Burmese

အမေးများသောမေးခွန်းများ

ဘာကြောင့် စမ်းသပ်စစ်ဆေးမှုပြုလုပ်ရသလဲ။

စမ်းသပ်စစ်ဆေးမှုပြုလုပ်ခြင်းဖြင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါသည်။ စမ်းသပ်စစ်ဆေးမှုပြုလုပ်ခြင်းသည် လူများကို ဗိုင်းရပ်စ်ပြန့်ပွားခြင်းမှ ရပ်တန့်စေရန်အတွက် အချိန်မှီ နေရာခွဲနေထိုင်ခြင်း(quarantine) လုပ်ခြင်းကဲ့သို့ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်စေပါသည်။ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူများသည် ဗိုင်းရပ်စ်ကို ပြန့်ပွားစေနိုင်ပါသေးသည်။ စမ်းသပ်စစ်ဆေးမှုပြုလုပ်ခြင်းသည် ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူများမှ ရောဂါဖြစ်ပွားမှုကို သိရှိနိုင်ပြီး တုံ့ပြန်မှုပေးရာတွင်လည်း ကူညီပေးနိုင်ပြီး ဗိုင်းရပ်စ်အမျိုးအစားအသစ်များကို ခြေရာခံရန်အတွက်လည်း ကူညီပေးပါသည်။ စမ်းသပ်စစ်ဆေးမှုပြုလုပ်ခြင်းသည် ပုံမှန်လုပ်ငန်းဆောင်တာများ ပြန်လည်စတင်ရန် ကူညီပေးရာတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။

University of Washington နှင့် Department of Health (DOH, ကျန်းမာရေးဌာန) မှ သုတေသီများသည် ကိုဗစ်-19 အတွက် စမ်းသပ်ခြင်းနှင့် WA Notify (ဝါရှင်တန် ရောဂါထိတွေ့မှုသတိပေးချက်အက်ပ်) မှတဆင့် ခြေရာခံခြင်းတို့ဖြင့် 2020 ဒီဇင်ဘာမှ 2021 ခုနှစ် မတ်လအထိ ရောဂါဖြစ်ပွားမှု 6,000 ခန့်ကို ကာကွယ်တားဆီးနိုင်ခဲ့ကြောင်းကို တွေ့ရှိခဲ့ရပါသည်။

ဘယ်အချိန်မှာ စမ်းသပ်စစ်ဆေးသင့်သနည်း။

သင့်တွင် ကိုဗစ်-19 ၏ လက္ခဏာများ ရှိပါက သို့မဟုတ် ကိုဗစ်-19 ရောဂါရှိနေသူ တစ်ဦးနှင့် အနီးကပ် ထိတွေ့မှု ရှိခဲ့ပါက စမ်းသပ်စစ်ဆေးပါ။ ရောဂါလက္ခဏာများရှိနေပါက သို့မဟုတ် သံသယရှိသူနှင့် ထိတွေ့ပြီးနောက် 3-5 ရက်အကြာတွင် ရောဂါလက္ခဏာများ မခံစားရသော်လည်း ချက်ချင်း စမ်းသပ်စစ်ဆေးသင့်သည်။

ဘယ်မှာ စမ်းသပ်စစ်ဆေးရမည်နည်း။

ဝါရှင်တန်ပြည်နယ် Department of Health ဝက်ဘ်ဆိုက်သည် ခရိုင်တစ်ခုစီတွင် ရရှိနိုင်သော စမ်းသပ်မှုရနိုင်သော ဆိုက်ဒ်နေရာများလမ်းညွှန် (အင်္ဂလိပ်ဘာသာဖြင့်) ကို အလုပ်ချိန်နှင့် လိုအပ်ချက်များနှင့်အတူ ဖော်ပြပေးထားပါသည်။ စမ်းသပ်မှုရနိုင်သော ဆိုက်ဒ်နေရာများနှင့်ပတ်သတ်ပြီး ထိပ်တိုးအချက်အလက်များအတွက် 2-1-1 ကိုခေါ်ဆိုပါ။ အိမ်တွင် အဆင်ပြေစွာ စမ်းသပ်စစ်ဆေးရန် ဆေးဆိုင်များတွင် စမ်းသပ်ကိရိယာအစုံအလင်ကို အော်ဒါမှာထားနိုင်သည်။

