Care Connect Washington

သင် သို့မဟုတ် သင့်မိသားစုသည် COVID-19 ကြောင့် ထိခိုက်ခံထားရပါသလား။ Care Connect Washington ထံသို့ 1-833-453-0336 မှတဆင့် ဆက်သွယ်၍ သင့်ရပ်ရွာရှိ ဒေသခံ စောင့်ရှောက်မှု ညှိနှိုင်းရေးမှူးထံမှ အကူအညီကို သင်ရရှိနိုင်ပါသည်။ စောင့်ရှောက်မှု ညှိနှိုင်းရေးမှူးသည် သင့်လိုအပ်ချက်များကို နားလည်သဘောပေါက်ရန် အချိန်ပေးမည်ဖြစ်ပြီး သင်နှင့် သင့်မိသားစုတစ်ခုလုံးအတွက် အိုးအိမ်၊ ကျန်းမာရေးအာမခံ၊ ကလေးစောင့်ရှောက်မှု၊ အစားအစာအကူအညီ အစီအစဉ်များနှင့် အခြား ဝန်ဆောင်မှုအမျိုးအစားများအတွက် ကူညီပေးမည်ဖြစ်ပါသည်။ ရရှိနိုင်သည့် ဝန်ဆောင်မှုများသည် နယ်မြေအလိုက် ကွာခြားပြောင်းလဲနိုင်သည်။

Care Connect Washington သည် COVID-19 ရောဂါပိုးရှိသူများအနေဖြင့် နေအိမ်တွင် သီးခြားခွဲ၍ နေထိုင်နိုင်စေရန်အတွက် အစားအစာနှင့် အခြားအထောက်အပံ့များ ပေးအပ်နိုင်ရန် ကပ်ရောဂါကာလအတွင်း အချိန်စောစီးစွာ ရေးဆွဲလုပ်ဆောင်ခဲ့သည့် အစီအစဉ်ဖြစ်ပါသည်။ ယခုအချိန်တွင် ဤအစီအစဉ်သည် COVID-19 ကြောင့် ထိခိုက်ခံခဲ့ရသူများ၏ ရေရှည်လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပံ့ပိုးလျက်ရှိပါသည်။ ဥပမာအားဖြင့် လူအချို့သည် COVID-19 ကြောင့် ရေရှည်ဘေးထွက်ဆိုးကျိုးများကို ကြုံတွေ့ခံစားကြရသည်။ အခြားလူများသည် နေထိုင်မကောင်းဖြစ်ကြပြီး ၎င်းတို့၏ အလုပ်ဆုံးရှုံးသွားခဲ့နိုင်သဖြင့် ၎င်းတို့အခြေအနေပုံမှန်အတိုင်း ပြန်ဖြစ်လာစေရန်အတွက် အကူအညီ လိုအပ်ပါသည်။ Care Connect Washington က ကူညီပေးနိုင်ပါသည်။

