COVID-19 ဖြစ်နေသည်ကို စမ်းသပ်စစ်ဆေးတွေ့ရှိမှု

အကယ်၍ သင်သည် COVID-19 ဖြစ်နေသည် စမ်းသပ်တွေ့ရှိရပါက သင်ကိုယ်တိုင်နှင့် အခြားသူများကို ဘေးကင်းစေရန်အတွက် သင်လုပ်ဆောင်နိုင်သော အဆင့်များရှိကြောင်း သတင်းလွှာပါးအပ်ပါသည်။

သင်သည် COVID-19 ဖြစ်နေသည် စမ်းသပ်တွေ့ရှိရပါက လုပ်ရမည်များမှာ

အိမ်တွင်သာနေပြီး အခြားသူများနှင့် ခပ်ဝေးဝေးနေပါ။ Centers for Disease Control and Prevention (CDC, ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများ)မှ နှင့် Washington State Department of Health (DOH, ဝါရှင်တန်ပြည်နယ်ကျန်းမာရေးဌာန) တို့မှ နောက်ဆုံးပေါ် တစ်ကိုယ်တည်းခွဲနေရေးလမ်းညွှန်ချက (အင်္ဂလိပ်ဘာသာဖြင့်သာ) အတိုင်းလိုက်နာပါ။ သင် သီးခြားခွဲနေချိန်တွင် ပံ့ပိုးကူညီမှု လိုအပ်ပါက၊ Care Connect Washington ထံမှ အကူအညီ ရယူနိုင်ပါသည်။

  • သင့်အိမ်ရှိ အခြားသူများနှင့် သင့်ကိုယ်သင် ခွဲထားပြီးနေပါ။ ဖြစ်နိုင်ရင် သင်နှင့်အတူနေထိုင်သောသူများနှင့် ဝေးသော တခြားအခန်းမှာနေပြီး သီးသန့်ရေချိုးခန်းကို သုံးပါ။

သင့်ရောဂါလက္ခဏာများကို စောင့်ကြည့်ပါ။ သင့်တွင် ရောဂါလက္ခဏာများ ပိုဆိုးလာပါက သို့မဟုတ် သင်စိုးရိမ်နေသည့် လက္ခဏာအသစ်များရှိလာပါက သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ ဆက်သွယ်ပါ။ အောက်ပါ COVID-19 အရေးပေါ် ရောဂါလက္ခဏာများကို သတိပြုမိပါက 911 သို့ ဖုန်းခေါ်ဆိုပါ-

  • အသက်ရှုကျပ်ခြင်း
  • အဆက်မပြတ် ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ဖိထားသလို ခံစားရခြင်း
  • ရုတ်တရက်စိတ်ရှုပ်ခြင်း
  • တုံ့ပြန်နိုင်စွမ်းမရှိခြင်း
  • အသားရောင်ပေါ်မူတည်ပြီး အရောင်ဖျော့, မီးခို သို့မဟုတ် အပြာရောင်သန်း အသားအရည်၊ နှုတ်ခမ်း သို့မဟုတ် လက်သည်းပန်းကုံးနေရာများ

အိမ်မှာပင် အခြားသူများနှင့် အနီးနားရှိရန် လိုအပ်ပါက သင့်နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ်ထားရန် နှာခေါင်းစည်း တပ်ပါ။ သင့်အိမ်ရှိ အခြားလူများသည်လည်း နှာခေါင်းစည်းများ ဝတ်ဆင်သင့်ပါသည်။

ရောဂါပျံ့နှံ့မှုကို ရပ်တန့်နိုင်ရန် အခြားသူများကို သတိပေးအကြောင်းကြားပါ။ သင်နှင့် အနီးကပ် ထိတွေ့မှုဖူးသူများ (အင်္ဂလိပ်ဘာသာဖြင့်) သို့ ဆက်သွယ်ပြီး ၎င်းတို့သည် COVID-19 ဖြစ်သူနှင့် ထိတွေ့ခံထားရကြောင်း အသိပေးပါ။ ရောဂါပိုးရှိသူသည် ရောဂါလက္ခဏာမပြမီတွင်ပင် COVID-19 ကိုဖြန့်ပြီး ကူးစက်စေနိုင်သည်။ သင်နှင့် အနီးကပ် ထိတွေ့မှုဖူးသူများ ကို အကြောင်းကြားသောအခါ အခြားသူများကို ဗိုင်းရပ်စ်မပြန့်ပွားစေရန် ၎င်းတို့သည် လိုအပ်ပါက စမ်းသပ်ပြီး တစ်ကိုယ်တည်းခွဲနေခြင်း သို့မဟုတ် သီးခြားခွဲနေခြင်းတို့ကို ပြုလုပ်နိုင်သည်။

