရရန်အတွက် FDAသည် အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်တစ်ခုထက် ပိုမိုရှည်လျားသော အချိန်ကာလအတွင်းမှ အချက်အလက်များကို သုံးသပ်ရပါသည်။ ကာကွယ်ဆေးတစ်မျိုးကို အပြည့်အဝ ခွင့်ပြုချက်ပေးရန်အတွက် အချက်အလက်များတွင် ဘေးကင်းလုံခြုံမှု၊ အာနိသင်ရှိမှု နှင့် ကာကွယ်ဆေးထုတ်လုပ်မှုတွင် အရည်အသွေးထိန်းချုပ်မှုများ ရှိကြောင်း မဖြစ်မနေပြသရပါသည်။
အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက် (EUA) က FDAအား အပြည့်အဝလိုင်စင်မချပေးမီ အရေးပေါ်အခြေအနေတစ်ရပ်အတွင်း ရနိုင်သော ပစ္စည်းတစ်မျိုးကို ခွင့်ပြုခြင်းဖြစ်ပါသည်။ EUA၏ ရည်ရွယ်ချက်မှာ ကာလရှည်ကြာသော အချက်အလက်များကို မခွဲခြမ်းစိတ်ဖြာမီ အသက်ကယ်နိုင်သော ကာကွယ်ဆေးများကို ပြည်သူများရရှိနိုင်စေရေးဖြစ်ပါသည်။ သို့ရာတွင် EUAသည်လည်း စမ်းသပ်မှု အချက်အလက်များ တောက်လျှောက်တွင် အလွန်တိကျသော သုံးသပ်မှုများကို လိုအပ်သည်သာဖြစ်ပါသည် - သို့သော် အချိန်ကာလအားဖြင့် တိုတောင်းသွားသည်သာ ဖြစ်ပါသည်။ FDAက ခွင့်ပြုပေးသည့် EUAအားလုံးကို Western States Pact (အနောက်ပိုင်းပြည်နယ်များ ပက်) (အင်္ဂလိပ်လိုသာ)၏ အပိုင်းတစ်ပိုင်းအနေဖြင့် Scientific Safety Review Workgroup (သိပ္ပံနည်းကျ ဘေးကင်းလုံခြုံမှု သုံးသပ်ရေး အလုပ်အုပ်စု) က နောက်ထပ်ထောက်ခံချက်ပေးရပါသည်။
- Western States Pact ဆိုတာဘာလဲ။
-
ဤလုပ်ငန်းအဖွဲ့သည် ကာကွယ်ဆေး ဘေးကင်းရေးနှင့် ပတ်သက်၍ ကျွမ်းကျင်သူ ပြန်လည်သုံးသပ်ချက် နောက်ထပ်အလွှာ တစ်ခုကို ပေးခဲ့ပါသည်။ အဖွဲ့တွင် မန်ဘာဝင်ထားသော ပြည်နယ်များ အားလုံးက ခန့်အပ်ထားသည့် ကျွမ်းကျင်သူများအပြင် ကာကွယ်ဆေးထိုးခြင်းနှင့် ပြည်သူ့ကျန်းမာရေး ကဏ္ဍတွင် ကျွမ်းကျင်ကာ နိုင်ငံတော်က အသိအမှတ်ပြုထားသော သိပ္ပံပညာရှင်များ ပါဝင်ခဲ့ပါသည်။ COVID-19 ကို ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ တစ်ခုအဖြစ် ကြေညာခဲ့စဉ်က အနောက်ဘက်ခြမ်းရှိ ပြည်နယ်များနှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုတို့ ပြုလုပ်နိုင်ရန်အတွက် ဤအဖွဲ့သည် လက်ရှိအချိန်၌ ဝါရှင်တန်ပြည်နယ်တွင် ကျွန်ုပ်တို့ရရှိနေသော ကာကွယ်ဆေး လေးမျိုးအတွက် ဖက်ဒရယ်အဆင့် ပြန်လည်သုံးသပ်ချက်များနှင့် တစ်ပြိုင်နက် အများပြည်သူ သိရှိနိုင်သော အချက်အလက်များ အားလုံးကို ပြန်လည်သုံးသပ်ခဲ့ပါသည်။ ကမ္ဘာ့ကပ်ရောဂါ၏ ပြန်လည်ထူထောင်ရေး အဆင့်အသစ် တစ်ခုသို့ ကျွန်ုပ်တို့လှမ်းတက်နေပြီ ဖြစ်သည့်အလျောက် Western States Pact (အနောက်ဘက်ခြမ်းရှိ ပြည်နယ်များ၏ ပဋိဉာဉ်) ကို ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး အနောက်ဘက်ခြမ်းရှိ ပြည်နယ်များတွင် ကာကွယ်ဆေး အသုံးပြုမှု အတည်ပြုချက်များ အားလုံးကို Food and Drug Administration (FDA, အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန) က ဆုံးဖြတ်မည်ဖြစ်ပြီး ကာကွယ်ဆေး တိုက်တွန်းချက်များကို Centers for Disease Control and Prevention (CDC, ရောဂါထိန်းချူပ်ရေးနှင့် ကာကွယ်ရေး စင်တာများ) က ထုတ်ပြန်မည် ဖြစ်ပါသည်။
Western States Scientific Safety Review Workgroup ၏ တွေ့ရှိချက်များကို ဖတ်ရှု့မည်။
- Pfizer-BioNTech ကိုဗစ်-19 ကာကွယ်ဆေး (PDF) (အင်္ဂလိပ်လိုသာ)
- Moderna ကိုဗစ်-19 ကာကွယ်ဆေး (PDF) (အင်္ဂလိပ်လို)
- Johnson & Johnson-Janssen ကိုဗစ်-19 ကာကွယ်ဆေး(PDF) (အင်္ဂလိပ်လို)
- Novavax ကိုဗစ်-19 ကာကွယ်ဆေး (PDF) (အင်္ဂလိပ်လို)
- ကိုဗစ်-၁၉ ကာကွယ်ဆေးက ကျွန်ုပ်တို့ခန္ဓာကိုယ်ထဲမှာ ဘယ်လိုအလုပ်လုပ်သလဲ။
-
ကာကွယ်ဆေးများ သင့် ခန္ဓာကိုယ် အတွင်း မည်သို့အလုပ်လုပ်သလဲ (အင်္ဂလိပ်လိုသာ) အကြောင်း ဗီဒီယိုကို ကြည့်ပါ။.
အမ်အာအန်အေ ကာကွယ်ဆေးများ (Pfizer နှင့် Moderna ကိုဗစ်-19 ကာကွယ်ဆေးများ)
ရရှိနိုင်သော ကာကွယ်ဆေး နှစ်မျိုးကို မက်ဆန်ဂျာ အာအန်အေ (အမ်အာအန်အေ) ကာကွယ်ဆေးများဟု ခေါ်ပါသည်။
အမ်အာအန်အေ ကာကွယ်ဆေးများက သင့်ဆဲလ်များကို ဘေးမဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ် ထိပ်ချွန်ပရိုတိန်းများလုပ်စေရန် သင်ကြားပေးပါလိမ့်မည်။ ပရိုတိန်းသည် ခန္ဓာကိုယ်ပိုင်မဟုတ်ဟု သင့်ကိုယ်ခံအားစနစ်က သိပြီး သင့်ခန္ဓာကိုယ်က ကိုယ်ခံပဋိပစ္စည်းများကို စတင်ပြုလုပ်ပါလိမ့်မည်။ ယင်းကိုယ်ခံပဋိပစ္စည်းများက နောင်တွင် သင့်အား ကိုဗစ်-19 ရောဂါပိုးကူးစက်လာပါက ၄င်းပိုးအားမည်သို့ ခုခံရမည်ကို မှတ်ထားပါလိမ့်မည်။ သင်ကာကွယ်ဆေးထိုးထားပါက ရောဂါမခံစားရဘဲ ကိုဗစ်-၁၉ အတွက် ကိုယ်ခံအားကို တည်ဆောက်ထားပြီး ဖြစ်နေပါလိမ့်မည်။ ၎င်း၏အလုပ်ပြီးသွားသည်နှင့် အမ်အာအန်အေ သည် အလျင်အမြန်ပြိုကွဲသွားပြီး ခန္ဓာကိုယ်က ၎င်းကို ရက်အနည်းအငယ်အတွင်း ရှင်းလင်းလိုက်ပါသည်။
ကြားဗိုင်းရပ်စ် ကာကွယ်ဆေးများ (Johnson & Johnson ကိုဗစ်-19 ကာကွယ်ဆေး)
ကိုဗစ်-19 ကာကွယ်ဆေးများမှ တစ်ခုကို ကြားဗိုင်းရပ်စ် ကာကွယ်ဆေး ဟုခေါ်ပါသည်။
ကြားဗိုင်းရပ်စ် ကာကွယ်ဆေးများကို ဗိုင်းရပ်အပေျာ့စားတစ်မျိုး (ကိုဗစ်-19 ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးမဟုတ်သည့် အခြား ဗိုင်းရပ်စ်တစ်မျိုး)ဖြင့် ပြုလုပ်ထားပါသည်။ ယင်း ကာကွယ်ဆေးများက သင့်ဆဲလ်များကို ဘေးမဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ် ထိပ်ချွန်ပရိုတိန်းများလုပ်စေရန် သင်ကြားပေးပါလိမ့်မည်။ ပရိုတိန်းသည် ခန္ဓာကိုယ်ပိုင်မဟုတ်ဟု သင့်ကိုယ်ခံအားစနစ်က သိပြီး ကိုယ်ခံပဋိပစ္စည်းများကို စတင်ပြုလုပ်ပါလိမ့်မည်။ သင့်ခန္ဓာကိုယ်က နောင်တွင် သင့်အား ကိုဗစ်-19 ရောဂါပိုးကူးစက်လာပါက ရောဂါမခံစားရဘဲ ၄င်းပိုးအားမည်သို့ခုခံရမည်ကို မှတ်ထားပါလိမ့်မည်။
