နို့စို့ကလေး ဖြည့်စွက်စာကို အရေးပေါ် ပြန်လည်သိမ်းဆည်းခြင်း

Nutramigen Powder နို့စို့ကလေး ဖြည့်စွက်စာ 12.6 oz (357g) နှင့် 19.8 oz (561g) ဘူးများကို ပြန်လည်သိမ်းဆည်းရန် Mead Johnson Nutrition က ထုတ်ပြန်ခဲ့ပါသည်။ အခြား Mead Johnson ထုတ်ကုန်များနှင့် မသက်ဆိုင်ပါ။

ပြန်လည်သိမ်းဆည်းသည့် ဖြည့်စွက်စာများတွင် ပါဝင်သည်များမှာ-

  • ကုန်ပစ္စည်းထုတ်လုပ်သည့် နံပါတ်များ-
    • ZL3FHG (12.6 oz (357g) ဘူးများ)
    • ZL3FMH (12.6 oz (357g) ဘူးများ)
    • ZL3FPE (12.6 oz (357g) ဘူးများ)
    • ZL3FQD (12.6 oz (357g) ဘူးများ)
    • ZL3FRW (19.8 oz (561g) ဘူးများ)
    • ZL3FXJ (12.6 oz (357g) ဘူးများ)
  • UPC ကုဒ်-
    • 300871239418
    • 300871239456
  • ကုန်ဆုံးရက်- 1 Jan 2025

ဖြည့်စွက်စာဘူးများ၏ နံပါတ်များကို စစ်ဆေးပါ-

  • ပြန်လည်သိမ်းဆည်းသည့်အထဲတွင် ပါဝင်လျှင် သင့်ကလေးကို ထိုဖြည့်စွက်စာ လုံးဝ မကျွေးပါနှင့်။
  • ပြန်လည်သိမ်းဆည်းသော ဘူးအားလုံးကို “Do Not Use (အသုံးမပြုရန်)” ဟု အမှတ်အသားပြုပါ။
  • ဖြည့်စွက်စာလဲလှယ်မှုအတွက် ပြန်လည်သိမ်းဆည်းသည့် ဘူးများကို အသုံးမပြုသေးဘဲ စောင့်ဆိုင်းပါ။

ပြန်လည်သိမ်းဆည်းသည့် ဖြည့်စွက်စာကို လဲလှယ်နည်း-

ဖြည့်စွက်စာကို စတိုးဆိုင်သို့ ပြန်ပို့ကြည့်ပါ-

  • စတိုးဆိုင် တစ်ဆိုင်စီက ၎င်းတို့ပြန်ပေးနိုင်သည့်အရာ ကွဲပြားနိုင်ပါသည်။
  • အချို့သော စတိုးဆိုင်များသည် ပြန်လည်သိမ်းဆည်းသည့် ဖြည့်စွက်စာများကို ပြန်ယူထားနိုင်ပြီး ပစ္စည်းပြန်လဲပေးခြင်း၊ စတိုးဆိုင် ခရက်ဒစ် သို့မဟုတ် ပြန်အမ်းငွေကို ပေးနိုင်သည်။ ၎င်းသည် ရွေးချယ်စရာတစ်ခုဖြစ်ပါက မည်သည့် ကလေးဖြည့်စွက်စာကိုမဆို ရယူရန် ထိုခရက်ဒစ် သို့မဟုတ် ပြန်အမ်းငွေကို သင် အသုံးပြုနိုင်ပါသည်။
  • စတိုးဆိုင်တွင် ကလေးဖြည့်စွက်စာကို လဲလှယ်ပေးခြင်းမရှိပါက အောက်ပါ နံပါတ် 2 ကို ကြည့်ပါ။

သင်၏ WIC ဆေးခန်းသို့ ဖုန်းခေါ်ပါ-

  • သင်၏ စတိုးများတွင် မည့်သည့် WIC ကလေးဖြည့်စွက်စာ ရရှိနိုင်သည်ကို စစ်ဆေးပါ
  • ကလေးဖြည့်စွက်စာ အကျိုးခံစားခွင့်များကို လိုအပ်သလို လဲလှယ်ရန် ဆေးခန်းသို့ ဖုန်းခေါ်ပါ။
  • သင့်ဆေးခန်းကို ဆက်သွယ်၍ မရနိုင်ပါက ပြည်နယ်ရုံးသို့ 1-800-841-1410 မှတစ်ဆင့် တနင်္လာနေ့မှ သောကြာနေ့အထိ မနက် 8 နာရီမှ ညနေ 5 နာရီအတွင်း ခေါ်ဆိုပါ။

866-534-9986 ဖြင့် သို့မဟုတ် consumer.relations@rb.com မှတစ်ဆင့် အီးမေးလ်ဖြင့် Mead Johnson ကို ဆက်သွယ်ပါ၊ ဤထုတ်ကုန်သည် အကျုံးဝင်ကြောင်းကို ၎င်းတို့က အတည်ပြုပေးမည် ဖြစ်သည်။ သင့်တွင် အရေးကိစ္စရပ် တစ်ခုခုရှိပါက သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ဆက်သွယ်ပါ။