ကျွန်ုပ်အနီးအနားရှိ စမ်းသပ်စစ်ဆေးနိုင်မည့်နေရာတစ်ခုကို ရှာပါ (အင်္ဂလိပ်လို)

စမ်းသပ်မှုအမျိုးအစားများ

လက်ရှိရရှိနိုင်သော စမ်းသပ်မှုပုံစံများတွင် လျင်မြန်သော အန်တီဂျင်စမ်းသပ်မှုများ၊ မော်လီကျူးစစ်ဆေးမှုများ (ဓာတ်ခွဲခန်းအခြေခံပုံစံ နှင့် စောင့်ရှောက်မှပေးနေရာများတွင်) နှင့် အိမ်တွင်း ကိုယ်တိုင်စမ်းသပ်မှုအချို့ ပါဝင်ပါသည်။ မည်သည့်စမ်းသပ်မှုမဆို ထောက်ပံ့ပေးထားမှုသည် ဝယ်လိုအားနှင့် ထုတ်လုပ်သူစွမ်းရည်ပေါ်မူတည်၍ ကွဲပြားသည်။

ကုန်ကျစရိတ်

ကောင်တီ သို့မဟုတ် ပြည်နယ်မှ ပံ့ပိုးထားသော စမ်းသပ်ဆိုဒ်နေရာများတွင် ပြုလုပ်သည့် စမ်းသပ်စစ်ဆေးမှုအတွက် အပိုကုန်ကျစရိတ်များ မရှိပါ။ အထူးသဖြင့် ရောဂါလက္ခဏာ ခံစားရသူများအတွက် စမ်းသပ်မှု အများအပြားကို အာမခံ မှပေးဆောင်ရန် သို့မဟုတ် Department of Health မှထောက်ပံ့ကြေး ပေးနိုင်သည်။ ဝန်ဆောင်မှုအတွက် အခကြေးငွေကောက်ခံသည့် စမ်းသပ်မှုရနိုင်သော ဆိုက်ဒ်နေရာများကို လမ်းညွှန်တွင် ဖော်ပြထားပါသည်။ ခရီးသွားစစ်ဆေးမှုအများစုမှာ အာမခံ သို့မဟုတ် ပြည်နယ် မှပံ့ပိုးပေးထားသော အစီအစဉ်များတွင် အကျုံးမဝင်ပါ။

စမ်းသပ်စစ်ဆေးမှု ဘယ်လိုပြုလုပ်လဲ။

စမ်းသပ်မှုအများစုကို နှာခေါင်းစတို့ဖတ်ယူခြင်းဖြင့် ပြုလုပ်သည်။ တံတွေးစုဆောင်းခြင်းဖြင့် စမ်းသပ်မှုအချို့ ပြုလုပ်နိုင်သည်။ အသေးစိတ်အချက်အလက်များကို စမ်းသပ်ခြင်းဆိုင်ရာ အမေးများသော မေးခွန်းများ စာမျက်နှာ တွင် တွေ့ရှိနိုင်ပါသည်။

နောက်ဆက်တွဲ

ရောဂါလက္ခဏာများရှိပါက တတ်နိုင်သမျှ အိမ်တွင်နေပါ။ အကယ်၍ သင်တွင် ရောဂါပိုးတွေ့ရှိပါက သီးသန့်ခွဲထားရန် (quarantine) ကို (DOH/Centers for Disease Control (CDC, ရောဂါထိန်းချုပ်ရေးစင်တာများ) လမ်းညွှန်ချက်များအရ) နှင့် Care Connect မှတဆင့် အကူအညီရယူပါ။