ကျွန်ုပ်တို့သုံးမည့် ကြားဗိုင်းရပ်စ် ကာကွယ်ဆေးမှာ တစ်ကြိမ်ထဲ ထိုးရပါမည်။ ကာကွယ်ဆေးထိုးပြီးနောက် အကာအကွယ်အများဆုံးရရန် ပုံမှန်အားဖြင့် အချိန် နှစ်ပတ်လိုပါသည်။
ပရိုတင်းဓာတ်ခွဲကာကွယ်ဆေးများ (Novavax COVID-19 ကာကွယ်ဆေး)
Food and Drug Administration (FDA, အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန) က အတည်ပြုထားသည့် COVID-19 ကာကွယ်ဆေးများအနက် တစ်ခုမှာ ပရိုတင်းဓာတ်ခွဲကာကွယ်ဆေး ဖြစ်ပါသည်။ ပရိုတင်းဓာတ်ခွဲကာကွယ်ဆေးများတွင် COVID-19 ကို ဖြစ်စေသော ဗိုင်းရပ်စ် (ပရိုတိန်းများ) အပိုင်းအစများအပြင် (မည်သည့် သက်ရှိဗိုင်းရပ်စ်ကိုမျှ အသုံးမပြုဘဲ ပြုလုပ်ထားကာ) ခန္ဓာကိုယ်ထဲတွင် ကာကွယ်ဆေး ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန်အတွက် ထပ်တိုးပစ္စည်း တစ်မျိုးလည်း ပါဝင်ပါသည်။ စပိုက်ခ်ပရိုတိန်းအား မည်သို့တုံ့ပြန်ရမည်ကို သင်ကိုယ်ခံအားစနစ်က သိရှိသည်နှင့် အမှန်တကယ် ဗိုင်းရပ်စ်ကို လျင်မြန်စွာ တုံ့ပြန်နိုင်ကာ သင့်ကို COVID-19 မဖြစ်စေရန် ကာကွယ်ပေးပါမည်။ ပရိုတင်းဓာတ်ခွဲကာကွယ်ဆေးများတွင် COVID-19 ကို ဖြစ်စေသော ဗိုင်းရပ်စ်ကြောင့် ကူးစက်မှု မဖြစ်စေသလို ကျွန်ုပ်တို့၏ ဒီအန်အေနှင့် ပြန်လှန်တုံ့ပြန်ခြင်းလည်း မရှိပါ။
ရရှိနိုင်သော ဗိုင်းရပ်စ်ဆိုင်ရာ ဓာတ်ခွဲကာကွယ်ဆေးမှာ 2 ကြိမ်ထိုးရသည့် ကာကွယ်ဆေးတစ်မျိုး ဖြစ်ပါသည်။ ပုံမှန်အားဖြင့် အပြည့်အဝ ကာကွယ်မှု ရရှိရန်အတွက် ဒုတိယအကြိမ် ဆေးထိုးပြီးနောက် 2ပတ်ခန့် ကြာနိုင်ပါသည်။
တစ်ခါတစ်ရံတွင် ကာကွယ်ဆေးထိုးခြင်းကြောင့် ကိုယ်ပူချိန်အနည်းငယ်တက်ခြင်း သို့မဟုတ် ရာသီတုပ်ကွေးကဲ့သို့သော လက္ခဏာများကို ဖြစ်စေတတ်သော်လည်း အန္တရာယ်မရှိပါ။
ပိုမိုသိရှိရန် ၎င်း အရင်းအမြစ်များကို ကြည့်ပါ။ ကိုဗစ်-19 ကာကွယ်ဆေးများ၏ လျှပ်တစ်ပြတ်ရိုက်ချက်များ နှင့် ကိုဗစ်-19 ကာကွယ်ဆေးများ သိထားသင့်သည်များ
လူ့အသိုင်းအ၀ိုင်းထဲတွင် ကိုရိုနာဗိုင်းရပ်စ်ကို ခုခံအားရှိနေသောသူများလာပါက ဗိုင်းရပ်စ်က သွားစရာ နေရာမရှိတော့ပါ။ ယင်းသို့အားဖြင့် ရောဂါပျံ့နှံ့မှုကို ပိုမိုမြန်ဆန်စွာ တားဆီးနိုင်ပြီး ဤကပ်ရောဂါ ပြီးဆုံးစေရန် ပိုမိုနီးစပ်လာမည်ဖြစ်သည်။
- ကိုဗစ်-19 ကာကွယ်ဆေးများကို ဘယ်လို လုပ်ထားပါသလဲ။
-
ဤဗီဒီယိုအတိုလေးက ကိုဗစ် ကာကွယ်ဆေးများ ကို ဘယ်လိုလုပ်ထားသလဲ (အင်္ဂလိပ်လိုသာ). ကို ရှင်းပြပါလိမ့်မည်။
- အမ်အာအန်အေ ကာကွယ်ဆေး ဆိုတာဘာလဲ။
-
မက်ဆန်ဂျာ အာအန်အေ သို့မဟုတ် အမ်အာအန်အေ ကာကွယ်ဆေးဆိုသည်မှာ ကာကွယ်ဆေး အမျိုးအစားသစ်တစ်ခုဖြစ်ပါသည်။ အမ်အာအန်အေ ကာကွယ်ဆေးများက သင့်ဆဲလ်များကို ဘေးမဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ် “ထိပ်ချွန်ပရိုတိန်း”များလုပ်စေရန် သင်ကြားပေးပါလိမ့်မည်။ ထိပ်ချွန်ပရိုတိန်း ဆိုသည်မှာ သင်မြင်နေရသည့် ကိုရိုနာဗိုင်းရပ်စ်၏ မျက်နှာပြင်ပင်ဖြစ်ပါသည်။ ပရိုတိန်းသည် ခန္ဓာကိုယ်ပိုင်မဟုတ်ဟု သင့်ကိုယ်ခံအားစနစ်က သိပြီး သင့်ခန္ဓာကိုယ်က ကိုယ်ခံပဋိပစ္စည်းများကို စတင်ပြုလုပ်ပါလိမ့်မည်။ ၎င်းမှာ ကိုဗစ်-19 ပိုးကူးစက်ခံရချိန်တွင် “သဘာဝအလျောက်” ကျွန်ုပ်တို့တွင် ဖြစ်ပျက်သည်များနှင့် အလားတူပါသည်။ ၎င်း၏အလုပ်ပြီးသွားသည်နှင့် အမ်အာအန်အေ သည် အလျင်အမြန်ပြိုကွဲသွားပြီး ခန္ဓာကိုယ်က ၎င်းကို ရက်အနည်းအငယ်အတွင်း ရှင်းလင်းလိုက်ပါသည်။
ကျွန်ုပ်တို့သည် အမ်အာအန်အေ ကို အခြား ဆေးဘက်ဆိုင်ရာ နှင့် တိရိစ္ဆာန်စောင့်ရှောက်မှုများတွင် ယခင်ကတည်းက အသုံးပြုခဲ့ဖူးသော်လည်း ဤနည်းလမ်းကို အသုံးပြုပြီး ကာကွယ်ဆေးပြုလုပ်ခြင်းသည် ကြီးမားသော သိပ္ပံတီထွင်မှုကြီးတစ်ခုဖြစ်ပြီး နောင်တွင်လည်း ကာကွယ်ဆေးများကို ဤနည်းဖြင့် ပိုမိုလွယ်ကူစွာ ဖော်ထုတ်နိုင်လိမ့်မည် ဖြစ်ပါသည်။
သင်သည် အမ်အာအန်အေ ကာကွယ်ဆေးများ ဘယ်လိုအလုပ်လုပ်သလဲကို ရောဂါထိန်းချုပ်ရေး စင်တာများ (CDC) ၏ ဝက်ဘ်ဆိုက်ဒ် (အင်္ဂလိပ်လိုသာ) တွင် ဖတ်နိုင်ပါသည်။
- ကြားဗိုင်းရပ်စ် ကာကွယ်ဆေးဆိုတာဘာလဲ။
-
ဤကာကွယ်ဆေးအမျိုးအစားသည် သင့် ဆဲလ်ကို လမ်းညွှန်ချက်များပေးမည့် ဗိုင်းရပ်အပျော့စားတစ်မျိုးကို အသုံးပြုထားပါသည်။ ကြားဗိုင်းရပ်စ်သည် ဆဲလ်အတွင်းသို့ဝင်ပြီး ဆဲလ်၏ လုပ်ငန်းများကို အသုံးပြုပြီး ဘေးမဖြစ်စေသည့် ကိုဗစ်-19 “ထိပ်ချွန်ပရိုတိန်း”များလုပ်စေပါသည်။ ဆဲလ်သည် ၎င်း၏ မျက်နှာပြင်ပေါ်တွင် ထိပ်ချွန်ပရိုတိန်းများပေါ်လာပြီး ခန္ဓာကိုယ်ပိုင်မဟုတ်ဟု သင့်ကိုယ်ခံအားစနစ်က သိသွားပါသည်။ သင့်ကိုယ်ခံအားစနစ်က ၎င်းကို ပိုးဝင်မှုတစ်ခုဟုထင်ပြီး ကိုယ်ခံပဋိပစ္စည်းများကို စတင်ပြုလုပ်ကာ အခြား ကိုယ်ခံအားဆဲလ်များကိုလည်း ရင်ဆိုင်တိုက်ခိုက်ရန်အတွက် အသက်သွင်းပါတော့သည်။ သင့်ခန္ဓာကိုယ်က နောင်တွင် သင့်အား ကိုဗစ်-19 ရောဂါပိုးကူးစက်လာပါက ရောဂါမခံစားရဘဲ ၄င်းပိုးအားမည်သို့ခုခံရမည်ကို မှတ်ထားပါလိမ့်မည်။
ပရိုတင်းဓာတ်ခွဲကာကွယ်ဆေးဆိုတာက ဘာလဲ။