Care Connect Washington သည် Department of Health (ကျန်းမာရေးဝန်ကြီးဌာန)၊ ဒေသတွင်း ချိတ်ဆက်လုပ်ဆောင်မှု ဌာနရှစ်ခုနှင့် ပြည်နယ်အနှံ့မှ လူမှုရပ်ဝန်းများအတွင်းရှိ ဒေသတွင်း စောင့်ရှောက်မှု ညှိနှိုင်းရေးမှူး 100 ကျော်ပါဝင်သည့် တွဲဖက်ဆောင်ရွက်မှုဖြစ်သည်။ Care Connect စနစ်သည် လူများ၏ အခြေအနေတည်ငြိမ်မှုရှိလာစေရေးနှင့် ကျန်းမာရေးကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရာတွင် ကူညီပေးခြင်းအားဖြင့် လူမှုရပ်ဝန်းများကို အင်အားဖြည့်တင်းပေးလျက်ရှိပါသည်။ ဒေသတွင်း စောင့်ရှောက်မှု ညှိနှိုင်းရေးမှူးများသည် အလုပ်လက်မဲ့ဖြစ်သူအတွက် အကျိုးခံစားခွင့်များ၊ ထောက်ပံ့ခံအိုးအိမ်နေရာ သို့မဟုတ် ကလေးသူငယ်စောင့်ရှောက်မှု၊ Supplemental Nutrition Assistance Program (SNAP, အစာအာဟာရ ဖြည့်စွက်ပံ့ပိုးမှု အကူအညီပေးရေး အစီအစဉ်) သို့မဟုတ် Special Supplemental Nutrition Program for Women, Infants, and Children (WIC, အမျိုးသမီးများ၊ နို့စို့ကလေးများနှင့် ကလေးသူငယ်များအတွက် အထူးဖြည့်စွက်အာဟာရ ထောက်ပံ့မှုအစီအစဉ်) ကဲ့သို့ အစားအစာကူညီထောက်ပံ့ရေး အစီအစဉ်များ၊ Apple Health နှင့် အခြား အကူအညီများကဲ့သို့ အစီအစဉ်များအတွက် လျှောက်ထားရာတွင် ကူညီဆောင်ရွက်ပါသည်။ Care Connect သည် သင်နှစ်သက်ရာဘာသာစကားဖြင့် သင်လိုအပ်သော အချက်အလက်များကို ပံ့ပိုးပေးပါသည်။

Care Connect regions map with services in these counties: Grays Harbor, Mason, Thurston, Pacific, Wahkiakum, Lewis, Cowlitz, Clark, Skamania, Clickitat, Yakima, Benton, Franklin, Adams, Lincoln, Ferry, Stevens, Pend Oreille, Spokane, King, Pierce, Snohomish, Skagit, Whatcom

COVID-19 ပြင်ဆင်ရေးအတွက် ဒေသအလိုက် ချည်းကပ်လုပ်ဆောင်မှု

ပြည်နယ် Department of Health သည် ဒေသန္တရကျန်းမာရေး ထိန်းချုပ်မှုသော အာဏာပိုင်များနှင့် ၎င်းတို့၏တွဲဖက်များနှင့်အတူ လုပ်ဆောင်နေပြီး Care Connect Washington အစီအစဉ် ကို ဒေသအလိုက် တစ်ခုချင်း လုပ်ဆောင်လျက်ရှိသည်။ ဒေသတစ်ခုစီသည် လူများကို ဆေးဝါးပို့ဆောင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်လက်မဲ့များအတွက် လျှောက်ထားပေးခြင်း၊ ဒေသတွင်း အိမ်ရာအေဂျင်စီများ၊ အစားအသောက်ဘဏ်များ၊ ကလေးထိန်းဝန်ဆောင်မှုပေးသူများနှင့် အခြားအရာများကဲ့သို့ ခံစားခွင့်ရှိသော ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ရန် လူမှုအခြေပြု မိတ်ဖက်များနှင့် လုပ်ဆောင်ပါသည်။

ဝန်ဆောင်မှုများကို မည်သည့်နေရာတွင် ရရှိနိုင်သနည်း။

ဝန်ဆောင်မှုများကို COVID-19 ၏ ထိခိုက်ခံရသူများအတွက် ပြည်နယ်၏ အစိတ်အပိုင်းများအားလုံးတွင် ရရှိနိုင်ပါသည်။

အရှေ့ပိုင်းဒေသ

Better Health Together (အင်္ဂလိပ်ဘာသာဖြင့်သာ) သည် Adams၊ Ferry၊ Lincoln၊ Pend Oreille၊ Spokane နှင့် Stevens ခရိုင်များအတွက် Care Connect Washington စုပေါင်းချိတ်ဆက်လုပ်ဆောင်ရေးဌာန အဖြစ် ဆောင်ရွက်ပါသည်။

King ခရိုင်

HealthierHere (အင်္ဂလိပ်ဘာသာဖြင့်သာ) သည် King ခရိုင်အတွက် Care Connect Washington ပေါင်းချိတ်ဆက်လုပ်ဆောင်ရေးဌာနအဖြစ် ဆောင်ရွက်ပေးပါသည်။