  • အကယ်၍ သင်သည် အိမ်တွင် စမ်းသပ်စစ်ဆေးပြီး ရောဂါရှိသည့် ရလဒ်ကိုရပါက Washington ၏ COVID-19 ဟော့လိုင်းနံပါတ် 1–800–525–0127 သို့ သတင်းပို့ပါ။ ၎င်းသည် ထိတွေ့မှုအဆက်အသွယ်ခြေရာခံရန်ကြိုးပမ်းမှုများ (အင်္ဂလိပ်ဘာသာဖြင့်) ကိုပံ့ပိုးပေးပြီး ကျွန်ုပ်တို့၏လူမှုအသိုင်းအဝိုင်းအတွင်း ရောဂါထပ်မံမပြန့်ပွားစေရန် ကာကွယ်ပေးပါသည်။ ဖုန်းလိုင်းကို တနင်္လာနေ့ နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ၊ အင်္ဂါနေ့မှ တနင်္ဂနွေ (ရုံးပိတ်ရက်များ) နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ခေါ်ဆိုနိုင်သည်။ ဘာသာစကားအကူအညီရနိုင်သည်။
  • သင်သည် အိမ်တွင် စမ်းသပ်စစ်ဆေးခဲ့ပါက၊ WA Notify (ဝါရှင်တန်ပြည်နယ်တွင်သတိပေးပါ) မှတဆင့် အတည်ပြုကုဒ်ကို ရယူပါ ၎င်းမှာ သင့်အား နာမည်ဝှက်ဖြင ဖော်ပြပြီး အခြား ထိတွေ့မှုရှိခဲ့သော WA Notify အသုံးပြုသူများကိုဖော်ထုတ်သတိပေးနိုင်မည်ဖြစ်သည်။

သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ ဆက်သွယ်ပါ — သင့်တွင်ရှိပါက — သို့မဟုတ် ဆေးဘက်ဆိုင်ရာအကြံပေးခြင်းအတွက် ဒေသန္တရကျန်းမာရေးဆေးခန်း။ ၎င်းတို့မှ သင်ပြန်လည်ကောင်းမွန်လာချိန်တွင် သက်တောင့်သက်သာနေနိုင်စေရန်အတွက် အကြံပြုချက်အချို့ကို သင့်အား ပေးနိုင်ပါသည်။ စောင့်ကြည့်ရန်လိုအပ်သော ပြင်းထန်သည့် ဖျားနာမှုလက္ခဏာများ အကြောင်းကိုလည်း ၎င်းတို့က သင့်အား ပြောပြလိမ့်မည်၊ ထို့ကြောင့် လိုအပ်ပါက နောက်ထပ် စောင့်ရှောက်မှုကို ရယူနိုင်ပါသည်။

လေဝင်လေထွက် ကောင်းအောင်ထားပါ သင် တတ်နိုင်သမျှ လုပ်ပါ။ ဖြစ်နိုင်လျှင် ပြတင်းပေါက်ဖွင့်ပါ၊ သင့်အပူချိန်ထိန်းကိရိယာကို အမြင့်တွင် ထားပြီး ပန်ကာဖွင့်ပါ၊ သင်၏ HVAC စစ်ထုတ်သည့် ဇကာကို လဲပါ၊ သို့မဟုတ် HEPA လေသန့်စင်စက်ကို အသုံးပြုပါ။

သင်သည် COVID-19 မှ ပြန်လည်ကောင်းမွန်လာကာ တစ်ကိုယ်တည်းခွဲနေခြင်းကို အဆုံးသတ်နိုင်သော်လည်း သင်ကိုယ်တိုင်နှင့် အခြားသူများကို ဆက်လက်ကာကွယ်ရန် အရေးကြီးပါသည်။ သင COVID-19 ကာကွယ်ဆေး နှင့် အားဖြည့်ကာကွယ်ဆေး(booster) ထိုးခြင်း၊ လူအများရှေ့တွင် နှာခေါင်းစည်း ဝတ်ခြင်း၊ လူစုလူဝေးကို ရှောင်ကြဉ်ခြင်း၊ လက်ဆေးခြင်းနှင့် သင့်စမတ်ဖုန်းပေါ်တွင WA Notify ဖွင့်ခြင်းဖြင့်လုပ်ဆောင်နိုင်ပါသည်။