Food and Drug Administration (FDA, အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန) က အတည်ပြုထားသည့် COVID-19 ကာကွယ်ဆေးများအနက် တစ်ခုမှာ ပရိုတင်းဓာတ်ခွဲကာကွယ်ဆေး ဖြစ်ပါသည်။ ပရိုတင်းဓာတ်ခွဲကာကွယ်ဆေးများတွင် COVID-19 ကို ဖြစ်စေသော ဗိုင်းရပ်စ် (ပရိုတိန်းများ) အပိုင်းအစများအပြင် (မည်သည့် သက်ရှိဗိုင်းရပ်စ်ကိုမျှ အသုံးမပြုဘဲ ပြုလုပ်ထားကာ) ခန္ဓာကိုယ်ထဲတွင် ကာကွယ်ဆေး ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန်အတွက် ထပ်တိုးပစ္စည်း တစ်မျိုးလည်း ပါဝင်ပါသည်။ စပိုက်ခ်ပရိုတိန်းအား မည်သို့တုံ့ပြန်ရမည်ကို သင်ကိုယ်ခံအားစနစ်က သိရှိသည်နှင့် အမှန်တကယ် ဗိုင်းရပ်စ်ကို လျင်မြန်စွာ တုံ့ပြန်နိုင်ကာ သင့်ကို COVID-19 မဖြစ်စေရန် ကာကွယ်ပေးပါမည်။ ပရိုတင်းဓာတ်ခွဲကာကွယ်ဆေးများတွင် COVID-19 ကို ဖြစ်စေသော ဗိုင်းရပ်စ်ကြောင့် ကူးစက်မှု မဖြစ်စေသလို ကျွန်ုပ်တို့၏ ဒီအန်အေနှင့် ပြန်လှန်တုံ့ပြန်ခြင်းလည်း မရှိပါ။
ထောက်ကူပြုဆေးဝါးဆိုတာ ဘာလဲ။
Novavax တွင်ပါဝင်သော ထောက်ကူပြုဆေးဝါးသည် ခန္ဓာကိုယ်၏ ကိုယ်ခံအား တုံ့ပြန်မှုကို ပိုမိုအားကောင်းစေမည့် ထပ်တိုးပစ္စည်း ဖြစ်ပါသည်။
- ကာကွယ်ဆေးများထဲတွင် ဘာတွေပါသလဲ။
-
ကိုဗစ်-19 ကာကွယ်ဆေးများထဲရှိ ပါဝင်ပစ္စည်းများမှာ ကာကွယ်ဆေးများတွင် ပါဝင်နေကျအတိုင်းသာ ဖြစ်ပါသည်။ ၎င်းတို့တွင် အမ်အာအန်အေ ၏ အာနိသင်ရှိသော ပါဝင်ပစ္စည်များ သို့မဟုတ် မွမ်းမံထားသော အဒီနိုဗိုင်းရပ်စ် တိုအပြင် အခြား အဆီ၊ ဆား နှင့် သကြားကဲ့သို့သော အာနိသင်ရှိသော ပါဝင်ပစ္စည်းများကို ကာကွယ်ပေးသည့်၊ ခန္ဓာကိုယ်အတွင်း ပိုမိုကောင်းမွန်စွာ အလုပ်လုပ်စေသည့်၊ ကာကွယ်ဆေးကို သိုလှောင်ချိန် နှင့် သယ်ယူပို့ဆောင်ရာတွင် အကာအကွယ်ပေးသည့် အခြားပါဝင်ပစ္စည်းများပါဝင်ပါသည်။
Novavax COVID-19 ကာကွယ်ဆေးသည် ပရိုတိန်း ဓာတ်ခွဲအခြေပြု ကာကွယ်ဆေးတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အတွင်း ကာကွယ်ဆေး ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန်အတွက် ယင်းတွင် ထပ်တိုးပစ္စည်း တစ်ခုနှင့်အတူ အဆီများနှင့် သကြားဓာတ်များ ပါဝင်ပါသည်။ ဤကာကွယ်ဆေးသည် mRNA ကို အသုံးမပြုပါ။
Pfizer Moderna Novavax နှင့် Johnson and Johnson ကာကွယ်ဆေးများတွင် လူသားဆဲလ်များ (သန္ဓေဆဲလ်များအပါအဝင်)၊ ကိုဗစ်-19 ဗိုင်းရပ်စ်၊ ရာဘာ၊ ကြာရှည်ခံဆေးများ၊ သို့မဟုတ် ဝက်ထွက်ပစ္စည်း သို့မဟုတ် ဂျယ်လတင် အပါအဝင် တိရိစ္ဆာန်ထွက်ပစ္စည်းများ မပါဝင်ပါ။ ကာကွယ်ဆေးကို ဥများထဲတွင် ပြုလုပ်ထားခြင်းမဟုတ်ဘဲ ဥထွက်ပစ္စည်းများ မပါဝင်ပါ။
ပါဝင်ပစ္စည်းများအကြောင်း ပိုမိုသိရှိရန် ဤ အမေးအဖြေ။ ။ ဖီလစ်ဒီးဖီးယား ကလေးဆေးရုံ မှ ဝက်ဘ်စာမျက်နှာ (အင်္ဂလိပ်လို) ကိုကြည့်ပါ။ ပါဝင်ပစ္စည်းအပြည့်အစုံကို Pfizer, Moderna, Novavax နှင့် Johnson & Johnson အချက်အလက်စာရွက်တွင် ကြည့်ပါ။
- Johnson & Johnson ကာကွယ်ဆေးတွင် သန္ဓေသားစများ ပါဝင်ပါသလား။
-
Johnson & Johnson ကိုဗစ်-19 ကာကွယ်ဆေးသည် အခြားသော ကာကွယ်ဆေးများအတိုင်း တူညီသော နည်းပညာကို အသုံးပြုပြီး ဖန်တီးထားပါသည်။ ၎င်းတွင် သန္ဓေသားစ သို့မဟုတ် သန္ဓေသားဆဲလ်များ မပါဝင်ပါ။ ကာကွယ်ဆေး၏ အစိတ်အပိုင်းတစ်ခုကို လွန်ခဲ့သော 35 နှစ်က ပြုလုပ်ခဲ့သော မိမိဆန္ဒအလျောက် ပြုလုပ်သည့် ကိုယ်ဝန်ဖျက်ချခြင်းမှ မူရင်းဖြစ်သော ဆဲလ်၏ ဓာတ်ခွဲခန်းအတွင်း မွေးသော မိတ္တူဆဲလ်ထဲတွင် ပြုလုပ်ထားပါသည်။ ထို့နောက်တွင် ၎င်းကာကွယ်ဆေးများ၏ ဆဲလ်လိုင်းများသည် ဓာတ်ခွဲခန်းတွင်းတွင် ထိန်းသိမ်းထားပြီးဖြစ်ကာ နောက်ထပ် သန္ဓေသားဆဲလ်၏ ရင်းမြစ်များကို ၎င်းကာကွယ်ဆေးသုံးရန် ထပ်မံအသုံးမပြုတော့ပါ။ ၎င်းမှာ တစ်ချို့သောသူများအတွက် အချက်အလက်အသစ်ဖြစ်နေနိုင်ပါသည်။ သို့ရာတွင် ရေကျောက်၊ ဂျိုက်သိုး နှင့် အသည်းရောင်အသားဝါ အေ တို့အတွက် ကာကွယ်ဆေးများကိုလည်း ၎င်းအတိုင်းနည်းတူ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။
- ကိုဗစ်-19 ကာကွယ်ဆေးသည် ကလေးမရခြင်းကို ဖြစ်စေပါသလား။
-
ကာကွယ်ဆေးများသည် ကလေးမရခြင်း သို့မဟုတ် ယောက်ျားမပီသခြင်းကို ဖြစ်စေသည်ဟု သိပ္ပံနည်းကျ သက်သေများ မရှိပါ။ ကာကွယ်ဆေးသည် သင့်ကိုယ်ထဲဝင်သွားပြီးနောက် ၎င်းသည် ကိုရိုနာ ဗိုင်းရပ်စ်ကို တိုက်ခိုက်ရန် ပဋိပစ္စည်းများကို ထုတ်ပေးခြင်းဖြင့် သင့် ကိုယ်ခံအားစနစ်နှင့်အလုပ်လုပ်ပါသည်။ ယင်း ဖြစ်စဉ်သည် သင့် မျိုးဆက်ပွား အင်္ဂါများကို စွက်ဖက်ခြင်းမရှိပါ။
Centers for Disease Control and Prevention (CDC) (အင်္ဂလိပ်လိုသာ), American College of Obstetricians and Gynecologists (ACOG) (အင်္ဂလိပ်လိုသာ) နှင့် Society for Maternal-Fetal Medicine (SMFM) (အင်္ဂလိပ်လိုသာ)က ကိုဗစ်-19 ကာကွယ်ဆေးကို ကိုယ်ဝန်ရှိနေသော၊ နို့တိုက်နေသော သို့မဟုတ် ကိုယ်ဝန်ယူရန်စီစဉ်နေသူများတွင် ထိုးနှံရန် တိုက်တွန်းအကြံပြုထားပါသည်။ ကိုဗစ်-19 ကာကွယ်ဆေးထိုးထားသူများစွာသည် ဆေးထိုးထားပြီးနောက် ကိုယ်ဝန်များရကြပြီး ကျန်းမာသော ကလေးများကို မွေးဖွားနေနေကြပါသည်။
လက်ရှိတွင် ကိုဗစ်-19 ကာကွယ်ဆေးများအပါအဝင် ကာကွယ်ဆေးအားလုံးသည် အမျိုးသားတွင် မျိုးဆက်ပွား ပြဿနာများရှိနိုင်ကြောင်း ပြသနိုင်သည့် သက်သေမရှိသေးပါ။ အမ်အာအန်အေ ကိုဗစ်-19 ကာကွယ်ဆေး (ဥပမာ။ Pfizer-BioNTech သို့မဟုတ် Moderna) ကို ထိုးခံခဲ့သော ကျန်းမာသော အမျိုးသား 45 ယောက်တွင် ပြုလုပ်သော လေ့လာမှု အသေးစား (အင်္ဂလိပ်လို)တစ်ခုတွင် အရည်အသွေး နှင့် လှုပ်ရှားမှုကဲ့သို့သော သုတ်ကောင်၏ သွင်ပြင်လက္ခဏာများကို ကာကွယ်ဆေးမထိုးမီ နှင့် ထိုးပြီးနောက်ပိုင်းတွင် လေ့လာခဲ့ပါသည်။ သုတေသနပညာရှင်များက ကာကွယ်ဆေးထိုးပြီးချိန်တွင် ၎င်းသုတ်ကောင်များ၏ သွင်ပြင်လက္ခဏာများ သိသာထင်ရှားစွာ ပြောင်းလဲသွားခြင်းမရှိကြောင်းကို တွေ့ရှိခဲ့ရပါသည်။