မြောက်အလယ်ပိုင်းဒေသ

Action Health Partners (အင်္ဂလိပ်ဘာသာဖြင့်သာ) သည် Chelan၊ Douglas၊ Grant နှင့် Okanogan ခရိုင်များအတွက် Care Connect Washington စုပေါင်းချိတ်ဆက်လုပ်ဆောင်ရေးဌာနအဖြစ် ဆောင်ရွက်ပါသည်။

မြောက်ပိုင်းဒေသ

North Sound Accountable Community of Health (အင်္ဂလိပ်ဘာသာဖြင့်သာ) သည် Island၊ San Juan၊ Skagit၊ Snohomish နှင့် Whatcom ခရိုင်များအတွက် Care Connect Washington စုပေါင်းချိတ်ဆက်လုပ်ဆောင်ရေးဌာနအဖြစ် ဆောင်ရွက်ပေးပါသည်။

အနောက်မြောက်ဒေသ

WithinReach (အင်္ဂလိပ်ဘာသာဖြင့်သာ) Clallam၊ Jefferson နှင့် Kitsap ခရိုင်များအတွက် စောင့်ရှောက်မှုပေါင်းစပ်ညှိုနှိုင်းရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသည်။

Pierce ခရိုင်

Elevate Health (အင်္ဂလိပ်ဘာသာဖြင့်သာ) သည် Pierce ခရိုင်အတွက် Care Connect Washington စုပေါင်းချိတ်ဆက်လုပ်ဆောင်ရေးဌာန အဖြစ် ဆောင်ရွက်ပေးပါသည်။

တောင်အလယ်ပိုင်းဒေသ

Greater Health Now (အင်္ဂလိပ်ဘာသာဖြင့်သာ) သည် Kittitas၊ Walla Walla၊ Whitman၊ Columbia၊ Garfield၊ Asotin၊ Yakima၊ Benton နှင့် Franklin ခရိုင်များအတွက် စုပေါင်းချိတ်ဆက်လုပ်ဆောင်ရေးဌာနအဖြစ် ဆောင်ရွက်ပေးပါသည်။

အနောက်တောင်ပိုင်းဒေသ

Southwest Washington Accountable Community of Health (SWACH) (အင်္ဂလိပ်ဘာသာဖြင့်သာ)သည် Clark၊ Klickitat နှင့် Skamania ခရိုင်များအတွက် Care Connect Washington စုပေါင်းချိတ်ဆက်လုပ်ဆောင်ရေးဌာနအဖြစ် ဆောင်ရွက်ပေးပါသည်။

အနောက်ပိုင်းဒေသ

Cascade Pacific Action Alliance ၏ Community CarePort (အင်္ဂလိပ်ဘာသာဖြင့်သာ)သည် Cowlitz၊ Wahkiakum၊ Pacific၊ Grays Harbor၊ Mason၊ Thurston နှင့် Lewis ခရိုင်များအတွက် Care Connect Washington ဘုံအဖွဲအစည်းအဖြစ် ဆောင်ရွက်ပေးပါသည်။

အမေးများသောမေးခွန်းများ

Care Connect Washington ဝန်ဆောင်မှုများကို ကျွန်ုပ်အတွက် ရနိုင်ပါသလား။

သင်သည် COVID-19 ကြောင့် ထိခိုက်ခံခဲ့ရသူဖြစ်လျှင် ဝန်ဆောင်မှုများအတွက် အကျုံးဝင်ပါသည်။ ၎င်းတွင် COVID-19 ကြောင့် လက်ရှိတွင် နာမကျန်းဖြစ်နေသူများ သို့မဟုတ် ယခင်က COVID-19 ဖြစ်ဖူးသူများ ပါဝင်သည်။

1-833-453-0336 ကို ခေါ်ဆိုလိုက်ပါ။ ဘာသာစကား အကူအညီများလည်း ရရှိနိုင်ပါသည်။ 

ဒေသတွင်း စောင့်ရှောက်မှု ညှိနှိုင်းရေးမှူးသည် သင့်လိုအပ်ချက်များကို နားလည်သဘောပေါက်ရန်အတွက် သင့်ကိုဆက်သွယ်ပြီး အရင်းအမြစ်များနှင့် ဝန်ဆောင်မှုများကို သင့်အတွက် ချိတ်ဆက်ပေးနိုင်ရန် ကူညီပေးမည်ဖြစ်သည်။