နေထိုင်မကောင်းခြင်းကြောင့် ကိုယ်ပူတက်ခြင်းသည် ကျန်းမာသော အမျိုးသားများတွင် ခေတ္တ သုတ်ပိုးထုတ်လုပ်မှုလျော့ကျခြင်းနှင့်ပတ်သက်နေပါသည်။ ကိုယ်ပူတက်ခြင်းသည် ကိုဗစ်-19 ကာကွယ်ဆေးထိုးခံခြင်း၏ ခဏတာ ဘေးထွက်အကျိုးဖြစ်သော်လည်း လက်ရှိတွင် ကိုဗစ်-ကာကွယ်ဆေးထိုးခံခြင်းသည် သုတ်ပိုးထုတ်လုပ်မှုအပေါ်သက်ရောက်မှုရှိသည်ဟု သက်သေမရှိပါ။
ပိုမိုသိရှိလိုပါက CDC၏ ကလေးယူနေသူများအတွက် ကိုဗစ်-19 ကာကွယ်ဆေးဆိုင်ရာ အချက်အလက်များ (အင်္ဂလိပ်လိုသာ) တွင်ကြည့်ပါ။ ကာကွယ်ဆေးများအကြောင်း အချက်အလက်များကို CDC ကိုဗစ်-19 ကာကွယ်ဆေးများ ဝက်ဘ်စာမျက်နှာ (အင်္ဂလိပ်လိုသာ) တွင်လည်း ကြည့်နိုင်ပါသည်။
- ကာကွယ်ဆေးထိုးပြီးနောက် မည်သည့် လက္ခဏာအမျိုးအစားများသည် ပုံမှန်လဲ။
-
အခြားပုံမှန် ကာကွယ်ဆေးများကဲ့သို့ပင် အဖြစ်အများဆုံး ဘေးထွက်အကျိုးမှာ လက်မောင်းနာခြင်း၊ နွမ်းလျခြင်း၊ ခေါင်းကိုက်ခြင်း နှင့် ကြွက်သားနာခြင်းတို့ ဖြစ်ပါသည်။
၎င်းလက္ခဏာများသည် ကာကွယ်ဆေးအလုပ်လုပ်ကြောင်း ပြသနေပါသည်။ Pfizer နှင့် Moderna ဆေးစမ်းသပ်မှုများတွင် ၎င်းဘေးထွက်အကျိုးများသည် ကာကွယ်ဆေးထိုးပြီးနောက် နှစ်ရက်အတွင်း အများဆုံးဖြစ်ပြီး တစ်ရက်ခန့်သာ ကြာပါသည်။ ဘေးထွက်အကျိုးများသည် ပထမအကြိမ်ထက်စာလျှင် ဒုတိယအကြိမ်တွင် ပိုအဖြစ်များပါသည်။ Johnson & Johnson ဆေးစမ်းသပ်မှုများတွင် ဘေးထွက်အကျိုးများသည် ပျှမ်းမျှအားဖြင့် တစ်ရက်မှ နှစ်ရက်ခန့် ကြာပါသည်။
ကာကွယ်ဆေး သုံးမျိုးလုံးအတွက် အသက် 55 ထက်ကြီးသောသူများသည် အသက်ငယ်သောသူများထက် ဘေးထွက်အကျိုးရှိကြောင်း အစီရင်ခံမှု ပိုနည်းနိုင်ပါသည်။
သင်သည် အွန်လိုင်း သို့မဟုတ် လူမှုမီဒီယာများတွင် မမှန်ကန်သော ဘေးထွက်အကျိုးများအကြောင်း ကောလဟာလအချို့ကို မြင်ကောင်းမြင်နိုင်ပါသည်။ ဘေးထွက်အကျိုးတစ်ခုရှိကြောင်း ပြောဆိုလာသည်ကို တွေ့လျှင် ၎င်းပြောဆိုနေသည့် အရင်းအမြစ်ကို စစ်ဆေးကြည့်ရန် လိုအပ်ပါသည်။ ။ - ကိုဗစ်-19 ကာကွယ်ဆေးထိုးပြီးလျှင် နေထိုင်မကောင်းဖြစ်လာပါက ဘာဖြစ်မလဲ။
-
အခြားပုံမှန် ကာကွယ်ဆေးများကဲ့သို့ပင် ကိုဗစ်-19 ကာကွယ်ဆေးထိုးပြီးချိန်တွင် အဖြစ်အများဆုံး ဘေးထွက်အကျိုးမှာ ကာကွယ်ဆေးထိုးပြီးချိန်တွင် လက်မောင်းနာခြင်း၊ ဖျားခြင်း၊ နွမ်းလျခြင်း၊ ခေါင်းကိုက်ခြင်း နှင့် ကြွက်သားနာခြင်းတို့ ဖြစ်ပါသည်။ ၄င်းတို့မှာ ကာကွယ်ဆေးတွင် အာနိသင်ရှိကြောင်း ပြသသည့် လက္ခဏာများ ဖြစ်ပါသည်။ COVID-19 ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများအကြောင်း ပိုမိုလေ့လာပါ။
ကာကွယ်ဆေးထိုးပြီးနောက် သင်နေထိုင်မကောင်းဖြစ်လျှင် သင်သည် မလိုလားအပ်သော ဖြစ်ရပ်ကို Vaccine Adverse Event Reporting System (VAERS, ကာကွယ်ဆေး ၏ မလိုလားအပ်သော ဖြစ်ရပ်များ အစီရင်ခံသည့် စနစ်) (အင်္ဂလိပ်လိုသာ) ထံသို့ အစီရင်ခံပါ။ “မလိုလားအပ်သော ဖြစ်ရပ်”တစ်ခုဆိုသည်မှာ ကာကွယ်ဆေးထိုးပြီးနောက် ကျန်းမာရေးပြဿနာ သို့မဟုတ် ဘေးထွက်ဆိုးကျိုး အားလုံးကို ဆိုလိုပါသည်။ VAERS အကြောင်း ပိုမိုသိရှိလိုပါက အောက်တွင် VAERSဆိုတာဘာလဲ” ကို ကြည့်ပါ။
- VAERSဆိုတာ ဘာလဲ။
-
VAERS သည် ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေး စင်တာများ (CDC) နှင့် အစားအသောက် နှင့် ဆေးဝါး စီမံခန့်ခွဲမှု တို့ကဉီးဆောင်သည့် စောစော သတိပေး စနစ်တစ်ခုဖြစ်ပါသည်။ VAERS သည် ကာကွယ်ဆေးတစ်ခုနှင့် ဆက်စပ်နေသည့် ပြဿနာများကို ဖော်ထုတ်ရန် ကူညီပေးနိုင်ပါသည်။
မည်သူမဆို (ကျန်းမာရေး စောင့်ရှောက်သူ၊ လူနာ၊ စောင့်ရှောက်သူ) VAERSတွင် ဖြစ်နိုင်ခြေရှိသော ဘေးထွက်အကျိုးများကို အစီရင်ခံနိုင်ပါသည်။ (အင်္ဂလိပ်လိုသာ).
စနစ်တွင် အကန့်အသတ်များ ရှိပါသည်။ VAERSတွင် အစီရင်ခံခြင်းသည် ကာကွယ်ဆေးသည် တုံ့ပြန်မှု သို့မဟုတ် ရလဒ်ကို ဖြစ်စေသည်ဟု မဆိုလိုပါ။ ၎င်းမှာ ကာကွယ်ဆေးထိုးခြင်းသည် အရင်ဖြစ်ပွားသွားသည်ဟုသာ ဆိုလိုပါသည်။
VAERSသည် ဖြစ်နိုင်ခြေရှိသည့် ပြဿနာတစ်ခုဖြစ်လာနိုင်သည့် အလားအလာ သို့မဟုတ် အကြောင်းရင်း ကို သိပ္ပံပညာရှင်များစုံစမ်းစစ်ဆေးသင့်မသင့် သိရှိသွားအောင် ကူညီပေးနိုင်ပါသည်။ ၎င်းသည် ကာကွယ်ဆေးထိုးခြင်း၏ အတည်ပြုပြီး ရလဒ်များ စာရင်းတစ်ခုမဟုတ်ပါ။
VAERSထဲသို့ အစီရင်ခံမှုတစ်ခုကို ပြုလုပ်ချိန်တွင် FDAက ဖြစ်နိုင်ခြေရှိသော ကျန်းမာရေးပြဿနာဟုတ်မဟုတ်ဖော်ထုတ်ပြီး ကာကွယ်ဆေးများ ဘေးကင်းလုံခြုံကြောင်းကို သေချာစေပါသည်။ ပြဿနာတစ်ခုခုဖြစ်လာပါက ၎င်းတို့က လှုပ်ရှားပြီး ဖြစ်နိုင်ခြေရှိသော ပြဿနာကို ကျန်းမာရေးစောင့်ရှောက်သူများကို အကြောင်းကြားပါလိမ့်မည်။
- ကိုဗစ်-19 ဖြစ်ဖူးပါက ကိုဗစ်-19 ကာကွယ်ဆေး ထိုးနှံနိုင်ပါသလား။
-
ဟုတ်၊ Advisory Committee on Immunization Practices (ACIP, ကာကွယ်ဆေးလုပ်ထုံးလုပ်နည်း အကြံပေး ကော်မတီ) ကာကွယ်ဆေးလုပ်ထုံးလုပ်နည်း အကြံပေး ကော်မတီ (အေစီအိုင်ပီ)) က ကိုဗစ်-19 ဖြစ်ခဲ့ဖူးသူမည်သူ့ကိုမဆို ကာကွယ်ဆေးထိုးရန် တိုက်တွန်းထားပါသည်။
အချက်အလက်များအရ ကိုဗစ်-19 ကူးစက်ခံရပြီး ရက် 90 အတွင်း ရောဂါပိုးပြန်အကူးမခံရသဖြင့် ကာကွယ်မှု အနည်းငယ် (သဘာ၀ကိုယ်ခံအား ဟုခေါ်သည့်)ရှိနေကြောင်း တွေ့ရှိရပါသည်။ သို့ရာတွင် ယင်း သဘာ၀ ကိုယ်ခံအား ဘယ်လောက်ခံလဲ မသိရသေးပါ။
လက်ရှိတွင် ကိုဗစ်-19 ဖြစ်နေသောသူများသည် သူတို့နေထိုင်ကောင်းလာပြီး သီးခြားခွဲနေရသည့် ကာလပြီးဆုံးသည်အထိ စောင့်ဆိုင်းပြီးမှ ကာကွယ်ဆေးထိုးသင့်ပါသည်။
မကြာသေးမီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားထားသူများသည် အခြားသူများနှင့်ဝေးရာတွင် ဘေးကင်းစွာ သီးခြားခွဲနေနိုင်ပါက သီးခြားခွဲနေသည့် ကာလပြီးဆုံးသည်အထိ ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းသင့်သည်။ အခြားသူများသို့ ကူးစက်နိုင်ခြေများပါက ရောဂါပျံ့နှံ့ခြင်းမှ တားဆီးရန်အတွက် သီးခြားခွဲနေစဉ်ကာလအတွင်း ၎င်းတို့ကို ကာကွယ်ဆေးထိုးပေးနိုင်သည်။
ရောဂါဖြစ်သူခွဲနေခြင်း နှင့် ရောဂါစောင့်ကြည့်ရန်ခွဲနေခြင်း လမ်းညွှန်ချက်များအတွက် ကျွန်ုပ်တို့၏ COVID-19 အတွက် ရောဂါဖြစ်သူခွဲနေခြင်း နှင့် ရောဂါစောင့်ကြည့်ရန်ခွဲနေခြင်း စာမျက်နှာ ကို ဖတ်ရှုပါ။
- အရင်က ကာကွယ်ဆေး တစ်မျိုးမျိုးနှင့် ဓာတ်မတည့်ခြင်း ဖြစ်ဖူးပါက ကိုဗစ်-19 ကာကွယ်ဆေး ထိုးလို့ရနိုင်ပါသလား။
-
ယခင် အမ်အာအန်အေ သို့မဟုတ် ကြားဗိုင်းရပ်စ် ကာကွယ်ဆေး သို့မဟုတ် Pfizer-BioNTech/Comirnaty, Moderna/Spikevax, Novavax သို့မဟုတ် Johnson & Johnson- Janssen ၏ ကိုဗစ်-19 ကာကွယ်ဆေး၏ ပါဝင်ပစ္စည်းတစ်ခုခုကြောင့် ရှော့ခ်ဖြစ်ခြင်း ကဲ့သို့သော ပြင်းထန်သော ဓာတ်မတည့်သော တုံပြန်မှုများ ရှိသည့် လူများကို ကာကွယ်ဆေး မထိုးပေးသင့်ပါ။
အခြား ကာကွယ်ဆေး သို့မဟုတ် ထိုးသွင်းရသော ကုထုံးများကို ပြင်းထန်သော ဓာတ်မတည့်ခြင်း ရှိခဲ့ဖူးသောသူများသည် ကာကွယ်ဆေးထိုးနိုင်ပါသည်။ သို့ရာတွင် စောင့်ရှောက်သူများက အန္တရာယ်ဆန်းစစ်မှုတစ်ခုကို ပြုလုပ်ပြီး ဖြစ်နိုင်သော အန္တရာယ်များကို သူတို့နှင့် ဆွေးနွေးတိုင်ပင်ရပါမည်။ လူနာက ကာကွယ်ဆေးထိုးရန် ဆုံးဖြတ်လျှင် စောင့်ရှောက်သူက လက်ငင်း တုံ့ပြန်မှုကို စောင့်ကြည့်ရန်အတွက် မိနစ် 30 ကြာ စောင့်ကြည့်ရပါမည်။
Advisory Committee on Immunization Practices (ACIP)က ကာကွယ်ဆေးထိုးခံပြီးနောက် ဓာတ်မတည့်သည့် တုံ့ပြန်မှုများကို စောင့်ကြည့်ရန် စောင့်ရှောက်သူများသည် အခြားလူနာအားလုံးကို အနည်းဆုံး 15 မိနစ် စောင့်ကြည့်ရမည်ဟု တိုက်တွန်းအကြံပြုထားပါသည်။ ပိုမိုသိရှိရန် ACIP ၏ အမ်အာအန်အေ ကာကွယ်ဆေးများအတွက် ယာယီ ထည့်သွင်းစဉ်းစားရမည်များ (အင်္ဂလိပ်လို)ကို ကြည့်ပါ။
ဘေးကင်းလုံခြုံမှု နှင့် အာနိသင်ရှိမှု
- ကိုဗစ်-19 ကာကွယ်ဆေးကို လိုအပ်ပါသလား။
-
ကိုဗစ်-19 ကာကွယ်ဆေးကို သင်ထိုးမထိုးမှာ သင်၏ ရွေးချယ်မှုသာဖြစ်သော်လည်း အချို့သော အလုပ်ရှင်များ၊ ကောလိပ်များ နှင့် တက္ကသိုလ်များက ထိုးပြီးဖြစ်ရန် တောင်းဆိုနိုင်ပါသည်။
- ဝန်ထမ်းများ နှင့် ပြည်နယ်အေဂျင်စီများ၏ ကန်ထရိုက်တာများ၊ ကျန်းမာရေး စောင့်ရှောက်သူများ၊ ပညာရေး အဖွဲ့အစည်းများနှင့် ကလေးထိန်းဌာနများ အတွက် မြို့တော်ဝန်၏ ကာကွယ်ဆေး လိုအပ်ချက်များ ဆိုင်ရာ အချက်အလက် (အင်္ဂလိပ်လိုသာ)
လက်ရှိတွင် ဝါရှင်တန်တွင် ကိုဗစ်-19 ကာကွယ်ဆေးကို အောက်ပါတို့အတွက်သာ လိုအပ်ပါသည်-
- ကျန်းမာရေးစောင့်ရှောက်သူများ နှင့် ရေရှည်စောင့်ရှောက်မှု လုပ်သားများ (အင်္ဂလိပ်လိုသာ)
- ကတ်ဘိနက် အေဂျင်စီ ပြည်နယ် ဝန်ထမ်းများ (အင်္ဂလိပ်လိုသာ)
- ပညာရေး အဖွဲ့အစည်းမှ ဝန်ထမ်းများ (အင်္ဂလိပ်လိုသာ),အောက်ပါတို့အပါအဝင်
- ပုဂ္ဂလိက မူကြို-12 ကျောင်းများ၊ အစိုးရ မူကြို-12 ကျောင်းခရိုင်များ၊ ချာတာ ကျောင်းများ နှင့် ပညာရေးဆိုင်ရာ ဝန်ဆောင်မှု ခရိုင်များ တွင် အလုပ်လုပ်ကြသည့် ဝန်ထမ်းများနှင့် ကန်ထရိုက်တာများ (အမိန့်သည် ပြည်နယ်-ထည့်ဝင်သော ပညာရေး ကျစ်လစ်မှု ကျောင်းများ သို့မဟုတ် ကျောင်းသားများအပေါ်မသက်ရောက်ပါ)
- အိမ်ထောင်စုအများအပြားမှ ကလေးများကို ဝန်ဆောင်မှုပေးသော ကလေးထိန်း နှင့် အစောပိုင်း စောင့်ရှောက်သူများ နှင့်
- အဆင့်မြင့်ပညာရေး မှ ဝန်ထမ်းများ။
အဆိုပါဝန်ထမ်းများသည် အောက်တိုဘာ 18, 2021 မတိုင်မီ ကိုဗစ်-19 ကာကွယ်ဆေးအပြည့်အဝ ထိုးပြီးဖြစ်ရန် (ကာကွယ်ဆေးလိုအပ်သလောက်ထိုးပြီး အနည်းဆုံး နှစ်ပတ်ပြည့်ပြီး)လိုအပ်ပါသည်။ လိုအပ်ချက်တွင် ကန်ထရိုက်တာများ၊ လုပ်အားပေးများ နှင့် အခြား အဆိုပါ ဌာနများတွင် အလုပ်လုပ်သော အခြားရာထူးမှလူများပါဝင်ပါသည်။
သင်သည် အဆိုပါအုပ်စုမှ တစ်ခုဖြစ်လျှင် သို့မဟုတ် သင့်အလုပ်ရှင် သို့မဟုတ် ကျောင်းက ကိုဗစ်-19 ကာကွယ်ဆေးထိုးပြီး ရန် တောင်းဆိုလျှင် ဘာလုပ်ရမလဲ ဖော်ထုတ်ရန် သင်၏ လူသားအရင်းအမြစ်ဌာန၊ အလုပ်ရှင် သို့မဟုတ် ကျောင်း နှင့် ပြောဆိုပါ။ ကျန်းမာရေးဌာနသည် အလုပ်ရှင် ၏ သို့မဟုတ် ကောလိပ် ၏/တက္ကသိုလ် ၏ မူဝါဒတွင် ပါဝင်ပတ်သက်မှု မရှိပါ။
ကာကွယ်ဆေးသည် သင် နှင့် သင့်ပတ်ဝန်းကျင်မှလူများကို ကိုဗစ်-19 မဖြစ်အောင် ကာကွယ်ပေးလိမ့်မည်ဖြစ်ပြီး အကျိုးကျေးဇူးများအကြောင်း သိရှိအောင် သင့်ဆရာဝန် သို့မဟုတ် ဆေးခန်းနှင့် ဆွေးနွေးရန် တိုက်တွန်းအပ်ပါသည်။
- မူကြို-12 ဝန်ထမ်းများအတွက် ကိုဗစ်-19 လိုအပ်ချက်ဆိုတာဘာလဲ။
-
ဩဂုတ်လ 18, 2021 တွင် မြို့တော်ဝန် Inslee က အစိုးရ နှင့် ပုဂ္ဂလိက မူကြို-12 တန်းကျောင်းမှ ဝန်ထမ်းများသည် အောက်တိုဘာလ 18, 2021 မတိုင်မီ ကိုဗစ်-19 ကာကွယ်ဆေးအပြည့်ထိုးထားပြီး ဖြစ်ရန် သို့မဟုတ် ဘာသာရေးအရ သို့မဟုတ် ကျန်းမာရေးအရ ကင်းလွှတ်ခွင့်ကို ရယူထားရန် လိုအပ်စေသော ညွှန်ကြားချက်တစ်ရပ်ကို ကြေညာခဲ့ပါသည်။
အမိန့်သည် ပညာရေးဌာများရှိ ဝန်ထမ်းများ (အင်္ဂလိပ်လိုသာ) အားလုံး အောက်ပါတို့ပါ ပါဝင်ပါသည်။
- ပုဂ္ဂလိက မူကြို-12 ကျောင်းများ၊ အစိုးရ မူကြို-12 ကျောင်းခရိုင်များ၊ ချာတာ ကျောင်းများ နှင့် ပညာရေးဆိုင်ရာ ဝန်ဆောင်မှု ခရိုင်များ တွင် အလုပ်လုပ်ကြသည့် ဝန်ထမ်းများနှင့် ကန်ထရိုက်တာများ (အမိန့်သည် ပြည်နယ်-ထည့်ဝင်သော ပညာရေး ကျစ်လစ်မှု ကျောင်းများ သို့မဟုတ် ကျောင်းသားများအပေါ်မသက်ရောက်ပါ)
- အိမ်ထောင်စုအများအပြားမှ ကလေးများကို ဝန်ဆောင်မှုပေးသော ကလေးထိန်း နှင့် အစောပိုင်း စောင့်ရှောက်သူများ နှင့်