မည်ကဲ့သို့သော အကူအညီမျိုးကို ကျွန်ုပ် မျှော်လင့်နိုင်မည်နည်း။

သင့်ဒေသတွင်း စောင့်ရှောက်မှု ညှိနှိုင်းရေးမှူးသည် သင့်အကြောင်းကို သိရှိရန်နှင့် သင့်လိုအပ်ချက်များကို နားလည်သ‌ဘောပေါက်နိုင်ရန်အတွက် အချိန်ပေးမည်ဖြစ်ပါသည်။ ထို့နောက် ၎င်းတို့က ကျန်းမာရေးစောင့်ရှောက်မှု၊ ထောက်ပံ့ခံအိုးအိမ်နေရာ သို့မဟုတ် ကလေးသူငယ်စောင့်ရှောက်မှု၊ အလုပ်လက်မဲ့ဖြစ်သူအတွက် အကျိုးခံစားခွင့်များ၊ အစားအစာကူညီထောက်ပံ့မှုနှင့် အခြား အကူအညီများ အပါအဝင် သင့်အား ထောက်ပံ့ရန် ရရှိနိုင်သည့် ဒေသတွင်း အရင်းအမြစ်များကို ရှာဖွေဖော်ထုတ်ပေးမည်ဖြစ်ပါသည်။ ဝန်ဆောင်မှုများသည် ဒေသအလိုက် ကွဲပြားနိုင်ပါသည်။ Care Connect Washington သည် သင်နှစ်သက်ရာဘာသာစကားဖြင့် သင်လိုအပ်သော အချက်အလက်များကို ပံ့ပိုးမည်ဖြစ်ပါသည်။ Care Connect ဝန်ဆောင်မှုများကို အခမဲ့ ရရှိနိုင်ပါသည်။ 

အကူအညီမရရှိမီ အချိန်မည်မျှ ကြာကြာစောင့်ဆိုင်းရမည်နည်း။

သင်၏ ဒေသဆိုင်ရာ စောင့်ရှောက်မှု ညှိနှိုင်းရေးမှူးသည် လွှဲပြောင်းပေးပို့မှုကို လက်ခံရရှိပြီး တစ်ရက်အတွင်း အကူအညီများ ပေးအပ်နိုင်ရန် အစွမ်းကုန် ကြိုးစားပါမည်။

ကျွန်ုပ်၏ အချက်အလက်များကို မည်သို့ကာကွယ်မည်နည်း။

သင်၏ စောင့်ရှောက်မှု ညှိနှိုင်းရေးမှူးသည် ခေါ်ဆိုမှုစင်တာထံမှ ၎င်းတို့ရရှိသည့် အချက်အလက်ကို အတည်ပြုမည်ဖြစ်ပြီး သင့်လိုအပ်ချက်များအကြောင်းကို မေးမြန်းမည်ဖြစ်သည်။ သင်၏ စောင့်ရှောက်မှု ညှိနှိုင်းရေးမှူးနှင့် သင်မျှဝေသည့် အချက်အလက်မှန်သမျှကို လျှို့ဝှက်ထားမည်ဖြစ်သည်။ စောင့်ရှောက်မှုပေါင်းစပ်ညှိနှိုင်းရေး ဝန်ဆောင်မှုများနှင့် Department of Health (ကျန်းမာရေးဝန်ကြီးဌာန) မှ ဝန်ထမ်းများသည် သင်လိုအပ်နိုင်သည့် မရှိမဖြစ် ဝန်ဆောင်မှုများကို ရှာဖွေဖော်ထုတ်ရန်အတွက် အချက်အလက်များကို အသုံးပြုပါမည်။ ၎င်းတို့သည် ကိုယ်ရေးကိုယ်တာ သို့မဟုတ် ပုဂ္ဂလိက ကျန်းမာရေး အချက်အလက်များကို မျှဝေမည်မဟုတ်ပါ။