- အဆင့်မြင့်ပညာရေး မှ ဝန်ထမ်းများ။
ပိုမိုသိရှိရန် မူကြို-12 တန်း ကျောင်း မှ ဝန်ထမ်းများအတွက် ကိုဗစ်-19 ကာကွယ်ဆေးထိုးရန် လိုအပ်ချက်။ ။ မေးလေ့မေးထရှိသောမေးခွန်းများ (PDF) (အင်္ဂလိပ်လို) (ပြည်သူ့ညွှန်ကြားချက် ကြီးကြပ်ရေးမှူး ရုံး)ကို ကြည့်ပါ။
- ကာကွယ်ဆေးထိုးရန် လိုအပ်ချက်များမှ ကင်းလွှတ်ခွင့် ဘယ်လိုရနိုင်မလဲ။
-
သင့် အလုပ်ရှင် သို့မဟုတ် ကောလိပ်/တက္ကသိုလ်က ကိုဗစ်-19 ကာကွယ်ဆေးထိုးရန် တောင်းဆိုလျှင် သို့မဟုတ် အစိုးရက ကာကွယ်ဆေးထိုးပြီးဖြစ်ရန် လိုအပ်လျှင် Jay Inslee ၏ ဩဂုတ် 9 ကြေညာချက် (အင်္ဂလိပ်လို) သို့မဟုတ် ဩဂုတ် 18 ကြေညာချက် (အင်္ဂလိပ်လို) တွင် သင်သည် သင်၏အလုပ်ရှင် သို့မဟုတ် ကောလိပ်/တက္ကသိုလ်က ကာကွယ်ဆေးထိုးပြီး သက်သေကို ဘယ်လို ရယူသလဲကို သိရှိရန် ၎င်းတို့ကိုဆက်သွယ်ပြီး သူတို့တွင် မထိုးရန် မူဝါဒရှိသလား၊ မထိုးရန် ရွေးချယ်လျှင်ဘာတွေကို လိုအပ်သလဲကို စုံစမ်းပါ။ ကျန်းမာရေးဌာနသည် အလုပ်ရှင် ၏ သို့မဟုတ် ကောလိပ် ၏/တက္ကသိုလ် ၏ မူဝါဒတွင် ပါဝင်ပတ်သက်မှု မရှိပါ။
သင်သည် ကျန်းမာရေး ဌာန (DOH) ထံမှ ကိုဗစ်-19 ကာကွယ်ဆေး ကင်းလွှတ်ခွင့် တစ်ခုကို ရယူရန် မလိုအပ်ပါ။ Department of Health (DOH, ကျန်းမာရေးဌာန) တွင် ကိုဗစ်-19 ကာကွယ်ဆေးအတွက် ကင်းလွတ်ခွင့် ပုံစံ မရှိပါ။ ဝါရှင်တန် ပြည်နယ် Certificate of Exemption (COE, ကင်းလွတ်ခွင့် အထောက်အထား) သည် မူကြို-12 တန်းကျောင်း၊ မူကြိုကျောင်း သို့မဟုတ် နေ့ကလေးထိန်းတွင် ကလေးများအတွက် ကာကွယ်ဆေးထိုးရန် လိုအပ်ထားမှုကို ကင်းလွှတ်ခွင့်ရယူလိုသော မိဘ/အုပ်ထိန်းသူများ အတွက်သာ ဖြစ်ပါသည်။ လက်ရှိတွင် ဝါရှင်တန်သည် ကလေးများ ကျောင်း သို့မဟုတ် နေ့ကလေးထိန်းတက်ရန် ကိုဗစ်-19 ကာကွယ်ဆေး ကို မလိုအပ်ပါ ထို့ကြောင့် ၎င်းသည် COE တွင် မပါရှိပါ။
ကျောင်း နှင့် နေ့ကလေးထိန်း
- အသက် 18 နှစ်အောက် လူများ ကာကွယ်ဆေးထိုးနိုင်ပါသလား။
-
လောလောဆယ်တွင် COVID-19 ကာကွယ်ဆေး အမှတ်တံဆိပ်များ ဖြစ်သည့်Pfizer-BioNTech (Pfizer) နှင့် Moderna ကို အသက် 6 နှစ်နှင့်အထက် ကလေးများအတွက် ခွင့်ပြုထားပါသည်။ Novavax ကာကွယ်ဆေးကို Emergency Use Authorization (EUA, အရေးပေါ်အသုံးပြုမှုခွင့်ပြုချက်) အရ အသက် 12+ အရွယ်များအတွက် ရနိုင်ပါသည်။
အသက် 17 နှစ်နှင့်အောက် လူငယ်လူရွယ်များသည် ကာကွယ်ဆေး ထိုးနှံခံရန် ဥပဒေအရ ကင်းလွတ်ထားခြင်းမျိုးမဟုတ်လျှင် မိဘ သို့မဟုတ် အုပ်ထိန်းသူတစ်ယောက်ထံမှ သဘောတူညီချက် ကို လိုအပ်နိုင်ပါသည် (အင်္ဂလိပ်လိုသာ)။ ပိုမိုသိရှိန်ရန် Vaccinating Youth (လူငယ်လူရွယ်များကို ကာကွယ်ဆေးထိုးခြင်း) အကြောင်း ကျွန်ုပ်တို့၏ ဝက်ဘ်စာမျက်နှာကို ဝင်ကြည့်ပါ။
ကာကွယ်ဆေးထိုး ဆေးခန်းများတွင် ၎င်းတို့၏ မိဘသဘောတူညီချက် သို့မဟုတ် ဥပဒေအရ ကင်းလွှတ်ခြင်း ၏ သက်သေပြရန်အတွက် လိုအပ်ချက်များကို လေ့လာကြည့်ပါ။
- ပြည်နယ်က မူကြို-12 တန်းကျောင်း ဝင်ခွင့်အတွက် ကိုဗစ်-19 ကာကွယ်ဆေးထိုးထားရန် လိုအပ်ပါသလား။
-
Washington State Board of Health (ဝါရှင်တန် ပြည်နယ် ကျန်းမာရေး ဘုတ်အဖွဲ့) သည် Department of Health(ကျန်းမာရေးဌာန)မဟုတ်ဘဲRevised Code of Washington (RCW, ဝါရှင်တန်၏ ပြန်ပြင်ဆင်ထား သော ကုဒ်ဥပဒေ 28A.210.140)အရ K-12 ကျောင်းများတွင် ကလေးများအတွက် ကာကွယ်ဆေးထိုးရန် လိုအပ်ချက်များ ဖန်တီးပိုင်ခွင့် ရှိသည်။ ယခုအချိန်တွင် COVID-19 ကာကွယ်ဆေးအတွက် ကျောင်း သို့မဟုတ် ကလေးထိန်း လိုအပ်ချက် မရှိပါ။
- ကျွန်ုပ်၏ ကလေးများသည် ၎င်းတို့၏ ကိုဗစ်-19 ကာကွယ်ဆေးထိုးချိန်တွင် အခြား ကာကွယ်ဆေးများကိုလည်း ထိုးနိုင်ပါသလား။
-
ကိုဗစ်-19 ကာကွယ်ဆေးထိုးသည့်ရက်အပါအဝင် အခြားကာကွယ်ဆေးများကို ထိုးသည့် ရက်မှ 14 ရက်အတွင်း ထိုးလို့ရပါသည်။
- ကိုဗစ်-19 ကပ်ရောဂါကြောင့် 2022-2023 စာသင်နှစ်တွင် ကျောင်း ကာကွယ်ဆေးထိုးရန် လိုအပ်ချက်များတွင် ညှိနှိုင်းရမှုများ ရလာနိုင်ပါသလား။
-
ကျောင်း ကာကွယ်ဆေးထိုးရန် လိုအပ်ချက်များအား အပြောင်းအလဲ ပြုလုပ်မလုပ်ကို ပြည်နယ် ကျန်းမာရေး ဘုတ်အဖွဲ့က ဆုံးဖြတ်ပါသည်။ ယခုအချိန်တွင် ကျောင်းကာကွယ်ဆေးထိုးရန် လိုအပ်ချက်များသည် ပြောင်းလဲမှုမရှိသေးပါ။ ကလေးများသည် ၎င်းတို့၏ ပထမဆုံးကျောင်းတက်ရက်မတိုင်မီ ကာကွယ်ဆေးထိုးရန် လိုအပ်ချက်များကို ပြည့်မီထားရန် လိုအပ်ပါသည်။
ကာကွယ်ဆေးထိုးပြီးနောက် ဘဝ
- ကာကွယ်ဆေးအပြည့်အဝထိုးပြီး ဆိုတာဘာကို ဆိုလိုတာလဲ။
-
COVID-19 အခြေခံထိုးဆေးများကို သင်ထိုးပြီးကာ CDC က သင့်အတွက် အကြံပြုထားသည့် လတ်တလောအဖြစ်ဆုံး အားဖြည့်ထိုးဆေးကို လက်ခံရရှိပြီးဖြစ်ပါက သင်၏ COVID-19 ကာကွယ်ဆေးများအတွက် သင်က အချိန်နှင့်တစ်ပြေးညီဖြစ်နေပြီး ဖြစ်ပါသည်။
- ကျွန်ုပ်သည် ကာကွယ်ဆေးအပြည့်အဝထိုးပြီးလျှင် ကျွန်ုပ်ဘာလုပ်သင့်သလဲ။
-
ကာကွယ်ဆေးအပြည့်ထိုးပြီးသည်နှင့် သင်သည်
- အရည်အချင်းပြည့်မီလာသောအခါတွင် သင့် အားဖြည့်ကာကွယ်ဆေးထိုးရန် သင့်ပြက္ခဒိန်တွင် အချိန်ဇယားဆွဲပါ သို့မဟုတ် သတိပေးချက်ထည့်ပါ-ယခင် အားဖြည့်ကာကွယ်ဆေးများ သို့မဟုတ် အဓိက ထိုးဆေးတွဲများ ထိုးပြီးနောက် အနည်းဆုံး 2 လအကြာတွင် ၎င်းသည် သင်၏ COVID-19 ကာကွယ်ဆေးများကို “နောက်ဆုံးပေါ်” အထိထိုးထားခြင်းကို ဖြစ်စေပြီး တတ်နိုင်သမျှ အကောင်းဆုံးကာကွယ်မှုပေးမည်ဖြစ်သည်။ နောက်ထပ်အချက်အလက်များအတွက် ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ “အားဖြည့်ကာကွယ်ဆေးများ” စာမျက်နှာ သို့ ဝင်ရောက်ကြည့်ရှုပါ။
- သင့်ကာကွယ်ဆေးထိုး စာရွက်ကတ်ကို မွေးစာရင်း သို့မဟုတ် အခြားတရားဝင်စာရွက်စာတမ်းကဲ့သို့ ဂရုစိုက်သိမ်းဆည်းပါ။ ဓာတ်ပုံရိုက်ပြီး အိမ်မှာ သိမ်းထားပါ။ အနာဂတ်တွင် သင်သည် COVID-19 ကာကွယ်ဆေးထိုးထားကြောင်း သက်သေပြရန် လိုအပ်နိုင်သည်။
- ကာကွယ်ဆေး ထိုးထားသည့် တရားဝင်အထောက်အထားကို သင်နှင့်အတူထားပါ။ Department of Health (ကျန်းမာရေးဌာန)၏ COVID-19 ကာကွယ်ဆေးထိုးထားကြောင်း အတည်ပြုခြင်း စာမျက်နှာတွင် နမူနာများကို ကြည့်ပါ။
- WA Verify (ဒဗျူလူအေ အတည်ပြုရန်) ကို သင့်စမတ်ဖုန်းသို့ ထည့်ပါ။
- ကျွန်ုပ်သည် ကိုဗစ်-19 ကာကွယ်ဆေးကို အပြည့်အဝထိုးထားပြီးလျှင် အခြားသတိပြုစရာများကို လိုက်နာရန် လိုအပ်သေးသလား။
-
ကာကွယ်ဆေးအပြည့်ထိုးထားလျှင်ပင် သင်သည်
- တတ်နိုင်သမျှ အကောင်းဆုံးကာကွယ်မှုများအတွက် သင်၏ အားဖြည့်ကာကွယ်ဆေး ကိုရယူခြင်းဖြင့် "နောက်ဆုံးပေါ်" အထိထိုးထားခြင်းပုံစံ ဖြစ်လာပါ။
- အခန်းတွင်းစည်းကမ်းကို လေးစားပါ။ မြို့များ၊ ခရိုင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ပွဲလမ်းသဘင်များနှင့် ပွဲနေရာများတွင် ကာကွယ်ဆေးထိုးခြင်း/ရောဂါမရှိကြောင်းစစ်ဆေးမှု အထောက်အထားများ သို့မဟုတ် နှာခေါင်းစည်းများ လိုအပ်နေသေးသည်။
- COVID-19 လက္ခဏာများ ခံစားရပါက စမ်းသပ်စစ်ဆေးရန်။
- သင်သည် ကိုဗစ်-19 နှင့် ထိတွေ့မိလျှင် သတိပေးခံရရန် နှင့် သင့်တွင်ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိလျှင် အခြားသူများကို လူမသိသူမသိ သတိပေးရန် သင့်စမတ်ဖုန်းထဲတွင် WA Notify ကိုထည့်ပါ။ WA Notify သည် အပြည့်အဝ လုံခြုံစိတ်ချရဖြစ်ပြီး သင်မည်သူလဲဆိုတာ မသိပါ သို့မဟုတ် သင်သွားမည့်နေရာကို ခြေရာခံခြင်းဖြစ်ပါသည်။
- အတတ်နိုင်ဆုံး အကာအကွယ်ပေးရန်အတွက် လူများသော လူစုလူဝေးရှိသည့် အလုံပိတ်အတွင်းဆက်တင်နေရာများတွင် သင့်လျှော်သောနှာခေါင်းစည်းကို ဝတ်ဆင်ပါ။
- Centers of Disease Control and Prevention (CDC၊ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများ) နှင့် ကျန်းမာရေးဌာန ခရီးသွား အကြံပြုချက်များ ကို လိုက်နာပါ။
- COVID-19 ထိတွေ့ပြီးနောက် လိုအပ်သော ကြိုတင်ကာကွယ်မှု အစီအမံများကို ပြုလုပ်ပါ-
- ရောဂါဖြစ်သူခွဲနေခြင်း နှင့် ရောဂါစောင့်ကြည့်ရန်ခွဲနေခြင်း လမ်းညွှန်ချက်များအတွက် ကျွန်ုပ်တို့၏ COVID-19 အတွက် ရောဂါဖြစ်သူခွဲနေခြင်း နှင့် ရောဂါစောင့်ကြည့်ရန်ခွဲနေခြင်း စာမျက်နှာ ကို ဖတ်ရှုပါ။
- ကျွန်ုပ်တို့အားလုံး ကာကွယ်ဆေးထိုးပြီးဖြစ်လျှင် အုပ်စုကြီးတစ်ခုစုနေလို့ရပါသလား။
-
နောက်ဆုံး အားဖြည့်ကာကွယ်ဆေးများအထိ ကာကွယ်ဆေး အပြည့်အစုံထိုးထားသူများသည် COVID-19 ကို ကောင်းစွာကာကွယ်ထားသည်။ ကာကွယ်ဆေးအပြည့်ထိုးထားသူများ ကြားတွင် စုဝေးခြင်းသည် ပိုလုံခြုံပါသည်။
အန္တရာယ်နည်းသော နေရာဆက်တင်များတွင်ပင် လူအချို့သည် စုဝေးရာတွင် အဆင်မပြေနိုင်ကြောင်း ကျေးဇူးပြု၍ သတိရပါ။ တခြားသူများမှာလည်း ပွေ့ဖက်ပြီး လက်ဆွဲနှုတ်ဆက်ခြင်းမျိုး မလုပ်ချင်ကြပါ။ ၎င်းမှာအဆင်ပြေပါသည်။ လူတိုင်းမှာ ပုံမှန်အသစ်ပုံစံနှင့် လိုက်လျောညီထွေဖြစ်အောင်နေပြီး ကျွန်ုပ်တို့အားလုံး ဘေးကင်းလုံခြုံပြီး ချစ်ရသူတွေကို ကာကွယ်ပေးချင်ကြပါသည်။
- ကျွန်ုပ်သည် ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေကို ပြသရန် လိုအပ်ပါသလား။
-
သင်သည် အချို့နေရာများ၊ စီးပွားရေးလုပ်ငန်းများ သို့မဟုတ် အချို့သောပွဲများတွင် COVID-19 ကာကွယ်ဆေးထိုးထားကြောင်း သက်သေပြရန် လိုအပ်နိုင်သည်။
ထို့ကြောင့် သင့် ကာကွယ်ဆေးထိုးပြီး စက္ကူကဒ်ပြားကို မွေးစာရင်း သို့မဟုတ် အခြား ရုံးအထောက်အထား များကဲ့သို့ ဆက်ဆံပါ ၎င်းကို ဓာတ်ပုံရိုက်ထားပြီးနောက် အိမ်တွင် သိမ်းဆည်းထားပါ။ ကာကွယ်ဆေးထိုးပြီး ကဒ်ပြားအများ အကြောင်း နှင့် ကာကွယ်ဆေးထိုးပြီး မှတ်တမ်းများအကြောင်း ပိုမိုလေ့လာရန်.
- ကျွန်ုပ်သည် ကျွန်ုပ်၏ COVID-19 ကာကွယ်ဆေးများကို နောက်ဆုံးပေါ် မထိုးရသေးပါက မည်သို့ဖြစ်မည်နည်း။
-
သင်၏ COVID-19 ကာကွယ်ဆေးများကို နောက်ဆုံးပေါ် မထိုးရသေးပါက
- သင့်အနီးနားတွင် ကုန်ကျစရိတ်မရှိသော COVID-19 ကာကွယ်ဆေးကို ရှာပါ။
- လူများသော လူစုလူဝေးရှိသည့် အလုံပိတ်အတွင်းဆက်တင်နေရာများတွင် သင့်လျှော်သောနှာခေါင်းစည်းကို ဝတ်ဆင်ရန် စဉ်းစားပါ။
- ရောဂါလက္ခဏာများ ခံစားရပါက COVID-19 စစ်ဆေးမှုခံယူပါ။
- သင်ခရီးသွားပါက ခရီးမသွားမီနှင့် ခရီးပြန်လာချိန်တွင် COVID-19 ရှိမရှိ စစ်ဆေးပါ။
- COVID-19 နှင့် ထိတွေ့မိပါက သင့်အား သတိပေးနိုင်ရန်နှင့် ရောဂါပိုးတွေ့ရှိပါက အခြားသူများကို အမည်ဝှက်ဖြင့် သတိပေးရန် သင့်စမတ်ဖုန်းတွင် WA Notify ကို ထည့်ပါ။ WA Notify သည် အပြည့်အဝ လုံခြုံစိတ်ချရဖြစ်ပြီး သင်မည်သူလဲဆိုတာ မသိပါ သို့မဟုတ် သင်သွားမည့်နေရာကို ခြေရာခံခြင်းဖြစ်ပါသည်။
- ကျွန်ုပ်ကာကွယ်ဆေးထိုးပြီးနောက် ကိုဗစ်-19 ကြောင့် နေထိုင်မကောင်း ဖြစ်နိုင်သေးသလား။
-
မဖြစ်ဖို့များပါသည် သို့သော် ဖြစ်နိုင်ခြေအနည်းငယ်ရှိပါသည်။ ကာကွယ်ဆေးများသည် အာနိသင်အလွန်ကောင်းပါသည် သို့သော် 100% မဟုတ်ပါ။ သင့်တွင် ကိုဗစ်-19-နှင့်ဆင်တူသော လက္ခဏာများ (အင်္ဂလိပ်လို) ရှိနေလျှင် အခြားသူများနှင့် ဝေးဝေးနေပြီး ကျန်းမာရေး စောင့်ရှောက်သူတစ်ယောက်ကို ဆက်သွယ်ပါ။ သူတို့က ကိုဗစ်-19 စစ်ဆေးရန် တိုက်တွန်းအကြံပြုနိုင်ပါသည်။
ကိုဗစ်-19 စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်အတွက ဆေးစစ်ခြင်းဆိုင်ရာ အချက်အလက် (ပီဒီအက်ဖ်).
- ကျွန်ုပ်ကာကွယ်ဆေးထိုးပြီးပါက ကိုဗစ်-19 ကို ဖြန့်ချိနိုင်ပါသေးသလား။
-
ကာကွယ်ဆေး အပြည့်ထိုးပြီး ၎င်းတို့၏ အားဖြည့်ကာကွယ်ဆေးကိုထိုးထားသော လူများ၏ အချိုးအစား အနည်းငယ်မျှတွင် ရောဂါပိုးကူးစက်ခြင်းများ ဖြစ်ပွားပါသည်။ သို့သော်လည်း ၎င်းတို့၏ COVID-19 ကာကွယ်ဆေး နောက်ဆုံးပေါ်အထိ ထိုးထားသူများသည်လည်း COVID-19 ကူးစက်ခံထားရပြီး အခြားသူများကို ဗိုင်းရပ်စ်ကူးစက်နိုင်ပါသေးသည်။
- ကျွန်ုပ် COVID-19 နဲ့ ထိတွေ့မိရင် ဘာလုပ်ရမလဲ။
-
ရောဂါဖြစ်သူခွဲနေခြင်း နှင့် ရောဂါစောင့်ကြည့်ရန်ခွဲနေခြင်း လမ်းညွှန်ချက်များအတွက် ကျွန်ုပ်တို့၏ COVID-19 အတွက် ရောဂါဖြစ်သူခွဲနေခြင်း နှင့် ရောဂါစောင့်ကြည့်ရန်ခွဲနေခြင်း စာမျက်နှာ ကို ဖတ်ရှုပါ။
- ကိုဗစ်-19 ကာလတွင် စိတ်ဖိစီးမှု နှင့် စိတ်သောကများကို ဘယ်လိုစီမံခန့်ခွဲရမလဲ။
-
ကပ်ရောဂါသည် သင့် ကိုယ်စိတ်ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း ကျွန်ုပ်တို့ နားလည်သဘောပေါက်ပါသည်။ သင်တစ်ယောက်ထဲမဟုတ်ပါ။ ဝါရှင်တန်ရှိ လူအများစုသည် ဘဏ္ဍာရေး နှင့် အလုပ်အကိုင် ဆိုင်ရာ၊ ကျောင်းပိတ်ထားခြင်းများ၊ လူမှုရေးအရ သီးခြားဖြစ်နေခြင်းများ၊ ကျန်းမာရေး ပြဿနာများ၊ ဝမ်းနည်းကြေကွဲမှုများ နှင့် ဆုံးရှုံးမှုများ စသည်ဖြင့် စိတ်ဖိစီးမှု နှင့် စိတ်သောကများကို ရင်ဆိုင်နေရပါသည်။ ၎င်းတွင် အများနှင့်ဆိုင်သော လှုပ်ရှားမှုများ ပြန်လည်ပြုလုပ်ခြင်းကလည်း စိတ်သောကကို ပိုများစေနိုင်ပါသည်။
သင့် စိတ်ဖိစီးမှု နှင့် စိတ်သောကများကို စီမံနိုင်ရန် ကူညီပေးနိုင်သည့် အရင်းအမြစ်အချို့ကို ဖော်ပြထားပါသည်။
- ကိုဗစ်- ဆက်စပ် စိတ်ဖိစီးမှုအတွက် အထောက်အပံ့ နှင့် အရင်းအမြ်စများအတွက် ဝါရှင်တန် နားထောင်လိုင်းထံ 833-681-0211 သို့ ဖုန်းဆက်ပါ။
- သင့်တွင် အခက်အခဲဖြစ်နေပါက
- မိမိကိုယ်ကိုသတ်သေခြင်း ကာကွယ်ရေး ဘဝဖုန်းလိုင်း 800-273-8255 (ဘာသာစကား 150 ကျော်ဖြင့် ဘာသာစကား အထောက်အပံ့)
- ပင်မစာမျက်နှာ> Crisis Connections 866-427-4747
- တင်းလင့်ခ် ၊ 866-833-6546 ထံသို့ ဖုန်းဆက်ပါ သို့မဟုတ် စာပေးပို့ပါ (ဘာသာစကား အထောက်အပံ့ ရှိပါသည်)
- ကောင်းစားရေး နှင့် စိတ်ကျန်းမာရေးအကြောင်း နားထောင်ရန်၊ လေ့လာရန်၊ မျှဝေရန် နှင့် ချိတ်ဆက်ရန်အတွက် အေမိုင်းဖူးလ်စတိတ် ကို အသုံးပြုပါ။
- ပိုများသော အရင်းအမြစ်များအတွက် ကျွန်ုပ်တို့၏ စိတ်ကျန်းမာရေးစာမျက်နှာ (အင်္ဂလိပ်လို) ကို ဝင်ကြည့်ပါ။
အားဖြည့်ကာကွယ်ဆေး နှင့် ထပ်ဆောင်း ဆေးထိုးခြင်းများ
- ကိုဗစ်-19 ထပ်ဆောင်း ဆေးထိုးခြင်း နှင့် အားဖြည့်ဆေး တို့ ဘာတွေ ကွဲပြားပါသလဲ။
-
ထပ်ဆောင်း ဆေးထိုးခြင်း (တတိယအကြိမ်ထိုးခြင်း ဟုသိကြသည့်)သည် ကိုယ်ခံအားနည်းသော သူများအတွက် ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် အချို့သောသူများသည် ကိုယ်ခံအားနည်းနေသဖြင့် ပထမဆုံး အပြည့်အဝ ကာကွယ်ဆေးထိုးပြီးချိန်တွင် လုံလောက်သော အကာအကွယ်ကို မတည်ဆောက်နိုင်ပါ။ ယင်းသို့ဖြစ်ပါက နောက်တစ်ကြိမ် ကာကွယ်ဆေးထိုးခြင်းက ရောဂါကို ပိုမိုအကာအကွယ်ပေးအောင် ကိုယ်ခံအား တည်ဆောက်နိုင်ပါသည်။
အားဖြည့်ဆေး ဆိုသည်မှာ ကာကွယ်ဆေးထိုးပြီးနောက် လုံလောက်သော အကာအကွယ်ကို တည်ဆောက်နိုင်သော်လည်း အချိန်နှင့်အမျှ အကာအကွယ် လျော့နည်းသွားသောသူများ (ကိုယ်ခံအားလျော့နည်းသွားခြင်း ဟု ခေါ်သည့်)ကို ထိုးပေးသည့် ကာကွယ်ဆေးဖြစ်ပါသည်။ ဤအကြောင်းကြောင့် သင့်ကလေးဘဝကထိုးထားသော မေးခိုင်ကာကွယ်ဆေးသည် အချိန်ကြာလာသည်နှင့်အမျှ အကာအကွယ်လျော့သွားသဖြင့် 10 နှစ်တစ်ကြိမ် မေးခိုင်ကာကွယ်ဆေး အားဖြည့်ဆေး ထပ်ထိုးရခြင်း ဖြစ်ပါသည်.
ကျေးဇူးပြု၍ ကိုယ်ခံအား ကျဆင်းနေသော လူများအတွက် Centers for Disease Control and Prevention (CDC, ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနများ) လမ်းညွှန်ချက်များ သို့မဟုတ် DOH ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုပါ။
- ကိုဗစ်-19 ကာကွယ်ဆေး ထပ်ဆောင်းဆေးထိုးခြင်းကို ဘယ်သူတွေ ထိုးသင့်သလဲ။
-
ကျေးဇူးပြု၍ ကိုယ်ခံအား ကျဆင်းနေသော လူများအတွက် Centers for Disease Control and Prevention (CDC, ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနများ) လမ်းညွှန်ချက်များ သို့မဟုတ် DOH ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုပါ။
- အားဖြည့်ဆေးသည် ဘာကြောင့် အရေးကြီးတာလဲ။
-
အားဖြည့်ဆေးသည် ကိုဗစ်-19 ကြောင့် ပြင်းထန်ရောဂါဖြစ်နိုင်ခြေများသည့်သူများကို ပြင်းထန်ရောဂါမဖြစ်အောင် ဆက်လက်ကာကွယ်ပေးရန် ကူညီပေးနိုင်ပါသည်။
ယခင်က အားဖြည့်ကာကွယ်ဆေးများကို ပြင်းထန်သော COVID-19 ရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားသူများအတွက်သာ တိုက်တွန်းထားခဲ့သော်လည်း COVID-19 ရောဂါမှ ပိုမို၍ အကာအကွယ် ရရှိစေရန်အတွက် အသက် 6 လနှင့်အထက် ရှိသူများပါ ပါဝင်စေရန် တိုက်တွန်းချက်ကို တိုးချဲ့ထားပါသည်။
အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းတွင် COVID-19 ကူးစက်မှု မျိုးကွဲများနှင့် ရောဂါဖြစ်ပွားမှု ပိုမိုများပြားလာခြင်းကြောင့် ၎င်းအချက်သည် အထူးအရေးကြီးပါသည်။
အမေရိကန်ပြည်ထောင်စုတွင် တရားဝင်ခွင့်ပြုထားသော သို့မဟုတ် အတည်ပြုထားသော COVID-19 ကာကွယ်ဆေးများသည် ပြင်းထန်သောရောဂါခံစားရခြင်း၊ ဆေးရုံတက်ကုသခြင်းနှင့် COVID-19 ကြောင့် သေဆုံးမှုအန္တရာယ်ကို လျှော့ချရာတွင် အလွန်ထိရောက်မှုရှိနေသေးသည်။ သို့သော်လည်း လက်ရှိကာကွယ်ဆေးများသည် အချိန်ကြာလာသည်နှင့်အမျှ အကာအကွယ်အား ကျဆင်းမှုနှင့် ဆက်စပ်နေနိုင်ပါသည်။ ထပ်တိုးကာကွယ်ဆေး(Booster) ထိုးခြင်းဖြင့် COVID-19 မှ ကာကွယ်ဆေးထိုးထားသော အကာအကွယ်ကို တိုးမြင့်စေပြီး ကိုယ်ခံစွမ်းအားကို ပိုမို ရှည်ကြာစွာ မြင့်တင်ရာတွင် ကူညီပေးပါသည်။
ထပ်ဆင့်ရင်းမြစ်များ နှင့် အချက်အလက်
- သီးခြား အုပ်စုများအတွက် ကိုဗစ်-19 အရင်းအမြစ်များ
-
ကလေး နှင့် လူငယ်များ
- ကလေး ကိုဗစ်-19 ကာကွယ်ဆေးအကြောင်း မိဘ/အုပ်ထိန်းသူများ သိထားသင့်သည့်များ(PDF)
- ကိုဗစ်-19 ကာကွယ်ဆေးထိုးပြီးနောက် နှလုံးကြွက်သားရောင်ရမ်းခြင်း- မိဘများ နှင့် လူငယ်များ သိထားသင့်သည်များ(PDF)
- အထူးကျန်းမာရေး စောင့်ရှောက်မှုလိုအပ်သော ကလေးများ နှင့် လူငယ်များအတွက် ကာကွယ်ဆေး အချက်အလက် (အင်္ဂလိပ်လို)
မိခင်နို့တိုက်ခြင်း နှင့်/သို့မဟုတ် ကိုယ်ဝန်ရှိသောသူများ
- ကျန်းမာရေး စောင့်ရှောက်သူများအတွက် ကိုဗစ် 19 ကာကွယ်ဆေးများ နှင့် မျိုးဆက်ပွား ကျန်းမာရေး ပြောဆိုစရာများ (PDF) (အင်္ဂလိပ်လို)
- ကာကွယ်ဆေး အချက်အလက်များ - မျိုးဆက်ပွား ကျန်းမာရေး မေးလေ့မေးထရှိသည့် မေးခွန်းများ
ရွှေ့ပြောင်းနေထိုင်သူများ နှင့် ဒုက္ခသည်များ
- ရွှေ့ပြောင်းနေထိုင်သူများ နှင့် ဒုက္ခသည်များအတွက် ကိုဗစ်-19 ကာကွယ်ဆေးအား ယုံကြည်မှု တည်ဆောက်ရန် ဆွေးနွေးလမ်းညွှန်ချက်(PDF)
- အတွေ့ရများသော စိတ်ပူပန်မှုများ နှင့် အချက်အလက်များ(PDF) (အင်္ဂလိပ်လို)
- ကိုဗစ်-19 ရွှေ့ပြောင်းနေထိုင်သူ အသိုင်းအဝိုင်း အဖွဲ့ဝင်များအတွက် သင့်အခွင့်အရေးကို သိရှိရေး (ဒဗျူလူအေ ရွှေ့ပြောင်းနေထိုင်သူ စည်းလုံးညီညွတ်ရေး ကွန်ယက်)
- ကိုဗစ်-19 ကာကွယ်ဆေး ရရှိမှု။ ။ ဝါရှင်တန်ပြည်နယ် ကျန်းမာရေးဌာန (အင်္ဂလိပ်လို)
အိမ်တွင် လဲနေသော
- အိမ်တွင်လဲနေပြီး ကာကွယ်ဆေးလိုအပ်နေပါသလား။ (PDF) (အင်္ဂလိပ်လို)
ထပ်ဆောင်းအသိုင်းအဝိုင်း သီးခြား အရင်းအမြစ်များကို ကာကွယ်ဆေး တန်းတူညီမျှမှု နှင့် ရရှိနိုင်မှု စာမျက်နှာ (အင်္ဂလိပ်လို) တွင် ရှာတွေ့နိုင်ပါသည်။
- ကျွန်ုပ်၏ မေးခွန်းများကို ဤတွင် အဖြေမရသေးပါ။ ကျွန်ုပ်ဘယ်နေရာတွေမှာ သွားရှာရမလဲ။
-
အထွေထွေ မေးခွန်းများကို covid.vaccine@doh.wa.govသို့ ပေးပို့နိုင်ပါသည်။